ကော်ဘရာစစ်ကြောင်းက တော်လှန်ရေးဖူးစာ စုပေါင်းမင်္ဂလာပွဲ

တော်လှန် စုံတွဲ ၅ တွဲ ၏ မင်္ဂလာပွဲ ကော်ဘရာစစ်ကြောင်းမှူးက မင်္ဂလာလက်စွပ်များ ဆင်မြန်းပေး

Cobra Column တပ်ခွဲ – ၃က ရဲဘော်၊ ရဲမေ တော်လှန်ရေး စုံတွဲ ၅ တွဲ၏ မင်္ဂလာပွဲတွင် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘော က မင်္ဂလာလက်စွပ်များ ဆင်မြန်းပေးခဲ့သည်။

ယနေ့ မင်္ဂလာပွဲကို Cobra Column တပ်ခွဲ ၃ ၏ ဌာနချုပ်အတွင်း ကျင်းပခြင်းဖြစ်ပြီး လက်ထပ်ထိမ်းမြားပေးခြင်းကို တပ်ခွဲ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း ကော်ဘရာတပ်ခွဲ-၃ မှရဲဘော်တစ်ဦးကပြောသည်။

“ဒီနေ့Cobra စစ်ကြောင်းမှူးရော၊ ဒုစစ်ကြောင်းမှူးရောလာတယ်။ လက်ထပ်လက်စွပ် ဆင်မြန်းပေးတာပေါ့။ အားလုံးပျော်ရွှင်ရတဲ့နေ့လေးပေါ့”ဟု ၎င်းကပြောသည်။

မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကျင်းပရန် တပ်ခွဲ ၃ ရဲဘော်များက မင်္ဂလာဆောင်မဏ္ဍပ်ကို ယနေ့မနက်က ဝိုင်းဝန်းတည်ဆောက်ပေးခဲ့သလို ဝိုင်းဝန်းချက်ပြုတ်ပေးခဲ့ကြောင်းသိရသည်။

မင်္ဂလာပွဲသို့ ကော်ဘရာ အရာရှိ၊ အရာခံများနှင့် ရဲဘော်ရဲဘက်များ တက်ရောက်ချီးမြင့်ခဲ့ကြသည်။

Zawgyi(version)

ေတာ္လွန္ စုံတြဲ ၅ တြဲ ၏ မဂၤလာပြဲ ေကာ္ဘရာစစ္ေၾကာင္းမႉးက မဂၤလာလက္စြပ္မ်ား ဆင္ျမန္းေပး

Cobra Column တပ္ခြဲ – ၃က ရဲေဘာ္၊ ရဲေမ ေတာ္လွန္ေရး စုံတြဲ ၅ တြဲ၏ မဂၤလာပြဲတြင္ ေကာ္ဘရာစစ္ေၾကာင္းမႉး ဗိုလ္ႀကီးဒါေဘာ က မဂၤလာလက္စြပ္မ်ား ဆင္ျမန္းေပးခဲ့သည္။

ယေန႕ မဂၤလာပြဲကို Cobra Column တပ္ခြဲ ၃ ၏ ဌာနခ်ဳပ္အတြင္း က်င္းပျခင္းျဖစ္ၿပီး လက္ထပ္ထိမ္းျမားေပးျခင္းကို တပ္ခြဲ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္ေပးခဲ့ၾကေၾကာင္း ေကာ္ဘရာတပ္ခြဲ-၃ မွရဲေဘာ္တစ္ဦးကေျပာသည္။

“ဒီေန႕Cobra စစ္ေၾကာင္းမႉးေရာ၊ ဒုစစ္ေၾကာင္းမႉးေရာလာတယ္။ လက္ထပ္လက္စြပ္ ဆင္ျမန္းေပးတာေပါ့။ အားလုံးေပ်ာ္႐ႊင္ရတဲ့ေန႕ေလးေပါ့”ဟု ၎ကေျပာသည္။

မဂၤလာဧည့္ခံပြဲ အခမ္းအနားက်င္းပရန္ တပ္ခြဲ ၃ ရဲေဘာ္မ်ားက မဂၤလာေဆာင္မ႑ပ္ကို ယေန႕မနက္က ဝိုင္းဝန္းတည္ေဆာက္ေပးခဲ့သလို ဝိုင္းဝန္းခ်က္ျပဳတ္ေပးခဲ့ေၾကာင္းသိရသည္။

မဂၤလာပြဲသို႔ ေကာ္ဘရာ အရာရွိ၊ အရာခံမ်ားႏွင့္ ရဲေဘာ္ရဲဘက္မ်ား တက္ေရာက္ခ်ီးျမင့္ခဲ့ၾကသည္။