စစ်တပ် ဂိတ်စခန်းကို RPG ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အင်ပင်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို PDF တပ်များက RPG ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း Pakokku People Defense Force -PPDFမှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၃ နာရီအချိန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF ဦးဆောင်၍ မဟာမိတ်များဖြစ်သောYong Force U.G၊King Cobra၊King Fighter၊
မန္တလေးခရိုင် အမှတ်(၄)တပ်ရင်း SAF တို့ ပူးပေါင်း၍ ပခုက္ကူ-မြိုင်လမ်းပေါ်ရှိ အင်ပင် ကျေးရွာတွင်တပ်စွဲထားသောဂိတ်ကို ဝင်ရောက်ပြီး RPG7 ၊
လက်လုပ်လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ စစ်တပ်ဘန်ကာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၁ ဦး ကို ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းကို နေရာတွင်ပင် မီးရှို့ခဲ့ကြောင်း သိရှိရသည်။