အတော်အားရဖို့ ကောင်းတဲ့မဂ်လာသတင်း!
“UK နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ”
အတော်အားရဖို့ ကောင်းတယ် ! UK နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ London မြိ့ုမှာ တွေ့ဆုံဆွေးနွေးခဲ့လို့သိရ
တကယ် အားရဖို့ကောင်းUK လို နိုင်ငံကြီးတခုကနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လက်ခံတွေ့တယ်ဆိုတာကြီးမားတဲ့ အောင်မြင်မှုပါ
ပုံတွေ ကြည့်မယ်ဆိုရင်လည်းဗြိတိန်အလံနဲ့ မြန်မာအလံကိုနောက်ခံထားတာတွေ့ရတယ်
ဒါလည်း လေးနက်တဲ့ပြယုဂ်ပါပဲUK ဟာ ဒီနောက်ပိုင်းမှာမြန်မာအရေးနဲ့ပတ်သက်ပြီးလှုပ်ရှားမှု အရေးယူမှုတွေပိုပြီးလုပ်ဆောင်လာတယ်
၂၀၂၂ ဒီဇင်ဘာမှာ UNSCမြန်မာအရေး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဦးဆောင်ခဲ့သေးတယ်
စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းတဲ့သူတွေ ပိတ်ဆို့အရေးယူနေတာတွေ ရှိတယ်
ဒါပြင် ဒေါ်ဇင်မာအောင်ဟာUK Labour Party မှ လွှတ်တော်အမတ် Rushanara Ali နဲ့၂ နာရီကြာ တွေ့ဆုံခဲ့သေး
US ကနေ မြန်မာအရေးမှာလက်တွေ့အားစိုက်လာရင်ကျန်မဟာမိတ်နိုင်ငံတွေကမြန်မာအရေးမှာ ပိုပြီးတော့ပါဝင်လာမှာ ေ-သ-ချတယ်
ဒီလို US UK တို့တွေကပိုအားစိုက်လာမယ်ဆိုရင်NUG အစိုးရ သံတမန်ရေးအောင်မြင်မှု ပိုရလာမယ်
စစ်ကောင်စီ ပိုပိတ်ဆို့နိုင်မယ်မြန်မာပြည်ထဲ လိုအပ်နေတဲ့လူသားချင်းစာနာမှုအကူအညီအပြင်တော်လှန်ရေးထဲ လိုအပ်တဲ့အကူအညီတွေ ပိုပြီးတော့ရလာတော့မှာ ေ-သချာတယ်
အားရဖို့ ကောင်းတဲ့ တွေ့ဆုံမှုပဲ
@@Yebaw Che
ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ ညနေ (၃:၃၀)က လန်ဒန်မြို့ UK နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တရားဝင် တွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်ဇင်မာအောင်ဟာ NUGနိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဥရောပနိုင်ငံတစ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတစ်ယောက်ကို ပထမဆုံးတရားဝင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပြီးတော့ ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာလည်း အမေရိကန် နိုင်ငံကို သွားရောက်ပြီး မြန်မာကွန်မျူနတီနဲ့တွေ့ဆုံပွဲတွေ လုပ်ဖို့ရှိပါတယ်။
မနေ့က တစ်နေ့တည်းမှာပဲ ဒေါ်ဇင်မာအောင်ဟာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ All Party Parliamentary Group on Burma အဖွဲ့ရဲ့ ဥက္ကဋ္ဌ ယူကေ အတိုက် အခံ လေဘာပါတီအမတ် Rushanara Ali နဲ့ လည်းတွေ့ဆုံခဲ့ပါသေးတယ်။