ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်နှင့် ပျူတပ်စွဲရာနေရာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသော နေရာတစ်ခုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ် ၃၀ ရက်) ညနေ ၃နာရီခန့်က ရွှေဘိုမြို့နယ်၊ဇီးဖြူကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါး ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) အဖွဲ့က အသိပေးသည်။
သေဆုံးသည့် စစ်ကောင်စီတပ်သား နှစ်ဦးအား ညနေပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရငါးဦးအား အိမ်တစ် အိမ်သို့ခေါ်ဆောင်ထားသည်ဟု သိရကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား မဟာမိတ်အဖွဲ့များဖြစ်သော ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)၊C&T Shwebo LDF၊ Royal Tiger Guerrilla Force၊ Fighter One၊ နွေဦးလင်းယုန်၊ မတစ်ထောင် (တစ်ကောင်ဖွား)-ဒီပဲယင်း၊ Snake Eyes Shwebo LDF၊ စွန်ရဲ ရွှေဘို LDF၊ဒေါင်းမာန် LDF၊ Alpha 7 LPDF၊ ဇေယျာသွေး ကျားရိုင်း၊ဇာမဏီ ဒေါင်း၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDF Shwebo၊ Shwebo Federal Army၊ Flying Dragon Force (F.D.F) နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂)၊ တပ်ပေါင်းစု(၂)တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) တာဝန်ရှိသူက “ဗုံးသီးလေးလုံး လေးကြိမ်ချခဲ့ပြီး တစ်လုံးက သစ်ပင်နဲ့ချိတ်သွားပြီး သုံးလုံးက အောင်မြင်စွာကျကွဲခဲ့ပါတယ်”ဟု ပြောသည်။သို့သော် ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများတပ်စွဲရာ ဇီးဖြူကုန်းကျေးရွာကို ရွှေဘိုဒေသတွင်း PDFများက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
ရုပ်သံကြည့်ရန်👇👇👇
ရုပ်သံ – ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)
Zawgyi(version)
ေ႐ႊဘိုနယ္တြင္ စစ္ေကာင္စီတပ္ႏွင့္ ပ်ဴတပ္စြဲရာေနရာကို ဒ႐ုန္းျဖင့္ ဗုံးခ်တိဳက္ခိုက္
ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္ရွိ ဇီးျဖဴကုန္းေက်း႐ြာရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ပ်ဴေစာထီးမ်ားတပ္စြဲထားေသာ ေနရာတစ္ခုအား ဒ႐ုန္းျဖင့္ဗုံးခ်တိဳက္ခိုက္ရာ ထိခိုက္ေသဆုံးမႈရွိေၾကာင္း ဗိုလ္က်ားရိုင္း-ေ႐ႊဘို(LPDF)အဖြဲ႕က သတင္းထုတ္ျပန္သည္။
ယမန္ေန႕ (ၾသဂုတ္ ၃၀ ရက္) ညေန ၃နာရီခန့္က ေ႐ႊဘိုၿမိဳ႕နယ္၊ဇီးျဖဴကုန္းေက်း႐ြာတြင္ အထိုင္ခ်တပ္စြဲထားေသာ စစ္ေကာင္စီတပ္ႏွင့္ပ်ဴမ်ားအား ဒ႐ုန္းျဖင့္ ဗုံးခ်တိဳက္ခိုက္ခဲ့ရာ ႏွစ္ဦးေသဆုံးၿပီး ငါး ဦး ျပင္းထန္ဒဏ္ရာရရွိသြားေၾကာင္း ဗိုလ္က်ားရိုင္း-ေ႐ႊဘို(LPDF) အဖြဲ႕က အသိေပးသည္။
ေသဆုံးသည့္ စစ္ေကာင္စီတပ္သား ႏွစ္ဦးအား ညေနပိုင္းတြင္ သျဂၤိုလ္ခဲ့ၿပီး ဒဏ္ရာရငါးဦးအား အိမ္တစ္ အိမ္သို႔ေခၚေဆာင္ထားသည္ဟု သိရေၾကာင္း ဗိုလ္က်ားရိုင္းအဖြဲ႕က ဆိုသည္။
အဆိုပါတိုက္ခိုက္မႈအား မဟာမိတ္အဖြဲ႕မ်ားျဖစ္ေသာ ဗိုလ္က်ားရိုင္း-ေ႐ႊဘို(LPDF)၊C&T Shwebo LDF၊ Royal Tiger Guerrilla Force၊ Fighter One၊ ႏြေဦးလင္းယုန္၊ မတစ္ေထာင္ (တစ္ေကာင္ဖြား)-ဒီပဲယင္း၊ Snake Eyes Shwebo LDF၊ စြန္ရဲ ေ႐ႊဘို LDF၊ေဒါင္းမာန္ LDF၊ Alpha 7 LPDF၊ ေဇယ်ာေသြး က်ားရိုင္း၊ဇာမဏီ ေဒါင္း၊ ငါးမည္ရျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕၊ MDF Shwebo၊ Shwebo Federal Army၊ Flying Dragon Force (F.D.F) ႏွင့္ ေ႐ႊဘိုၿမိဳ႕နယ္ တိုက္နယ္(၂)၊ တပ္ေပါင္းစု(၂)တို႔က သြားေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
ျပည္သူ႕ရဲေဘာ္မ်ား အထိအခိုက္မရွိဟု ဗိုလ္က်ားရိုင္း-ေ႐ႊဘို(LPDF)အဖြဲ႕က ေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗိုလ္က်ားရိုင္း-ေ႐ႊဘို (LPDF) တာဝန္ရွိသူက “ဗုံးသီးေလးလုံး ေလးႀကိမ္ခ်ခဲ့ၿပီး တစ္လုံးက သစ္ပင္နဲ႕ခ်ိတ္သြားၿပီး သုံးလုံးက ေအာင္ျမင္စြာက်ကြဲခဲ့ပါတယ္”ဟု ေျပာသည္။သို႔ေသာ္ ထိခိုက္ေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ People’s Springက ထပ္မံအတည္ျပဳနိုင္ျခင္းမရွိေသးေပ။
အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ပ်ဴမ်ားတပ္စြဲရာ ဇီးျဖဴကုန္းေက်း႐ြာကို ေ႐ႊဘိုေဒသတြင္း PDFမ်ားက မၾကာခဏ တိုက္ခိုက္ေလ့ရွိသည္။
႐ုပ္သံ – ဗိုလ္က်ားရိုင္း-ေ႐ႊဘို(LPDF)