ရေစကြို ဘောလုံးကွင်းစျေး ဆက်ကြေးလာကောက်တဲ့ ပျူစောထီကားကို ပစ်ခတ် ကြမ်းချက်ကြီး(ရုပ်သံ)

ရေစကြို၊ ဘောလုံးကွင်းစျေးတွင် စျေးကောက် လာကောက်ရင်း ကင်းလှည့်သည့် လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦး သေဆုံးစေခဲ့သည့် ပစ်ခတ်မှု ဗီဒီယို(ရုပ်/သံ)

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စျေးကောက်လာကောက်သည့် လက်နက် ကိုင် ပျူစောထီး ထွန်းအောင်ကျော်နှင့်စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြသည်။

သြဂုတ်လ ၂၈ နေ့ နံနက် ၇ နာရီ ၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက် ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ က ပစ်ခတ်ရာ ၅ ဦးလုံး သေဆုံးသွားကြောင်း၊ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို Black Wolf People’s Defense Force (MDY)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြို၊ ဒေါင်းညီနောင် PDF ၊ People’s Defense Force – Mandalay ၊ ဗိုလ်သမိုင်း၊ Black Wolf People’s Defense Force (MDY) ၊MDY-PDF ခရိုင်တပ်ရင်း(၃)၊တပ်ခွဲ(၃)တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

ရေစကြို၊ ဘောလုံးကွင်းဈေးတွင် ဈေးကောက် လာကောက်ရင်း ကင်းလှည့်သည့် လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦး သေဆုံးစေခဲ့သည့် ပစ်ခတ်မှု ဗီဒီယို(ရုပ်/သံ)

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဈေးကောက်လာကောက်သည့် လက်နက် ကိုင် ပျူစောထီး ထွန်းအောင်ကျော်နှင့်စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြသည်။

သြဂုတ်လ ၂၈ နေ့ နံနက် ၇ နာရီ ၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျဈေးအနီးတွင် ဈေးကောက် ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ က ပစ်ခတ်ရာ ၅ ဦးလုံး သေဆုံးသွားကြောင်း၊ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
