ခင်ဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်တပ်က ဗုံးဖောက်ခွဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ သြဂုတ် ၂၂
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ် လမ်းသုံးခွအနီး လူမနေသည့် ကျော်စည်ဟိန်းစားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဗုံးဖောက်ခွဲခဲ့ပြီး ရွှေရည်ဝင်းလက်ဖက်ရည်ဆိုင်မှ မောင်ရဲဝင်းထွဋ် ဗုံးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ဗုံးဖောက်ခွဲခဲ့သော ကျော်စည်ဟိန်း စားသောက်ဆိုင်သည် လူမနေတော့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကာ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ မကြာခဏ ကင်းပုန်းဝပ် နေသည့် ဆိုင်ပျက်ကြီးဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကျော်စည်ဟိန်းစားသောက်ဆိုင်နှင့် မျက်နှာ ချင်းဆိုင် လမ်းအနောက်ဘက်ရှိ ရွှေရည်ဝင်းလက်ဖက်ရည်ဆိုင်မှ မောင်ရဲဝင်းထွဋ် အသက် ၂၆ နှစ်သည် ဗုံးထိမှန်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” မိုင်းက စကစထုတ် ပြင်းအား ကောင်းပြီး ပေ ၃၀၀၀ ကျော်ဝေးတဲ့ စျေးတောင်ဘက်ထိ မိုင်းစတွေ ကျရောက်ခဲ့တယ်။ စျေးသူ စျေးသားတွေလည်း တွေ့တယ်လို့ပြောတယ်။ အကြမ်းဖက် စစ်တပ်က PDF တွေ ထောင်တယ်ဆိုပြီး ထင် ယောင် ထင်မှား ဖြစ်အောင်လုပ်တာ ပြည်သူနဲ့ PDF ကြား သွေးခွဲသပ်လျှိုဖို့ တမင် ဗျူဟာကျကျ ဖန်တီးထားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ခင်ဦးမြို့ပေါ်ရှိ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ချီတက် ဆန္ဒပြမှုများ ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ် နေရာများတွင် ဖောက်ခွဲ မှုများ လုပ် ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။
Photo – အကြမ်းဖက် စစ်တပ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံ ပြည်သူ မောင်ရဲဝင်းထွဋ် ။
Zawgyi(version)
ခင္ဦးၿမိဳ႕ေပၚရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အနီး စစ္တပ္က ဗုံးေဖာက္ခြဲ၊ ျပည္သူ ၁ ဦးေသဆုံးၿပီး ၂ ဦးဒဏ္ရာရ
ရန္ကုန္၊ ၾသဂုတ္ ၂၂
စစ္ကိုင္းတိုင္း ေ႐ႊဘိုခရိုင္ ခင္ဦးၿမိဳ႕ေပၚရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ လမ္းသုံးခြအနီး လူမေနသည့္ ေက်ာ္စည္ဟိန္းစားေသာက္ဆိုင္ကို အၾကမ္းဖက္ စစ္တပ္က ယေန႕ ၾသဂုတ္လ ၂၂ ရက္ေန႕တြင္ ဗုံးေဖာက္ခြဲခဲ့ၿပီး ေ႐ႊရည္ဝင္းလက္ဖက္ရည္ဆိုင္မွ ေမာင္ရဲဝင္းထြဋ္ ဗုံးထိမွန္ကာ ေသဆုံးခဲ့ေၾကာင္း ေဒသခံ ျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
အၾကမ္းဖက္ စစ္တပ္ ဗုံးေဖာက္ခြဲခဲ့ေသာ ေက်ာ္စည္ဟိန္း စားေသာက္ဆိုင္သည္ လူမေနေတာ့သည္မွာ တစ္ႏွစ္ေက်ာ္ၿပီျဖစ္ကာ အၾကမ္းဖက္ စစ္တပ္ႏွင့္ ပ်ဴေစာထီးအဖြဲ႕မ်ား မၾကာခဏ ကင္းပုန္းဝပ္ ေနသည့္ ဆိုင္ပ်က္ႀကီးျဖစ္ၿပီး ယေန႕ ၾသဂုတ္လ ၂၂ ရက္ေန႕ နံနက္ ၇ နာရီခန့္ အခ်ိန္တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗုံးေပါက္ကြဲမႈေၾကာင့္ ေက်ာ္စည္ဟိန္းစားေသာက္ဆိုင္ႏွင့္ မ်က္ႏွာ ခ်င္းဆိုင္ လမ္းအေနာက္ဘက္ရွိ ေ႐ႊရည္ဝင္းလက္ဖက္ရည္ဆိုင္မွ ေမာင္ရဲဝင္းထြဋ္ အသက္ ၂၆ ႏွစ္သည္ ဗုံးထိမွန္ဒဏ္ရာျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေသဆုံးခဲ့ၿပီး ျပည္သူ ၂ ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
” မိုင္းက စကစထုတ္ ျပင္းအား ေကာင္းၿပီး ေပ ၃၀၀၀ ေက်ာ္ေဝးတဲ့ ေစ်းေတာင္ဘက္ထိ မိုင္းစေတြ က်ေရာက္ခဲ့တယ္။ ေစ်းသူ ေစ်းသားေတြလည္း ေတြ႕တယ္လို႔ေျပာတယ္။ အၾကမ္းဖက္ စစ္တပ္က PDF ေတြ ေထာင္တယ္ဆိုၿပီး ထင္ ေယာင္ ထင္မွား ျဖစ္ေအာင္လုပ္တာ ျပည္သူနဲ႕ PDF ၾကား ေသြးခြဲသပ္လွ်ိုဖို႔ တမင္ ဗ်ဴဟာက်က် ဖန္တီးထားတာ” ဟု ေဒသခံ ျပည္သူ တစ္ဦးကေျပာဆိုသည္။
ခင္ဦးၿမိဳ႕ေပၚရွိ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ား ခ်ီတက္ ဆႏၵျပမႈမ်ား ျပဳလုပ္ၿပီးေနာက္ အၾကမ္းဖက္ စစ္တပ္က ၿမိဳ႕ေပၚ ေနရာမ်ားတြင္ ေဖာက္ခြဲ မႈမ်ား လုပ္ ေဆာင္လာျခင္းျဖစ္ေၾကာင္း ေဒသခံျပည္သူမ်ားကေျပာဆိုသည္။
Photo – အၾကမ္းဖက္ စစ္တပ္ ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့သည့္ ေဒသခံ ျပည္သူ ေမာင္ရဲဝင္းထြဋ္ ။