ပရိသတ်ကြီးရေ မြန်မာ့ဇာတ်သဘင်လောက ရဲ့ လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ဝင် ပိုးလေး ကိုတော့ အားလုံးပဲသိကြမှာပါ။
ဇာတ်ခုံပေါ်ကနေ ပြက်လုံးတွေနဲ့ ရယ်မောစေခဲ့သူတစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။
လူရွှင်တော်အဖြစ် ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်နေခြင်းက ဘဝရဲ့အဓိပ္ပာယ်လို့ သတ်မှတ်ထားတဲ့ ရွှင်တော် ပိုးလေး ကတော့ လက်ရှိမှာ ဇာတ်ခုံနဲ့ဝေးနဲ့ တောတွင်းတစ်နေရာကို ရောက်ရှိနေပါတယ်။
ပိုးလေး အပါအဝင် ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးသူတွေဖြစ်ပြီး ရဲရင့်ခိုင်မာတဲ့ စိတ်ဓာတ်နဲ့တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
လူရွှင်တော် ပိုးလေး ဟာ တောထဲကို တိမ်းရှောင်နေရင်းနဲ့ တစ်ခါတရံ ပရိသတ်တွေကို ပျော်ရွှင်စေဖို့ ဟာသလေးတွေ ပြောပြပေးတတ်ပါသေးတယ်။
ဒီကနေ့မှာတော့ လူရွှင်တော် ပိုးလေး ဟာ သွေးကြွေးမှာဆွေးနွေးစရာမရှိတာကို မမေ့ကြနဲ့လို့ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။
” လူဆိုတာ အချိန်တန်ရင်သေရမယ်ဆိုတာကို အားလုံးသိတယ်။ဒါပေမယ့်အခုချိန်မှာ မအေလိုးကြောင့် အချိန်မတန်ပဲ သေနေကြရတယ်ဆိုတာကို
ခင်ဗျားတို့ ဘယ်တော့မှ မမေ့ကြနဲ့။သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” လို့ ပိုးလေး ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ တောတွင်းတစ်နေရာမှာ ခက်ခက်ခဲခဲနေထိုင်နေရင်း တော်လှန်ရေးအတွက် ပါဝင်နေတဲ့ ဟားငါးကောင်အဖွဲ့နဲ့ ပြည်သူရဲဘော်တွေအတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
Zawgyi(version)