အင်တာနက်ဖြတ်ခံရတဲ့ မြို့ တွေမှာ အင်တာနက်သုံးနိုင်အောင်လုပ်ဆောင်နေပြီလို့ NUGပြော
မင်းအောင်လှ်ုင်ဘွကတော့ ဿေမင်းများနဲ့ ကခုန်ခြင်း ဖြစ်ပြီ !
မင်းပြောင်းလွဲကြောက်ပြီး ယတြာချေ ကွယ်ကိုယ် ဘွရှင်မင်းတျားကြီးဖြစ်ဖို့ အရင်လို နန်းတွင်း၀င် မိန်းမထမီ၀တ်ပြီး အသုံးမကျတဲ့ သီပေါ်ထက် ဩဇာထက်တဲ့ စုဘုရားဟန်လည်း ထပ်လုပ်မရတော့ပြီ
သူတို့အားကိုးထားရတဲ့ ဘိုးတော်က ၂၀၂၃ ဟာ သူ့အတွက် နောက်ဆုံး ဆိုနေပါပြီလေ ဟုတ်မဟုတ်လည်း ဒီမှာကြည့်အုံး မူငါးချက်နဲ့ ယိုဒယားပုံစံပြောင်း အင်တာနက်ဖြတ် ထောက်ပို့တွေ ဖြတ်မည်ဆိုတဲ့ကောင်တွေအတွက် ဧရင်ကျုးစေမည့် ငိုခြင်းတီးလုံးသံက
” မြို့နယ်ပေါင်း၁၅မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင်NUGရဲ့ MOCITက အင်တာနက်များရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ ”
မအလတွေ ချင်းချင်းဖက်ငိုလို့ရနေပြီနော် မြိုင်သွားအောင် ဿေခြင်းရဲ့တခါးများနဲ့ ဿေမင်းများနဲ့ ကခုန်ခြင်းဆိုပြီးသာ ယတြာချေရင်း ကနေလက်ကြ ဟုပြီလား ဟားးးးး 😛😆
မင်းအောင်လှ်ုင်နေရာမှာ မည်သူမဆို အာဏာမရှိရင် ဿေမည့်အတူ ရသလို အကြောင်းပြ အာဏာ လနက် ဆက်စွဲကိုင်ထားပြီး အသက်ရှင်လွတ်မြောက်ဖို့ပဲ ဦးတည်မှာပဲ
ဒီတော့ ခုသူလုပ်နေ ပြောနေတဲ့ ခြေဥတို့ နိုင်ငံရေးအရတို့ စစ်တပ်မပြိုလဲအောင်တို့ဆိုတာ အကြောင်းပြရုံသက်သက်တွေ
တကယ် Reality က သူတို့တဖွဲ့လုံး ဿေမှာကြောက်လို့ ဒါပဲ အဖြေက
ဒီတော့ ရတာတွေနဲ့ ကာဗာ လုပ်ပြီး အာဏာဆက်ယူ ခုခံပြီး အသ-က်မေ-သရေးအတွက် လုံးပမ်းနေကြရတယ် ကျန်တာက အပေါ်ယံ လျောက်ဟန်ပြ လုပ်နေတာချည်း
ဘောင်၀င် တရား၀င် မှန်ကန်လားဆို နိုးပါ သုညပါ ဇီးရိုးပါလို့ ပြောချင်ပါတယ်
သူတို့လုပ်သမျှ ဘာဘောင်အကြုံးမှ မ၀င်ပါ ဥပဒေမဲ့မို့ လက်မခံပါ ခံ၍မရ သူတို့ဘာသာ စိတ်တိုင်းကြ ခြံခတ်ပြီး လျောက်လုပ်နေတာ အသက်ရှင်လွတ်မြောက် မဿေကြရစေဖို့အတွက် နည်းစုံ မျိုးစုံ အကြောင်းစုံလျောက်ပြပြီး ကာဗာယူ ကြောက်နေရတဲ့ အဆင့် !
ခု ဒီမှာကြည့်အုံး မူငါးချက်နဲ့ ယိုဒယားပုံစံပြောင်း အင်တာနက်ဖြတ် ထောက်ပို့တွေ ဖြတ်မည်ဆိုတဲ့ကောင်တွေအတွက် ဧရင်ကျုးစေမည့် ငိုခြင်းတီးလုံးသံက
” မြို့နယ်ပေါင်း၁၅မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင်NUGရဲ့ MOCITက အင်တာနက်များရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ ”
မင်းအောင်လှ်ုင်ဘွကတော့ ဿေမင်းများနဲ့ ကခုန်ခြင်း ဖြစ်ပြီ ! ဟားးးးး 😛😆
#မင်းကြည်ညိုနေ 🕊️
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေထဲက အနည်းဆုံး ၁၅မြို့နယ် ကို အင်တာနက်သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။
ဒီကနေ့ဖေဖော်ဝါရီ ၅ရက်မှာ NUG ကပြုလုပ်တဲ့ Global Town Hall အစီအစဉ်မှာထည့်သွင်းပြောသွားတာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေလုပ်ဆောင်ထားတာကို လုံခြုံရေးအရ အသေးစိတ်ပြောပြဖို့ခက်ပေမဲ့ NUG ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေလည်ပတ်နိုင်ဖို့ နဲ့ ပညာသင်ကြားရေးတွေမှာ သုံးနိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
” အင်တာနက်သုံးနိုင်အောင်လုပ်ဆောင်ထားသလို တခြားသောဆက်သွယ်ရေးနည်းပညာတွေသုံးပြီး ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့မြို့တွေလည်းရှိနေပါပြီ။ တချို့ပြည်နယ်တွေမှာလည်း အင်တာနက်ဆက်သွယ်ရေးကိုအုပ်ချုပ်ရေးယန္တရားအတွက်အထောက်အကူဖြစ်ဖို့ ဆောင်ရွက်ပေးထားပါတယ်” လို့ ဦးထင်လင်းအောင်ကပြောပါတယ်။
တဖက်မှာလည်း NUG လက်အောက် ဝန်ကြီးဌာနတွေအချင်းချင်းဖွဲ့ထားတဲ့ အဖွဲ့တွေကနေ လေကြောင်းရန်ကာကွယ်ရေး၊ လေကြောင်းလမ်းကြောင်း ကင်းထောက်သတင်းပို့နဲ့ လေယာဉ်လမ်းကြောင်း သတင်းပို့ တာတွေကိုလည်း မြေပြင်သတင်းချိတ်ဆက်ပြီးအကြောင်းကြားတဲ့လုပ်ငန်းတွေကိုလည်းလုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊ချင်း ဒေသက အနည်းဆုံး မြို့နယ် ၂ဝကျော်မှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး အချို့ဒေသတွေမှာတော့ တိုက်ပွဲပြင်းထန်မှုပေါ်မူတည်ပြီးတယ်လီဖုန်းလိုင်းတွေပါဖြတ်တောက်ထားတာဖြစ်ပါတယ်။