တဒေါ်လာ ၅၀၀၀၊ ရွှေတကျပ်သား သိန်း ၅၀ အထိ ဖြစ်လာနိုင်တဲ့ နောက်ကွယ်က အကြောင်းရင်း

ကား မြေ ကွန်ဒို တိုက်ခန်း စျေးကွက်အလားအလာ။ ကားကတော့ စက်သုံးဆီစျေးတက်၊ လမ်းကြပ်၊ ပြည်တွင်းစစ်ကြောက်ရ၊ လမ်းဘေးထား သူခိုးဒဏ်ကြောက်ရလို့ အစကတည်းက ဒေါ်လာ ရွှေ ဘယ်လောက်တက်တက်။ ဘယ်လောက်ဆွဲတင်တင် မပါလာဘူး။

ဒါပေမယ့် ဒေါ်လှက 2500 ကနေ 3000။ 3000 ကနေ 5000 ဖြစ်လာရင်တော့ ကားစျေးလည်း ပါလာမယ်။ ဒါဟာ ကားစျေးကွက်ဟာ ပူဖောင်းပေါက်ဖို့ တင်းလာတာမဟုတ်ပဲ မြန်မာကျပ်ငွေ တန်ဖိုး ကျလာလို့ တခြား စားသောက်ကုန်တွေ ကုန်စည်တွေလို စျေးတက်လာတာ။ မြန်မာကျပ်ငွေ ပြန်မာလာဖို့ကလည်း ပုံပြင်ပြောသလောက်မလွယ်တော့ ကျရိပ်မရှိပဲ တဒေါ်လာ 2600 စျေးမှာ တန့်နေတဲ့ ကားစျေးတွေဟာ တဒေါ်လာ 3000ကျော်လာလို့ ကျပ်ငွေတန်ဖိုးကျလို့ အဆမတန် တက်လာမည့်သဘော။

မြေစျေးကတော့ စစ်ဖြစ်တော့မည့် မငြိမ်းချမ်းတဲ့ ခိုးဆိုးလုယက်များတဲ့ တိုင်းပြည်မှာ အတက်ထက် အကျဘက်ကို ရောက်ဖို့ တာစူနေတယ်။ ဒါကြောင့် တဧက သိန်းသောင်းချီ သိန်းသိန်းချီတန် မြေတွေ စျေးကျဖို့ အလားအလာရှိလာသလို တဧက သိန်း 500 ဝန်းကျင် လယ်တွေ ဥယျာဉ်ခြံမြေတွေကတော့ မြန်မာကျပ်ငွေစျေး တန်ဖိုးကျလို့ အထိုက်အလျောက် ဝယ်လိုအားကျန်တော့ စိုက်ပျိုးမွေးမြူရေး လုပ်ဖို့အတွက် မြန်မာကျပ်ငွေ တန်ဖိုးဆက်ကျရင် စျေးတက်ဖို့ရှိလေပဲ။

ရင်းနှီးမြုပ်နှံမှုတွေ ဆုတ်ခွါ၊ ပြည်တွင်းစစ်နဲ့ အနာဂတ်ပျောက်နေတဲ့နိုင်ငံက မြေစျေးတွေ ကျဖို့ ရှိပေမဲ့ အငတ်ဘေး မကျအောင် စိုက်ပျိုးမွေးမြူလို့ရတဲ့မြေတွေကတော့ ကျပ်ငွေတန်ဖိုးကျသလို ဆက်တက်နေမှာပဲ။ စက်မှုဇုန်ကြီးတွေ သိန်းသောင်းချီတန် စိုက်ပျိုးမွေးမြူရေးဇုန်က မြေတဧကစျေးတွေကတော့ မစိုက်မမွေး လုပ်ငန်းမလုပ်ပဲ ထားရင် သိမ်းမယ်ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်လိုက်တာနဲ့ မြေစျေးက ထိုးကျမှာ။

လက်ရှိ စစ်မဖြစ်တဲ့ စစ်ဒဏ်မသင့်တဲ့ တိုင်းပြည်က တိုက်ခန်းစျေးတွေကတော့ ဒေါ်လာစျေးတက်လာတဲ့အတိုင်း ဝယ်လိုအားတွေ ဆက်များလာဦးမှာပဲ။ ဒါပေမဲ့ ပြည်တွင်းစစ်က နေရာမရွေးဖြစ်နိုင်တာရယ်။ ခိုးဆိုး လုယက်များပြီး အငှါးစျေးတွေ မရတာတွေကြောင့် စျေးအဆမတန်တက်နေတဲ့ ပူဖောင်းပေါက်နိုင်တဲ့ တိုက်ခန်းတွေကို နေဖို့အလုပ်လုပ်ဖို့ လိုတာက လွဲရင် ရေရှည်ရင်းနှီးမြုပ်နှံလို့ အန္တရာယ်ကင်းတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးတော့မဟုတ်။

