ပုလဲ တိုက်ပွဲမှာ MRDA ရဲဘော် ခြောက်ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတချို့ ဆုံးရှုံး…

ပုလဲ တိုက်ပွဲမှာ MRDA ရဲဘော် ခြောက်ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတချို့ ဆုံးရှုံး၊

MFP ၊ ဖေဖေါ်ဝါရီ – ၆

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ဇန်နဝါရီ(၃၁)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြန်မာ့တော်ဝင် နဂါးတပ်တော် – M.R.D.A တပ်ဖွဲ့ဝင် ရဲဘော် ခြောက်ဦး ကျဆုံးကာ လက်နက်ခဲယမ်းတချိုပလည်း ဆုံးရှုံးခဲ့တယ်လို့ ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ(၃၁)ရက် မနက်(၈)နာရီကနေ နေ့လည်(၂)နာရီအထိ ပုလဲမြို့နယ်၊ ညောင်ပင်သာကျေးရွာ အရှေ့တောင်ဘက်မှာ စစ်အုပ်စုနဲ့ MRDA တပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ယင်း ပြင်းထန်စွာ ထိတွေ့မှုတွင် မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ပြည်သူ့ရဲဘော် (၆)ဦး အနာဂါတ် ဖက်ဒရယ်တိုင်းပြည် ပေါ်ပေါက်ရေးအတွက် မြင့်မြတ်စွာ အသက်စွန့် သွားခဲ့ပါသည်။ ယင်းထိတွေ့မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှု များပြားနိုင်သော်လည်း ရဲဘော်များ၏ ပြောပြချက်အရ အတည်ပြုနိုင်သည်မှာ သံပုရာသီးဖြင့် အနီးကပ် ပစ်ပေါက်မှုတွင် ခွေး(၂)ကောင်မြောက်တက်၊ ရဲဘော် ကျားရိုင်းလက်ချက်ဖြင့် (၁)ကောင်၊ ရင်း(၆)မှ ရဲဘော်လက်ချက်ဖြင့် (၁)ကောင် ၊ (79-MM)ဖြင့် အနည်းဆုံး (၁)ကောင် စုစုပေါင်း အနည်းဆုံး (၅)ကောင် ဘဝပြောင်းပြီး လက်တစ်ဖက်ပြတ် ဒဏ်ရာရသွားသော ခွေး(၁)ကောင် ရှိခဲ့သည်ဟု သိရှိရပါသည်။

နောက်နေ့ ဖေဖေါ်ဝါရီ(၁)ရက်တွင် အာဏာလု စစ်ကောင်စီတပ်များ မင်းတိုင်ပင်ရွာမှ အထွက်ကို မြန်မာ့တော်ဝင် နဂါးတပ်တော်မှာ လိုက်လံ ချဥ်းကပ်ခဲ့သော်လည်း စစ်ကောင်စီ စစ်ကြောင်းသည် ပုလဲမြို့သို့ အမြန် ဝင်သွားခဲ့ပါသည်။ ယင်းနေ့တွင် စစ်ကောင်စီအင်အားကို မလျှော့ချ လိုက်နိုင်သော်လည်း ပြည်သူ့ အိုးအိမ်များ မီးရှို့သည့်ဘေးမှ လွတ်ကင်းခဲ့ပါသည်။ မြန်မာ့တော်ဝင် နဂါးတပ်တော် အနေဖြင့် တိုင်းရင်းသား ညီအကို မောင်နှမများ၏ ထောက်ပံ့ယုံကြည်မှုဖြင့် ထိုက်တန်အောင် ကြိုးစားလျက်ရှိပါကြောင်း ပြည်သူများအား အသိပေး အပ်ပါသည်” လို့ MRDA က ဖော်ပြပါတယ်။

