မုံရွာတွင် စစ်ကားဖြင့်အတိုက်ခံရ၍ သေဆုံးခဲ့သူကို စစ်တပ်မှ ပြန်လည်အမှုဖွင့်ရန် စီစဉ်နေ
စစ်ကိုင်း၊ ဩဂုတ် ၃၁
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကားဖြင့်တိုက်မိ၍ သေဆုံးခဲ့သူကို စစ်ကောင်စီမှ ပြန်လည်အမှုဖွင့်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်၏စစ်ကားမှာရမ်းကားမောင်းနှင်လာမှုကြောင့် မုံရွာမြို့နယ်၊ အလုံမြို့ လူစည်ကားရာစျေးရှေ့တွင် ပြည်သူတစ်ဦးမှာ ယင်းကားဖြင့် တိုက်မိပြီးသေဆုံးခဲ့ရသည်။
“အလောင်းကို မနေ့ (ဩဂုတ် ၃၀ ရက်) နေ့လယ်ပိုင်းက ပြန်ရတယ်၊ အခုမနက်မှာသဂြိုဟ်တယ်။ စကစဘက်က အမှုပြန်ဖွင့်မယ်ပြောတယ်။ သေတဲ့သူကလမ်းမှန်ပါ၊ စကစကားက တရကြမ်းမောင်းပြီး တခြားကားကိုကျော် တက်တဲ့အချိန်တိုက်မိတာ၊ သေသူဘက်က အမှုဖွင့်မယ်လို့မပြောရဲတဲ့ ပြည်သူ့ဘဝတွေပါ” ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ကားဖြင့်တိုက်ခံရ၍ သေဆုံးခဲ့သူမှာ အလုံမြို့နေ ပညာရေးဝန်ထမ်းဟောင်း အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းဖြစ်ကြောင်း ဒေသခံတချို့ထံမှသိရသည်။
“စစ်ခွေးတွေက မိုင်းဆွဲခံရမှာကြောက်တော့ ကားတွေကိုအသားကုန်မောင်းတာ တိုက်မိတာတွေက ခဏခဏ ဖြစ် တယ်၊ မုံရွာမှာ အခုကိစ္စမှာလည်း တိုက်ပြီးတော့စစ်ခွေးနဲ့ လက်အောက်ခံကောင်တွေရောက်လာတယ် ခေါင်းမှာဒဏ်ရာရတာ အပြင်ဆေးရုံးမတင်ရဘူး စစ်ဆေးရုံးဘဲတင်ရမှာဆိုပြီး အချိန်ပိုကြာလို့ ဆုံးသွားရတာ” ဟု အခြားဒေသခံတစ်ဦးကလည်း လူငယ်ခေတ်သို့ပြောသည်။
ပြီးခဲ့သည် ဩဂုတ်လ ၂၈ ရက်ကလည်း စစ်ကားနှင့် ဆိုင်ကယ်တိုက်မှု ၃ မှုထက်မနည်းဖြစ်ပွားခဲ့ပြီး ထိခိုက်မှုများရှိခဲ့ကြောင်း စစ်ကားဖြင့် တိုက်မိပါက နစ်နာကြေးမရရှိသည့်အပြင် အမှုဖွင့်ခွင့်ပါမရရှိကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
Photo – CJ
#P08
#Lungekhit
Zawgyi(version)
မုံ႐ြာတြင္ စစ္ကားျဖင့္အတိုက္ခံရ၍ ေသဆုံးခဲ့သူကို စစ္တပ္မွ ျပန္လည္အမႈဖြင့္ရန္ စီစဥ္ေန
စစ္ကိုင္း၊ ဩဂုတ္ ၃၁
လူငယ့္ေခတ္
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္တြင္ စစ္ကားျဖင့္တိုက္မိ၍ ေသဆုံးခဲ့သူကို စစ္ေကာင္စီမွ ျပန္လည္အမႈဖြင့္ရန္ စီစဥ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၂၉ ရက္ မြန္းလြဲပိုင္းက စစ္ေကာင္စီတပ္၏စစ္ကားမွာရမ္းကားေမာင္းႏွင္လာမႈေၾကာင့္ မုံ႐ြာၿမိဳ႕နယ္၊ အလုံၿမိဳ႕ လူစည္ကားရာေစ်းေရွ႕တြင္ ျပည္သူတစ္ဦးမွာ ယင္းကားျဖင့္ တိုက္မိၿပီးေသဆုံးခဲ့ရသည္။
“အေလာင္းကို မေန႕ (ဩဂုတ္ ၃၀ ရက္) ေန႕လယ္ပိုင္းက ျပန္ရတယ္၊ အခုမနက္မွာသၿဂိဳဟ္တယ္။ စကစဘက္က အမႈျပန္ဖြင့္မယ္ေျပာတယ္။ ေသတဲ့သူကလမ္းမွန္ပါ၊ စကစကားက တရၾကမ္းေမာင္းၿပီး တျခားကားကိုေက်ာ္ တက္တဲ့အခ်ိန္တိုက္မိတာ၊ ေသသူဘက္က အမႈဖြင့္မယ္လို႔မေျပာရဲတဲ့ ျပည္သူ႕ဘဝေတြပါ” ဟု ေဒသခံတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
ကားျဖင့္တိုက္ခံရ၍ ေသဆုံးခဲ့သူမွာ အလုံၿမိဳ႕ေန ပညာေရးဝန္ထမ္းေဟာင္း အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီး ဦးၾကည္ဝင္းျဖစ္ေၾကာင္း ေဒသခံတခ်ိဳ႕ထံမွသိရသည္။
“စစ္ေခြးေတြက မိုင္းဆြဲခံရမွာေၾကာက္ေတာ့ ကားေတြကိုအသားကုန္ေမာင္းတာ တိုက္မိတာေတြက ခဏခဏ ျဖစ္ တယ္၊ မုံ႐ြာမွာ အခုကိစၥမွာလည္း တိုက္ၿပီးေတာ့စစ္ေခြးနဲ႕ လက္ေအာက္ခံေကာင္ေတြေရာက္လာတယ္ ေခါင္းမွာဒဏ္ရာရတာ အျပင္ေဆး႐ုံးမတင္ရဘူး စစ္ေဆး႐ုံးဘဲတင္ရမွာဆိုၿပီး အခ်ိန္ပိုၾကာလို႔ ဆုံးသြားရတာ” ဟု အျခားေဒသခံတစ္ဦးကလည္း လူငယ္ေခတ္သို႔ေျပာသည္။
ၿပီးခဲ့သည္ ဩဂုတ္လ ၂၈ ရက္ကလည္း စစ္ကားႏွင့္ ဆိုင္ကယ္တိုက္မႈ ၃ မႈထက္မနည္းျဖစ္ပြားခဲ့ၿပီး ထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း စစ္ကားျဖင့္ တိုက္မိပါက နစ္နာေၾကးမရရွိသည့္အျပင္ အမႈဖြင့္ခြင့္ပါမရရွိေၾကာင္းလည္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
Photo – CJ
#P08
#Lungekhit