အခု ရန်ကုန်မှာရှိတဲ့ တိုက်ခန်းအများစုဟာ အရည်အသွေး အရမ်းညံ့တဲ့ တိုက်ခန်းတွေ ဖြစ်နေတာမို့ ငလျင်နဲ့ သဘာဝဘေးဒဏ်ခံရရင် အကုန်ပျက်စီးလွယ်တဲ့အရာတွေ၊ နောက်ပြီး မြန်မာပြည်ရဲ့ ဥပဒေအရ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ခိုင်မာမှုအားနည်းတာတွေ အနည်းငယ်ရှိနေတယ်။

ကွန်ဒိုကတော့ လူချမ်းသာတွေ စစ်တပ်အရာရှိပိုင်းတွေ ခရိုနီတွေ လုပ်စားဖို့ ဖော်ထား ဆောက်ထားတဲ့ အဆောက်အဦးတွေပေါ့။ ခေတ်ကောင်းစဉ်ကတော့ နိုင်ငံခြားသားတွေအတွက် ဆောက်ထားပေမဲ့ ခေတ်မကောင်းတော့ အဲဒီကွန်ဒိုတွေဟာ ရောင်းမထွက်ပဲ အကြီးပိုင်း ခရိုနီတွေ ဗိုလ်ချုပ်အသိုင်းအဝန်းတွေ ပိုက်ဘောမိထားတဲ့ -ျီးပိတ်နေတဲ့အဆင့်မျိုးပေါ့။ အခု ဒေါ်လာ ရွှေစျေးတွေ ဆွဲတင်တဲ့အထဲမှာ အကြီးပိုင်း ဗိုလ်ချုပ်တွေ လူကြီးတွေရဲ့ ရွှေ့ပြောင်းခက်နေတဲ့ ဗိုက်ကြီးနေတဲ့ -ျီးတွေ ထုတ်ချဖို့ပဲ။

ဒီတော့ ဒေါ်လာစျေးတွေ ရွှေစျေးတွေ ဆွဲတင်ပေးတယ်။ စျေးကွက်ထဲမှာ လုပ်စားနေကျ လူမသိသူမသိ ဖျံတွေက တက်စျေးကြိုက်တော့ ရောင်းတယ်။ ဒီတော့ လက်ထဲ ပိုက်ဆံတွေ ပေါ်လာတော့ ကား၊ ခြံ တိုက်ခန်းတွေက ခေါင်ခိုက်နေတော့ ဗိုက်ကြီးနေတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်ပရွှေ့ဖို့ ဘယ်လောက်ရရ ဗိုက်နာစျေးနဲ့ ရောင်းချင်တဲ့ ကွန်ဒိုတွေ ဝယ်အောင်ဂွင်ဆင်လို့ရတယ်။

ဒေါ်လာ 3000၊ ရွှေ 30မှာ ထုတ်မရောင်းရင် ဒေါ်လာ 5000၊ ရွှေ50 အထိ ဖြစ်အောင်ကို လုပ်မှာ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အများစုနဲ့ ခရိုနီတွေ အကုန်ရွှေ့ပြီးလို့ မရွှေ့နိုင်တဲ့ ပိုင်ဆိုင်မှုဆိုတာ သိန်းသိန်းချီတန် ခြံတွေနဲ့ ကွန်ဒိုတွေ ဖြစ်လို့ အခုလို ဒေါ်လာနဲ့ ရွှေစျေးကို တမင်တက်အောင် လုပ်ပေးတာ။ ရွှေ 50၊ ဒေါ်လှ 5000မှာ မဝယ်ရင် ရွှေ100၊ ဒေါ်လှ 10000ဖြစ်ဖို့လည်း ဝန်မလေးပဲ လုပ်ရဲတဲ့ပုံတွေ။ သူတို့လိုနေတာက ဗိုက်ကြီးနေတဲ့ သူတို့ပိုင်ဆိုင်မှုတွေ ဝယ်နိုင်အောင် ခရိုနီလက်သစ်တွေ ဖန်တီးပေးပြီး အထုပ်ပိုက်ပြေးတော့မှာ။ (Aung Kyaw Oo)