ဇန်နဝါရီ(၃၁)ရက် နေ့လယ်ပိုင်းက ပုလဲမြိုနယ်၊ ဆင်ရှင်ကျေးရွာ အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PDF အလောင်း ခုနှစ်လောင်း၊ (M-22) သေနတ်တစ်လက်၊ (K-25)သေနတ်တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ တရုတ်စက်လတ် တစ်လက်၊ ကျည်ဆံ၊ မိုင်းနှင့် MRDA ဘတ်တံဆိပ် နှစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုအပေါ် ဦးညွှတ်အလေးပြုပါကြောင်းနှင့် တော်လှန်ရေး ပြီးဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ MRDA ခေါင်းဆောင် ဗိုလ်နဂါးက ဆိုပါတယ်။

“သုံးရက်တာ ရန်သူ့စစ်ကြောင်းကို ပြည်သူတွေအတွက် ကာကွယ်ပေးနိုင်ခဲ့ပေမယ့် ကိုယ့်မျက်စိရှေ့မှာတင် ညီငယ်ရဲဘော် ခြောက်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့လိုက်ရတယ်။ နှစ်ဖက်ထိခိုက် ကျဆုံးမှု များပေမယ့် ကိုယ့်ရဲဘော်တွေ အတွက် ဘယ်လိုမှ မကျေနပ်နိုင်ခဲ့ဘူး။ တိုက်ပွဲတလျှောက် ကျေးရွာတွေအတွက် အပင်ပန်းခံ ကာကွယ်ပေးခဲ့ကြတဲ့ ညီငယ်တွေ၊ ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကို ပေးရဲခဲ့ကြတဲ့ MRDA က အားထားရတဲ့ ညီငယ်ရဲဘော်တွေရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေကို သဂြိုလ်ဖို့ စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲ ကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ် နေတဲ့ ခံစားမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတယ်။ ညီလေးတို့နဲ့အတူ ရှေ့က စွန့်ဝံ့ခဲ့ကြတဲ့ ညီအကိုရဲ ဘော်အားလုံးကို ဦးညွှတ်အလေးပြုပါတယ်။ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကိုလည်း အားလုံးနဲ့အတူ မြေပြင်မှာ ရင်ဆိုင်ပြီး ပန်းတိုင်အထိ ကြိုးကြိုးစားစား ခရီးဆက်ရယူပေးဖို့ ကတိသစ္စာပြုပါတယ်” လို့ MRDA ခေါင်းဆောင် ဗိုလ်နဂါးက ဆိုပါတယ်။

ဇန်နဝါရီ(၃၁)ရက်ကနေ ဖေဖေါ်ဝါရီ(၂)ရက်အထိ ပုလဲနယ်ထဲ ဝင်မွှေတဲ့ စစ်အုပ်စုကို MRDA ၊ ပုလဲအခြေစိုက် NUG တပ်ရင်းတွေဖြစ်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၈)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၉)၊ M7တပ်ဖွဲ့၊ ပုလဲမြို့နယ် ပကဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၀) တို့ကလည်း တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်ကလည်း အသေအပျောက်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi(version)

ပုလဲ တိုက္ပြဲမွာ MRDA ရဲေဘာ္ ေျခာက္ဦး က်ဆဳံးၿပီး လက္နက္ခဲယမ္းတခ်ိဳ႕ ဆုံးရႈံး၊

MFP ၊ ေဖေဖၚဝါရီ – ၆

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာအနီး ဇန္နဝါရီ(၃၁)ရက္က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ – M.R.D.A တပ္ဖြဲ႕ဝင္ ရဲေဘာ္ ေျခာက္ဦး က်ဆဳံးကာ လက္နက္ခဲယမ္းတခ်ိဳပလည္း ဆုံးရႈံးခဲ့တယ္လို႔ ဗိုလ္နဂါး ဦးေဆာင္တဲ့ MRDA တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

ဇန္နဝါရီ(၃၁)ရက္ မနက္(၈)နာရီကေန ေန႕လည္(၂)နာရီအထိ ပုလဲၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာ အေရွ႕ေတာင္ဘက္မွာ စစ္အုပ္စုနဲ႕ MRDA တပ္ဖြဲ႕ေတြ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။

