ပြည်သူအားလုံးကို ဘဝနဲ့ရင်းပြီး ကာကွယ်သွားမယ်လို့ ရေးဘီလူး ကတိပြု

ပြည်သူအားလုံးကို ဘဝနဲ့ရင်းပြီး ကာကွယ်သွားမယ်လို့ ရေးဘီလူး ကတိပြု

ဖေဖော်ဝါရီ ၆

ပြည်သူအားလုံးကို ဘဝနဲ့ ရင်းပြီး ကာကွယ်သွားမယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က မနေ့က ကျရောက်တဲ့ ၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျွန်တော့် မွေးရက်၊ ရေးမြို့၊ ရန်ကြီးအောင် ရပ်ကွက်၊ မွန်ပြည်နယ်သားတစ်ယောက်ပါ၊ ကျွန်တော် မွန်ပြည်နယ်ကို ချစ်တယ်။ ကျွန်တော် မွန်ပြည်သူတွေကိုချစ်တယ်။

ယနေ့ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကိုလဲ ကျွန်တော် အသိအမှတ်ပြုတယ်။ မွန်ပြည်နယ်သားတယောက်ဖြစ်ရတာမို့လဲ အရမ်းဂုဏ်ယူမိတယ်။

ကျွန်တော်ချစ်ရတဲ့ ပြည်သူအားလုံးကိုလဲ ကျွန်တော်ဘဝနဲ့ ရင်းပီးကာကွယ်သွားမယ်လို့ ကတိသစ္စာပြုပါတယ်” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရေးသားထားပါတယ်။

လက်ရှိမှာ ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ် ကျုံလောင်းရွာကို ထိန်းချုပ်ထားပြီး အဲ့ဒီရွာမှာ စစ်ကောင်စီ လုပ်ငန်းဆောင်တာ အကုန်လုံး လည်ပတ်ခွင့် မရှိတော့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ရေးဘီလူးအဖွဲ့အနေနဲ့ ကရင်ပြည်နယ်အခြေစိုက် Lion စစ်ကြောင်းနဲ့ ပူးပေါင်းကာ စစ်ရေးများ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့လည်း ဇန်နဝါရီလမှာ အသိပေးထားပါတယ်။

ရေဘီလူးအဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ တပ်ရင်းစခန်းများ၊ ရဲစခန်းများ၊ ဒလန်းများကို အဓိကထားရှင်းလင်းနေပြီး စစ်ရေးအသာစီး ရယူထားနိုင်တဲ့ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရေးဘီလူးအဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ပြီးနောက် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က မောင်းပြန် သေနတ်အရှည် ခုနှစ်လက်၊ ပစ္စတို ၂လက်နဲ့ ခြောက်လုံးပြူး ၂ လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ျပည္သူအားလုံးကို ဘဝနဲ႔ရင္းၿပီး ကာကြယ္သြားမယ္လို႔ ေရးဘီလူး ကတိျပဳ

ေဖေဖာ္ဝါရီ ၆

ျပည္သူအားလုံးကို ဘဝနဲ႔ ရင္းၿပီး ကာကြယ္သြားမယ္လို႔ ေရးဘီလူးအဖြဲ႕ ေခါင္းေဆာင္က မေန႔က က်ေရာက္တဲ့ ၇၆ ႏွစ္ေျမာက္ မြန္အမ်ိဳးသားေန႔ အထိမ္းအမွတ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

“ကၽြန္ေတာ့္ ေမြးရက္၊ ေရးၿမိဳ႕၊ ရန္ႀကီးေအာင္ ရပ္ကြက္၊ မြန္ျပည္နယ္သားတစ္ေယာက္ပါ၊ ကၽြန္ေတာ္ မြန္ျပည္နယ္ကို ခ်စ္တယ္။ ကၽြန္ေတာ္ မြန္ျပည္သူေတြကိုခ်စ္တယ္။

ယေန႔က်ေရာက္တဲ့ ၇၆ ႀကိမ္ေျမာက္ မြန္အမ်ိဳးသားေန႔ကိုလဲ ကၽြန္ေတာ္ အသိအမွတ္ျပဳတယ္။ မြန္ျပည္နယ္သားတေယာက္ျဖစ္ရတာမို႔လဲ အရမ္းဂုဏ္ယူမိတယ္။

ကၽြန္ေတာ္ခ်စ္ရတဲ့ ျပည္သူအားလုံးကိုလဲ ကၽြန္ေတာ္ဘဝနဲ႔ ရင္းပီးကာကြယ္သြားမယ္လို႔ ကတိသစၥာျပဳပါတယ္” လို႔ ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္က ေရးသားထားပါတယ္။

လက္ရွိမွာ ေရးဘီလူးအဖြဲ႕ဟာ ေရးၿမိဳ႕နယ္ က်ဳံေလာင္းရြာကို ထိန္းခ်ဳပ္ထားၿပီး အဲ့ဒီရြာမွာ စစ္ေကာင္စီ လုပ္ငန္းေဆာင္တာ အကုန္လုံး လည္ပတ္ခြင့္ မရွိေတာ့ေၾကာင္းလည္း သိရပါတယ္။

ဒါ့အျပင္ ေရးဘီလူးအဖြဲ႕အေနနဲ႔ ကရင္ျပည္နယ္အေျခစိုက္ Lion စစ္ေၾကာင္းနဲ႔ ပူးေပါင္းကာ စစ္ေရးမ်ား တိုးျမႇင့္ လုပ္ေဆာင္သြားမယ္လို႔လည္း ဇန္နဝါရီလမွာ အသိေပးထားပါတယ္။

ေရဘီလူးအဖြဲ႕အေနနဲ႔ စစ္ေကာင္စီရဲ့ တပ္ရင္းစခန္းမ်ား၊ ရဲစခန္းမ်ား၊ ဒလန္းမ်ားကို အဓိကထားရွင္းလင္းေနၿပီး စစ္ေရးအသာစီး ရယူထားနိုင္တဲ့ မြန္ျပည္နယ္အေျခစိုက္ ေတာ္လွန္ေရးအဖြဲ႕တစ္ခုလည္း ျဖစ္ပါတယ္။

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ ေရးဘီလူးအဖြဲ႕ဟာ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို ေရြးခ်ယ္ခဲ့ၿပီးေနာက္ ၂ ႏွစ္တာကာလအတြင္း စစ္ေကာင္စီဘက္က ေမာင္းျပန္ ေသနတ္အရွည္ ခုႏွစ္လက္၊ ပစၥတို ၂လက္နဲ႔ ေျခာက္လုံးျပဴး ၂ လက္တို႔ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။