တခါတလေ သိပ်ပင်ပန်းခက်ခဲတယ်။တခါတလေ အငတ်ငတ် အပြတ်ပြတ်။
တခါတလေ ရင်ထဲ ဒိ-န်းခနဲ ဆော-င့်တက်သွားတဲ့အဖြစ်အပျက်တွေက နဖူးတွေ့ဒူးတွေ့။
တခါတလေ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်လက်ပေါ်မှာတင် အသ-က်ထွ-က်သွားတယ်။
တခါတလေ မိသားစုကို လွမ်းလို့မျက်ရည် ခိုး “ဝဲ” ရတယ်။
တခါတလေ ကျ-ည်တွေက ပွတ်ကာသီကာကိုယ့် နားရွက်ဘေးက ဖြတ်သွားတယ်။
တခါတလေ ရှင်သန်နေသေးသားဘဲ ဆိုတဲ့အသိနဲ့ သက်ပြင်းချရတာ အခါခါ။
ကွန်ပျူတာကိုင်တဲ့လက်တွေမှာ လူသ-တ်လ-က်န-က်အစားထိုးရတာ ဘဝမှာ အခက်အခဲဆုံး အလုပ်တခု ဖြစ်ခဲ့တယ်။
ကြောက်လား ဆိုရင်တော့ ဟင့်အင်း။ရပ်တော့မလား ဆိုရင်တော့ ဟင့်အင်း။
ငါတို့ရဲ့ ” လူငယ်ကတိသစ္စာ ” ဟာ ဒီကမ္ဘာမြေကြီးကိုပါကိုင်လှုပ်နိုင်တယ်။ ဒီလို ယုံကြည်ခိုင်မာနေတဲ့စိတ်ဓာတ်အားတွေနဲ့ ငါတို့ ရှင်သန်နေကြတယ်။
ငါတို့နိုင်ငံကို ငါတို့လက်နဲ့ အစက ပြန်တည်မယ်။
တော်ဝင်နောင် (MasK.)

crd
Zawgyi(version)
တော်ဝင်နောင် (MasK.)