“ဒေါ်လာလေးသိန်း ပရောဂျက်က ရရှိတဲ့ လက်နက်များနဲ့ တိုက်ပွဲများ ဖော်ဆောင်နေတယ်လို့ ဗိုလ်နဂါးအသိပေး”
ဒေါ်လာလေးသိန်း ပရောဂျက်က ရရှိတဲ့ လက်နက်များနဲ့ တိုက်ပွဲများ ဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာ့တော်၀င်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက အသိပေးထားပါတယ်။
“ဒေါ်လာလေးသိန်း ပရောဂျက်ရဲ့ ရလာဒ် ပြီးခဲ့တဲ့ သုံးရက် တာ စစ်ကြောင်းမှာ စတင်တာ၀န်ထမ်းနေပြီဖြစ်ပါတယ်။ ပါ၀င်အားဖြည့်ပေးခဲ့ကြတဲ့ တစ်သီးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်”လို့ ဗိုလ်နဂါးက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လက စတင်ကာ ဒေါ်လာလေးသိန်းကမ်ပိန်းက ရရှိတဲ့ ငွေများနဲ့ လက်နက်များ၀ယ်ယူရာမှာ အခြေအနေ အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိခဲ့ပေမယ့် ဒီနှစ် ဇန်နဝါရီလကုန်ခါနီးမှာ အလေအလွင့်မရှိ အားလုံး ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။
“ခရီးရောက်မဆိုက်ဆိုသလို ပြီးခဲ့တဲ့ရက်ပိုင်းက ယင်းမာပင်၊ ပုလဲတလျှောက် ထိုး၀င်လာတဲ့ စစ်ကြောင်းကို ရင်ဆိုင်ခဲ့ရတယ်။ သုံးရက်လုံးမှာ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် နေ့ညမနား ရဲဘော်တွေ ကြိုးစား ကာကွယ်ခဲ့ကြတာလည်း ဒေသတွင်းပြည်သူများ အသိဖြစ်ပါတယ်” လို့ ဗိုလ်နဂါးက အသိပေးပြောကြားပါတယ်။
စစ်ဆင်ရေးများကိုလည်း တဆင့်တိုးပြီး ဆက်ကြိုးစားသွားမှာ ဖြစ်ကြောင်း၊ ပြည်သူများအနေနဲ့လည်း နောက်ထပ် ပရောဂျက်များမှာ အားဖြည့်ကူညီကြဖို့ ဗိုလ်နဂါးက မေတ္တာရပ်ခံထားပါတယ်။
ဇန်နဝါရီ ၃၁ ရက်မှာ ပုလဲမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအရှေ့တောင်ဘက်မှာ မြန်မာ့တော်၀င်နဂါးတပ်တော်နဲ့ စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တော်၀င်နဂါးတပ်တော်က ရဲဘော် ၆ ဦးကျဆုံးခဲ့သလို စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။
သုံးရက်တာရန်သူ့စစ်ကြောင်းကိုပြည်သူတွေအတွက်ကာကွယ်ပေးနိုင်ခဲ့ပေမယ့် ကိုယ့်မျက်စိရှေ့မှာတင်ညီငယ်ရဲဘော်ခြောက်ဦး တိုင်းပြည်အတွက်အသက်ပေးခဲ့လိုက်ရတယ်…
နှစ်ဖက်ထိ+ခိုက်+ကျ+ဆုံးမှုများပေမယ့် ကိုယ့်ရဲဘော်တွေအတွက် ဘယ်လိုမှမကျေနပ်နိုင်ခဲ့ဘူး…
တို+က်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့ အသက်မဲ့ခန္ဓာကိုယ်တွေကို သဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်…
ညီလေးတို့နဲ့အတူရှေ့ကစွန့်ဝံ့ခဲ့ကြတဲ့ ညီအကိုရဲဘော်အားလုံးကို ဦးညွှတ်အလေးပြုပါတယ်…
မပြီးပြတ်သေးတဲ့တော်လှန်ရေးကိုလည်း အားလုံးနဲ့အတူမြေပြင်မှာရင်ဆိုင်ပြီး ပန်းတိုင်အထိ ကြိုးကြိုးစားစားခရီးဆက်ရယူပေးဖို့ ကတိသစ္စာပြုပါတယ်…..
