ဘယ်နေရာမဆိုဘက်စုံတော်တဲ့ ရဲဘော်ကိုပေါက်ကြီး… see more

ပရိသတ်ကြီးရေ မြန်မာ့အနုပညာလောကမှာ ကိုပေါက် လို့ ဆိုလိုက်ရင် မသိသူမရှိလောက်ပါပဲနော်။

ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကာရိုက်တာပေါင်းစုံကို အကောင်းမွန်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် လူသိများလာခဲ့ပါတယ်။

ထို့နောက် သရုပ်ဆောင်ပိုင်းမှတစ်ဆင့် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရတဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာအဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတဲ့အချိန်မှာလဲ ပရိသတ်တွေရဲ့ အားပေးမူ့ကို ထပ်မံရရှိခဲ့ပြန်ပါတယ်။

ကိုပေါက် ဟာ ဟာသညဏ်ရွှင်သူတစ်ဦးဖြစ်တာကြောင့် Tik Tok မှာ ဟာသ လေးတွေကို အပျော်ရိုက်ကူးခဲ့တဲ့ Video လေးတွေဟာလဲ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့ပါသေးတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့တာကြောင့် စစ်ကောင်စီမှ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားတာပါ။

ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အိမ်ကိုပစ်ပြီး ထွက်ပြေးတိမ်းရှောင် နေရတာပဲဖြစ်ပါတယ်။တောထဲမှာ နေထိုင်ရပေမယ့် အဆင်ပြေဆုံးအကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားနေထိုင်တဲ့ ဒါရိုက်တာကိုပေါက် ဟာ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကိုလဲ ကြိုးစားထမ်းဆောင်လျက်ရှိပါတယ်။

သူဟာ အနုပညာမှာတော်ရုံတင်မက ဟင်းချက်တဲ့နေရာမှာလဲ အရမ်းကိုကောင်းမွန်တာကြောင့် အတူနေရဲဘော်တွေရဲ့ ချီးကျူးတာကို ခံနေရပါတယ်။ဒါရိုက်တာ ကိုပေါက်ကြီး ချက်ထားတဲ့ ဟင်းလျာလေးတွေကို စားချင်နေကြပြီလား???

ဘယ်နေရာမဆို ဘက်စုံတော်တဲ့ ကိုပေါက် ကတော့ အရမ်းကိုချီးကျူးစရာကောင်းပါတယ်နော်။ စာဖတ်ပရိသတ်တွေထဲမှာ ကိုပေါက်ပရိသတ်တွေရှိရင် ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Zawgyi(version)





ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက်ပြီး နွဦေးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့တာကြောင့် စစ်ကောင်စီမှ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားတာပါ။