ယင္း ျပင္းထန္စြာ ထိေတြ႕မႈတြင္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္မွ ျပည္သူ႕ရဲေဘာ္ (၆)ဦး အနာဂါတ္ ဖက္ဒရယ္တိုင္းျပည္ ေပၚေပါက္ေရးအတြက္ ျမင့္ျမတ္စြာ အသက္စြန့္ သြားခဲ့ပါသည္။ ယင္းထိေတြ႕မႈတြင္ စစ္ေကာင္စီဘက္မွ ထိခိုက္မႈ မ်ားျပားနိုင္ေသာ္လည္း ရဲေဘာ္မ်ား၏ ေျပာျပခ်က္အရ အတည္ျပဳနိုင္သည္မွာ သံပုရာသီးျဖင့္ အနီးကပ္ ပစ္ေပါက္မႈတြင္ ေခြး(၂)ေကာင္ေျမာက္တက္၊ ရဲေဘာ္ က်ားရိုင္းလက္ခ်က္ျဖင့္ (၁)ေကာင္၊ ရင္း(၆)မွ ရဲေဘာ္လက္ခ်က္ျဖင့္ (၁)ေကာင္ ၊ (79-MM)ျဖင့္ အနည္းဆုံး (၁)ေကာင္ စုစုေပါင္း အနည္းဆုံး (၅)ေကာင္ ဘဝေျပာင္းၿပီး လက္တစ္ဖက္ျပတ္ ဒဏ္ရာရသြားေသာ ေခြး(၁)ေကာင္ ရွိခဲ့သည္ဟု သိရွိရပါသည္။

ေနာက္ေန႕ ေဖေဖၚဝါရီ(၁)ရက္တြင္ အာဏာလု စစ္ေကာင္စီတပ္မ်ား မင္းတိုင္ပင္႐ြာမွ အထြက္ကို ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္မွာ လိုက္လံ ခ်ဥ္းကပ္ခဲ့ေသာ္လည္း စစ္ေကာင္စီ စစ္ေၾကာင္းသည္ ပုလဲၿမိဳ႕သို႔ အျမန္ ဝင္သြားခဲ့ပါသည္။ ယင္းေန႕တြင္ စစ္ေကာင္စီအင္အားကို မေလွ်ာ့ခ် လိုက္နိုင္ေသာ္လည္း ျပည္သူ႕ အိုးအိမ္မ်ား မီးရွို႔သည့္ေဘးမွ လြတ္ကင္းခဲ့ပါသည္။ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ အေနျဖင့္ တိုင္းရင္းသား ညီအကို ေမာင္ႏွမမ်ား၏ ေထာက္ပံ့ယုံၾကည္မႈျဖင့္ ထိုက္တန္ေအာင္ ႀကိဳးစားလ်က္ရွိပါေၾကာင္း ျပည္သူမ်ားအား အသိေပး အပ္ပါသည္ လို႔ MRDA က ေဖာ္ျပပါတယ္။

ဇန္နဝါရီ(၃၁)ရက္ ေန႕လယ္ပိုင္းက ပုလဲၿမိဳနယ္၊ ဆင္ရွင္ေက်း႐ြာ အနီး ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမွာ PDF အေလာင္း ခုႏွစ္ေလာင္း၊ (M-22) ေသနတ္တစ္လက္၊ (K-25)ေသနတ္တစ္လက္၊ လက္လုပ္ေသနတ္ တစ္လက္၊ တ႐ုတ္စက္လတ္ တစ္လက္၊ က်ည္ဆံ၊ မိုင္းႏွင့္ MRDA ဘတ္တံဆိပ္ ႏွစ္ခု သိမ္းဆည္းရမိခဲ့တယ္လို႔ စစ္အုပ္စုဘက္က သတင္းျဖန႔္ပါတယ္။

