ဗိုလ်အယ်စေးဝါးတို့စစ်ကြောင်းကို လာရောက်ပစ်ခတ်တဲ့အထဲ တပ်မ(၄၄)အပြင် KNU/KNLA (PC)အဖွဲ့တွေ ပါဝင်
ဖေဖော်ဝါရီ ၆၊The Nation Voice
ကော်သူးလေ တပ်မတော်(KTNA)ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေဝါးဦးဆောင်တဲ့စစ်ကြောင်းကို လာရောက်ပစ်ခတ်တဲ့အထဲ တပ်မ(၄၄)အပြင် KNU/KNLA (PC)အဖွဲ့တွေ ပါဝင်နေကြောင်းပြောဆိုနေတဲ့ ရုပ်သံဖိုင်ကို Lion Battalion Commando – ဗျူဟာစစ်ကြောင်းက မနေ့ညပိုင်းက ထုတ်ဖော်ပြသလာပါတယ်။
အဲ့ဒီရုပ်သံဖိုင်ထဲမှာတော့ ဗျုဟာမှူးဗိုလ်အယ်စေးဝါးက သူတို့ရဲ့စစ်ကြောင်းကို လာရောက်ပစ်ခတ်တဲ့အထဲ စစ်ကောင်စီရဲ့ တပ်မ(၄၄) အပြင် KNU/KNLA (PC)အဖွဲ့ပါ ပါဝင်နေတာကို ဘက်တံဆိပ်အင်္ကျီတွေနဲ့အတူ ပြသနေတာကို မြင်တွေ့ရပါတယ်။
“ခင်ဗျားတို့ ကရင်သစ္စာဖောက်တွေ သတိထား၊ သေဖို့သာပြင်ထား”လို့လည်း ဗျုဟာမှူးဗိုလ်အယ်စေးဝါးကပြောဆိုခဲ့ပါတယ်။
တပ်မ(၄၄)နဲ့ KNU/KNLA (PC)အဖွဲ့က လာရောက်ပစ်ခတ်တဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။အဲ့ဒီရုပ်သံဖိုင်ထဲမှာတော့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက တပ်သားတွေ ဒဏ်ရာရရှိတာကိုလည်း တွေ့ရသလို စစ်ကောင်စီတပ်သားတွေရဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိတာလည်း မြင်တွေ့ရပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC)အဖွဲ့ဟာ NCAရေးထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၇)ရက်ကနေ (၃၀)ရက်နေ့အထိပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
ရုပ်သံကြည့်ရန်👇👇👇
ခရက်ဒစ်ဗီဒီယို