#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်
#MYANMAR’S ROYAL DRAGON ARMY
“ေဒၚလာေလးသိန္း ပေရာဂ်က္က ရရွိတဲ့ လက္နက္မ်ားနဲ႔ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနတယ္လို႔ ဗိုလ္နဂါးအသိေပး”
ေဒၚလာေလးသိန္း ပေရာဂ်က္က ရရွိတဲ့ လက္နက္မ်ားနဲ႔ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ျမန္မာ့ေတာ္၀င္နဂါးတပ္ေတာ္ ေခါင္းေဆာင္ ဗိုလ္နဂါးက အသိေပးထားပါတယ္။
“ေဒၚလာေလးသိန္း ပေရာဂ်က္ရဲ့ ရလာဒ္ ၿပီးခဲ့တဲ့ သုံးရက္ တာ စစ္ေၾကာင္းမွာ စတင္တာ၀န္ထမ္းေနၿပီျဖစ္ပါတယ္။ ပါ၀င္အားျဖည့္ေပးခဲ့ၾကတဲ့ တစ္သီးတစ္ေယာက္စီတိုင္းကို အထူးေက်းဇူးတင္ရွိပါတယ္”လို႔ ဗိုလ္နဂါးက ေျပာပါတယ္။
၂၀၂၂ ခုႏွစ္ ဇြန္လက စတင္ကာ ေဒၚလာေလးသိန္းကမ္ပိန္းက ရရွိတဲ့ ေငြမ်ားနဲ႔ လက္နက္မ်ား၀ယ္ယူရာမွာ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ၾကန႔္ၾကာမႈမ်ား ရွိခဲ့ေပမယ့္ ဒီႏွစ္ ဇန္နဝါရီလကုန္ခါနီးမွာ အေလအလြင့္မရွိ အားလုံး ေရာက္ရွိခဲ့တာျဖစ္တယ္လို႔ ဗိုလ္နဂါးက ဆိုပါတယ္။
“ခရီးေရာက္မဆိုက္ဆိုသလို ၿပီးခဲ့တဲ့ရက္ပိုင္းက ယင္းမာပင္၊ ပုလဲတေလၽွာက္ ထိုး၀င္လာတဲ့ စစ္ေၾကာင္းကို ရင္ဆိုင္ခဲ့ရတယ္။ သုံးရက္လုံးမွာ ျပည္သူ႔အသက္၊ အိုးအိမ္၊ စည္းစိမ္ေတြအတြက္ ေန႔ညမနား ရဲေဘာ္ေတြ ႀကိဳးစား ကာကြယ္ခဲ့ၾကတာလည္း ေဒသတြင္းျပည္သူမ်ား အသိျဖစ္ပါတယ္” လို႔ ဗိုလ္နဂါးက အသိေပးေျပာၾကားပါတယ္။
စစ္ဆင္ေရးမ်ားကိုလည္း တဆင့္တိုးၿပီး ဆက္ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနနဲ႔လည္း ေနာက္ထပ္ ပေရာဂ်က္မ်ားမွာ အားျဖည့္ကူညီၾကဖို႔ ဗိုလ္နဂါးက ေမတၱာရပ္ခံထားပါတယ္။
ဇန္နဝါရီ ၃၁ ရက္မွာ ပုလဲၿမိဳ႕နယ္၊ ေညာင္ပင္သာ ေက်းရြာအေရွ႕ေတာင္ဘက္မွာ ျမန္မာ့ေတာ္၀င္နဂါးတပ္ေတာ္နဲ႔ စစ္ေကာင္စီတပ္မ်ား ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျမန္မာ့ေတာ္၀င္နဂါးတပ္ေတာ္က ရဲေဘာ္ ၆ ဦးက်ဆုံးခဲ့သလို စစ္ေကာင္စီဘက္က ၅ ဦးေသဆုံးၿပီး တစ္ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း သိရပါတယ္။
သုံးရက္တာရန္သူ႔စစ္ေၾကာင္းကိုျပည္သူေတြအတြက္ကာကြယ္ေပးနိုင္ခဲ့ေပမယ့္ ကိုယ့္မ်က္စိေရွ႕မွာတင္ညီငယ္ရဲေဘာ္ေျခာက္ဦး တိုင္းျပည္အတြက္အသက္ေပးခဲ့လိုက္ရတယ္…
ႏွစ္ဖက္ထိ+ခိုက္+က်+ဆုံးမႈမ်ားေပမယ့္ ကိုယ့္ရဲေဘာ္ေတြအတြက္ ဘယ္လိုမွမေက်နပ္နိုင္ခဲ့ဘူး…
တို+က္ပြဲတေလၽွာက္ေက်းရြာေတြအတြက္ အပင္ပန္းခံကာကြယ္ေပးခဲ့ၾကတဲ့ညီငယ္ေတြ၊ ျပည္သူ႔ဘဝလြတ္ေျမာက္ေရးအတြက္ ရဲ့ဝံ့စြန႔္စားၿပီး အသက္နဲ႔ဘဝကိုေပးရဲခဲ့ၾကတဲ့ MRDA ကအားထားရတဲ့ညီငယ္ရဲေဘာ္ေတြရဲ့ အသက္မဲ့ခႏၶာကိုယ္ေတြကို သၿဂိဳလ္ဖို႔စီစဥ္ေနခ်ိန္ တေလာကလုံးမွာ ကိုယ္တေယာက္ပဲက်န္ေနေတာ့သလို တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ခံစားမႈကို ဆိုးဆိုးရြားရြားရင္ဆိုင္ခဲ့ရတယ္…
ညီေလးတို႔နဲ႔အတူေရွ႕ကစြန႔္ဝံ့ခဲ့ၾကတဲ့ ညီအကိုရဲေဘာ္အားလုံးကို ဦးညႊတ္အေလးျပဳပါတယ္…
မၿပီးျပတ္ေသးတဲ့ေတာ္လွန္ေရးကိုလည္း အားလုံးနဲ႔အတူေျမျပင္မွာရင္ဆိုင္ၿပီး ပန္းတိုင္အထိ ႀကိဳးႀကိဳးစားစားခရီးဆက္ရယူေပးဖို႔ ကတိသစၥာျပဳပါတယ္…..
#ဗိုလ္နဂါး
#ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္
#MYANMAR’S ROYAL DRAGON ARMY