က်ဆဳံးရဲေဘာ္ေတြရဲ႕ စြန႔္လႊတ္ေပးဆပ္မႈအေပၚ ဦးၫႊတ္အေလးျပဳပါေၾကာင္းႏွင့္ ေတာ္လွန္ေရး ၿပီးဆုံးသည္အထိ ဆက္လက္ တိုက္ပြဲဝင္မယ္လို႔ MRDA ေခါင္းေဆာင္ ဗိုလ္နဂါးက ဆိုပါတယ္။

သုံးရက္တာ ရန္သူ႕စစ္ေၾကာင္းကို ျပည္သူေတြအတြက္ ကာကြယ္ေပးနိုင္ခဲ့ေပမယ့္ ကိုယ့္မ်က္စိေရွ႕မွာတင္ ညီငယ္ရဲေဘာ္ ေျခာက္ဦး တိုင္းျပည္အတြက္ အသက္ေပးခဲ့လိုက္ရတယ္။ ႏွစ္ဖက္ထိခိုက္ က်ဆဳံးမႈ မ်ားေပမယ့္ ကိုယ့္ရဲေဘာ္ေတြ အတြက္ ဘယ္လိုမွ မေက်နပ္နိုင္ခဲ့ဘူး။ တိုက္ပြဲတေလွ်ာက္ ေက်း႐ြာေတြအတြက္ အပင္ပန္းခံ ကာကြယ္ေပးခဲ့ၾကတဲ့ ညီငယ္ေတြ၊ ျပည္သူ႕ဘဝ လြတ္ေျမာက္ေရးအတြက္ ရဲ႕ဝံ့စြန႔္စားၿပီး အသက္နဲ႕ဘဝကို ေပးရဲခဲ့ၾကတဲ့ MRDA က အားထားရတဲ့ ညီငယ္ရဲေဘာ္ေတြရဲ႕ အသက္မဲ့ခႏၶာကိုယ္ေတြကို သၿဂိဳလ္ဖို႔ စီစဥ္ေနခ်ိန္ တေလာကလုံးမွာ ကိုယ္တေယာက္ပဲ က်န္ေနေတာ့သလို တိတ္ဆိတ္ေျခာက္ကပ္ ေနတဲ့ ခံစားမႈကို ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ခဲ့ရတယ္။ ညီေလးတို႔နဲ႕အတူ ေရွ႕က စြန႔္ဝံ့ခဲ့ၾကတဲ့ ညီအကိုရဲ ေဘာ္အားလုံးကို ဦးၫႊတ္အေလးျပဳပါတယ္။ မၿပီးျပတ္ေသးတဲ့ ေတာ္လွန္ေရးကိုလည္း အားလုံးနဲ႕အတူ ေျမျပင္မွာ ရင္ဆိုင္ၿပီး ပန္းတိုင္အထိ ႀကိဳးႀကိဳးစားစား ခရီးဆက္ရယူေပးဖို႔ ကတိသစၥာျပဳပါတယ္ လို႔ MRDA ေခါင္းေဆာင္ ဗိုလ္နဂါးက ဆိုပါတယ္။

ဇန္နဝါရီ(၃၁)ရက္ကေန ေဖေဖၚဝါရီ(၂)ရက္အထိ ပုလဲနယ္ထဲ ဝင္ေမႊတဲ့ စစ္အုပ္စုကို MRDA ၊ ပုလဲအေျခစိုက္ NUG တပ္ရင္းေတြျဖစ္တဲ့ ယင္းမာပင္ခရိုင္တပ္ရင္း(၈)၊ ယင္းမာပင္ခရိုင္တပ္ရင္း(၂၀)၊ ယင္းမာပင္ခရိုင္တပ္ရင္း(၁၉)၊ M7တပ္ဖြဲ႕၊ ပုလဲၿမိဳ႕နယ္ ပကဖ၊ ယင္းမာပင္ခရိုင္တပ္ရင္း(၁၀) တို႔ကလည္း တိုက္ခိုက္ခဲ့ၿပီး စစ္အုပ္စုဘက္ကလည္း အေသအေပ်ာက္ေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။