ဗဟိုဘဏ်ရဲ့ မရှိတဲ့ အရှက်ကို ခွဲလိုက်တဲ့ မြန်မာ့အကြီးဆုံး လေကြောင်းလိုင်း (၂) ခု

လတ်တလောကာလတွင် ဒေါ်လာဈေးအနေနဲ့ ၄၀၀၀ ကျော်ကို အချိန်မရွေး ဖြစ်သွားနိုင်ပြီး ဒေါ်လာဈေးကွက်အားလုံး ရပ်တန့်ကာ ဈေးကွက် ပြိုလဲလုလု ဖြစ်နေပြီး အခြေအနေ ရှုပ်ထွေးနေတဲ့ အချိန် ဖြစ်ပါတယ်။

ထိုသို့ရှုပ်ထွေးနေချိန်တွင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းတွေထဲက နှစ်ခုဖြစ်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းနဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းက လေယာဉ်လတ်မှတ်များကို ဝယ်ယူရာတွင် တဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြင့် ဝယ်ရမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လုပ်ရပ်ဟာ ဗဟိုဘဏ်အနေနဲ့ အရှက်ကွဲစရာ ဖြစ်ခဲ့ပြီး တဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားချိန်မှာ နိုင်ငံပိုင် လေကြောင်းလိုင်းနဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတခုက ဒေါ်လာဈေးကို ၃၀၀၀ အဖြစ် သတ်မှတ်လိုက်ခြင်းဟာ ဗဟိုဘဏ်ဆိုတာကို ခေါင်းထဲ မထည့်ထားဘူးဆိုတဲ့ သဘောဖြစ်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။

ယင်းသို့ အခြေအနေ ရှုပ်ထွေးနေချိန်မှာ ဗဟိုဘဏ်အနေနဲ့ ပြည်သူတွေကို တိကျတဲ့ ကြေညာချက်တွေ ထုတ်ပြန်ရမယ့်အစား ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ လွှဲပြောင်း ဝင်ငွေ ကိစ္စနဲ့ ပတ်သက်တဲ့ မရေရာတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဟာ နားမလည်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်များက ပြောဆိုနေကြပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဥက္ကဌ အပြောင်းအလဲ လုပ်ပြီးနောက်မှာ ဒေါ်လာဈေးကို လုံးဝ မထိန်းနိုင်တော့ဘဲ မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ကျဆင်းလျက်ရှိပြီး မကြာမီ အချိန်ကာလအတွင်း တဒေါ်လာ ၅၀၀၀ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ပြည်သူများအနေနဲ့ ဝင်ငွေ နည်းပါးနေချိန်မှာ စားသုံးကုန်နဲ့ လူသုံးကုန် ပစ္စည်းများ အဆမတန် ဈေးမြင့်တက်မှုတွေကြောင့် ပိုမို ကျပ်တည်းလာလျက် ရှိတယ်လို့ သိရပါတယ်။

Zawgyi(version)

လတ္တေလာကာလတြင္ ေဒၚလာေဈးအေနနဲ႕ ၄၀၀၀ ေက်ာ္ကို အခ်ိန္မေ႐ြး ျဖစ္သြားနိုင္ၿပီး ေဒၚလာေဈးကြက္အားလုံး ရပ္တန႔္ကာ ေဈးကြက္ ၿပိဳလဲလုလု ျဖစ္ေနၿပီး အေျခအေန ရႈပ္ေထြးေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။

ထိုသို႔ရႈပ္ေထြးေနခ်ိန္တြင္ ျမန္မာနိုင္ငံရဲ႕ အႀကီးဆုံး ေလေၾကာင္းလိုင္းေတြထဲက ႏွစ္ခုျဖစ္တဲ့ ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္းနဲ႕ အဲကေမၻာဇေလေၾကာင္းလိုင္းက ေလယာဥ္လတ္မွတ္မ်ားကို ဝယ္ယူရာတြင္ တေဒၚလာလွ်င္ ၃၀၀၀ က်ပ္ျဖင့္ ဝယ္ရမည္ဟု ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ လုပ္ရပ္ဟာ ဗဟိုဘဏ္အေနနဲ႕ အရွက္ကြဲစရာ ျဖစ္ခဲ့ၿပီး တေဒၚလာကို ၂၁၀၀ သတ္မွတ္ထားခ်ိန္မွာ နိုင္ငံပိုင္ ေလေၾကာင္းလိုင္းနဲ႕ ပုဂၢလိက ေလေၾကာင္းလိုင္းတခုက ေဒၚလာေဈးကို ၃၀၀၀ အျဖစ္ သတ္မွတ္လိုက္ျခင္းဟာ ဗဟိုဘဏ္ဆိုတာကို ေခါင္းထဲ မထည့္ထားဘူးဆိုတဲ့ သေဘာျဖစ္ေၾကာင္း စီးပြားေရး ပညာရွင္တဦးက သုံးသပ္ပါတယ္။

ယင္းသို႔ အေျခအေန ရႈပ္ေထြးေနခ်ိန္မွာ ဗဟိုဘဏ္အေနနဲ႕ ျပည္သူေတြကို တိက်တဲ့ ေၾကညာခ်က္ေတြ ထုတ္ျပန္ရမယ့္အစား ျပည္ပေရာက္ ျမန္မာနိုင္ငံသားမ်ားရဲ႕ လႊဲေျပာင္း ဝင္ေငြ ကိစၥနဲ႕ ပတ္သက္တဲ့ မေရရာတဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ျခင္းဟာ နားမလည္နိုင္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ စီးပြားေရး ပညာရွင္မ်ားက ေျပာဆိုေနၾကပါတယ္။

ဗဟိုဘဏ္အေနနဲ႕ ဥကၠဌ အေျပာင္းအလဲ လုပ္ၿပီးေနာက္မွာ ေဒၚလာေဈးကို လုံးဝ မထိန္းနိုင္ေတာ့ဘဲ ျမန္မာက်ပ္ေငြ တန္ဖိုးဆက္တိုက္ က်ဆင္းလ်က္ရွိၿပီး မၾကာမီ အခ်ိန္ကာလအတြင္း တေဒၚလာ ၅၀၀၀ ျဖစ္လာနိုင္တယ္လို႔ သိရပါတယ္။ ျပည္သူမ်ားအေနနဲ႕ ဝင္ေငြ နည္းပါးေနခ်ိန္မွာ စားသုံးကုန္နဲ႕ လူသုံးကုန္ ပစၥည္းမ်ား အဆမတန္ ေဈးျမင့္တက္မႈေတြေၾကာင့္ ပိုမို က်ပ္တည္းလာလ်က္ ရွိတယ္လို႔ သိရပါတယ္။