ရေစကြိုတွင် စစ်ယာဉ်တန်းများ ၂ ကြိမ် မိုင်းခွဲခံရပြီး စစ်သား ၂၅ ဦးသေဆုံး၊ မြို့လယ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင်ထွန်းအောင်ကျော်နှင့်အဖွဲ့ဝင် ၅ ဦးထံမှ လက်နက် ၅ လက်ရရှိ
ရန်ကုန်၊ ဩဂုတ် ၃၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီးနှင့် light truck ၃ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေစကြိုမြို့အဝင် စိုက်ပျိုးရေးရုံးအနီး၌ မိုင်းခွဲတိုက်ခိုက်ရာ စစ်သုံးကား ၁ စီးနှင့် Light Truck ကား ၁ စီး တည့်တည့်ထိမှန်ပျက်စီးပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း သိရှိရသည်။
ဩဂုတ်လ ၃၀ ရက် နေ့လယ်တွင် အဆိုပါ စိုက်ပျိုးရေးရုံးအနီး၌ မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း ရေစကြို PDF က ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများကို ရေစကြို PDF၊ N-YSO ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သြဂုတ်လ ၂၈ နေ့ နံနက် ၇ နာရီ ၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ က ပစ်ခတ်ရာ ၅ ဦးလုံး သေဆုံးသွားကြောင်း၊ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးကို Black Wolf People’s Defense Force (MDY)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြို၊ ဒေါင်းညီနောင် PDF ၊ People’s Defense Force – Mandalay ၊ ဗိုလ်သမိုင်း၊ Black Wolf People’s Defense Force (MDY) ၊MDY-PDF ခရိုင်တပ်ရင်း(၃)၊တပ်ခွဲ(၃)တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- သေဆုံးသွားသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထံမှ သိမ်းဆည်းရမိသည့် လက်နက် ၅ လက်။
Zawgyi(version)
ေရစႀကိဳတြင္ စစ္ယာဥ္တန္းမ်ား ၂ ႀကိမ္ မိုင္းခြဲခံရၿပီး စစ္သား ၂၅ ဦးေသဆုံး၊ ၿမိဳ႕လယ္တြင္ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ ပ်ဴေစာထီး ေခါင္းေဆာင္ထြန္းေအာင္ေက်ာ္ႏွင့္အဖြဲ႕ဝင္ ၅ ဦးထံမွ လက္နက္ ၅ လက္ရရွိ
ရန္ကုန္၊ ဩဂုတ္ ၃၁
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းမ်ားကို ဩဂုတ္လ ၂၉ ရက္ႏွင့္ ၃၀ ရက္တြင္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက မိုင္းခြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၅ ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရကာ ကား ၂ စီး မီးေလာင္ပ်က္စီးသြားေၾကာင္း ေရစႀကိဳ PDF က သတင္းထုတ္ျပန္သည္။
ဩဂုတ္လ ၂၉ ရက္၊ မြန္းလြဲ ၂ နာရီခြဲခန႔္တြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္ကား ၂ စီးႏွင့္ light truck ၃ စီးကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေရစႀကိဳၿမိဳ႕အဝင္ စိုက္ပ်ိဳးေရး႐ုံးအနီး၌ မိုင္းခြဲတိုက္ခိုက္ရာ စစ္သုံးကား ၁ စီးႏွင့္ Light Truck ကား ၁ စီး တည့္တည့္ထိမွန္ပ်က္စီးၿပီး စစ္သား ၂၀ ဦးေသဆုံးေၾကာင္း သိရွိရသည္။
ဩဂုတ္လ ၃၀ ရက္ ေန႕လယ္တြင္ အဆိုပါ စိုက္ပ်ိဳးေရး႐ုံးအနီး၌ မိုင္းရွင္းလင္းေရးလုပ္ေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ထပ္မံေဖာက္ခြဲတိုက္ခိုက္ရာ စစ္သား ၅ ဦးေသဆုံးၿပီး ၂ ဦး ဒဏ္ရာရေၾကာင္း ေရစႀကိဳ PDF က ထုတ္ျပန္သည္။
အဆိုပါ တိုက္ခိုက္မႈမ်ားကို ေရစႀကိဳ PDF၊ N-YSO ေျပာက္က်ားတပ္၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန္းငွက္)PDF -Myaing Township တို႔က ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ၾသဂုတ္လ ၂၈ ေန႕ နံနက္ ၇ နာရီ ၃၀ နာရီအခ်ိန္ခန့္တြင္ မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္၊ ေဘာလုံးကြင္းပ်ံက်ေစ်းအနီးတြင္ ေစ်းေကာက္ေကာက္ကာ ကင္းပတ္လာေသာ ပ်ဴေခါင္းေဆာင္ ထြန္းေအာင္ေက်ာ္ အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦးကို ၿမိဳ႕ျပစစ္ဆင္ေရးမဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ က ပစ္ခတ္ရာ ၅ ဦးလုံး ေသဆုံးသြားေၾကာင္း၊ MA 4 (၁)လက္၊ MA 1 (၁)လက္၊ AK-47 (၁)လက္၊ ကာဘိုင္ (၂)လက္ ႏွင့္အတူ MA က်ည္ေဘာက္ (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက္ပစ္ဗုံးတစ္လုံး၊ ဖုန္း (၂) လုံးသိမ္းဆည္းရရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။
အဆိုပါ စစ္ဆင္ေရးကို Black Wolf Peoples Defense Force (MDY)၊ Phoenix အထူးေျပာက္က်ားတပ္ဖြဲ႕ ေရစႀကိဳ၊ ေဒါင္းညီေနာင္ PDF ၊ Peoples Defense Force Mandalay ၊ ဗိုလ္သမိုင္း၊ Black Wolf Peoples Defense Force (MDY) ၊MDY-PDF ခရိုင္တပ္ရင္း(၃)၊တပ္ခြဲ(၃)တို႔က ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေသဆုံးသြားေသာ ပ်ဴေခါင္းေဆာင္ ထြန္းေအာင္ေက်ာ္ အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦးထံမွ သိမ္းဆည္းရမိသည့္ လက္နက္ ၅ လက္။