လက်ရှိအချိန်မှာ ဒေါ်လာဈေး အနေနဲ့ ၃၉၀၀ သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး မနက်ဖြန် ဈေးကွက်ဖွင့်တဲ့အချိန်မှာ ထပ်မံတက်နိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ အရောင်းအဝယ် လုံးဝရပ်တန့်သွားပြီး ကြိုက်ရောင်းကြိုက်ဝယ်အခြေအနေသို့ ရောက်ရှိသွားပြီလို့ ဒေါ်လာဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဈေးကွက်အတွင်းမှာ ဒေါ်လာ မရှိသလောက် ရှားသွားပြီး လိုအပ်တဲ့သူတွေအနေနဲ့ လိုက်လံ ရှာဖွေတာတောင် မရောင်းတော့တဲ့ အနေအထားမျိုးတွေ တွေ့ကြုံနေရပါတယ်။
မြန်မာငွေတန်ဖိုးဟာ နေ့ချင်းညချင်း ကျဆင်းသွားပြီး အလွန်အမင်းငွေကြေး ဖောင်းပွမှုနှုန်း (Hyper inflation) သို့ ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်ထားကြပါတယ်။ မြန်မာ့စီးပွားရေးကို လေ့လာနေတဲ့ စီးပွားရေးသမား တဦးရဲ့ အမြင်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
ကိုယ်နဲ့ အမြဲချိတ်ဆက်ပြီး စီးပွားရေး အခြေအနေ သတင်းတွေပေးနေတဲ့ ရန်ကုန်စီးပွားရေးသမားတစ်ဦးရှိတယ်။ သူက တပ်ထဲလည်းပေါက်ရောက်သလို စီးပွားရေးအပိုင်းမှာလည်း အတော်ကြီးကို လူသိတယ်။
သူမှန်းခဲ့တဲ့ စကားတွေ ခေတ်သစ်မှာပြောခဲ့တာတွေ အကုန်လုံးက ကွက်တိ တွေပဲ။ တစ်ဒေါ်လာ ၃၀၀၀ ကျော်လိမ့်မယ်လို့ ကြိုပြောခဲ့တယ်။ ကျော်တာပဲ။ သူက ခန့်မှန်းတယ်ဆိုတာထက် သူ့မှာ တပ်တွင်း အခြေအနေ ၊ အပြင်စီးပွား ရေး အခြေအနေကို တွက်ချက်နိုင်တဲ့ အချက်အလက်တွေရှိနေတယ်။ အဲဒါကြောင့် အချက်အလက်တွေနဲ့တွက်ချက်ပြီး သူပြောတာ။ ဘလိုင်းကြီး ဗေဒင်ဟောနေတာတော့မဟုတ်ဘူး။
မနေ့ တနင်္လာနေ့က စျေးကွက်က အခြေအနေ ခဏစောင့်ကြည့်နေတာမို့ အင်္ဂါနေ့မှာ ၃၅၀၀ နဲ့ ၄၀၀၀ ရောက်လိမ့်မယ် ဒေါ်လာစျေးလို့ သတင်းမှာ ပြောခဲ့တယ်။ ဒီနေ့ ၃၇၀၀ အထိ တက်လာတယ် ဒေါ်လာစျေးက။ သူက ခန့်မှန်းထားတာက သိပ်မကြာခင် တစ်ဒေါ်လာ ၅၀၀၀ ဖြစ်မယ်တဲ့။ ၅၀၀၀ ဖြစ်ပြီးရင်တော့ ခဏလေး ငြိမ်လိမ့်မယ်တဲ့။
စီးပွားရေးက ပြိုရုံမက ပျက်မှာမို့ ခဏ ငြိမ်ပြီးတာနဲ့ ဝုန်းခနဲ အကုန်ပြိုသွားမယ်တဲ့။ အဲဒီကျရင် ခန့်မှန်းစရာမလိုတော့ပဲ အားလုံး ရပ်တန့်သွားလိမ့်မယ်တဲ့။ သာလွန်ဇောင်းထက် (ခေတ်သစ်အယ်/ချုပ်)
Zawgyi(version)
လက္ရွိအခ်ိန္မွာ ေဒၚလာေဈး အေနနဲ႕ ၃၉၀၀ သို႔ ေရာက္ရွိခဲ့ၿပီ ျဖစ္ၿပီး မနက္ျဖန္ ေဈးကြက္ဖြင့္တဲ့အခ်ိန္မွာ ထပ္မံတက္နိုင္တယ္လို႔ သိရပါတယ္။ ေဈးကြက္ထဲမွာ အေရာင္းအဝယ္ လုံးဝရပ္တန႔္သြားၿပီး ႀကိဳက္ေရာင္းႀကိဳက္ဝယ္အေျခအေနသို႔ ေရာက္ရွိသြားၿပီလို႔ ေဒၚလာေဈးကြက္နဲ႕ နီးစပ္သူတဦးက ေျပာပါတယ္။
ေဈးကြက္အတြင္းမွာ ေဒၚလာ မရွိသေလာက္ ရွားသြားၿပီး လိုအပ္တဲ့သူေတြအေနနဲ႕ လိုက္လံ ရွာေဖြတာေတာင္ မေရာင္းေတာ့တဲ့ အေနအထားမ်ိဳးေတြ ေတြ႕ႀကဳံေနရပါတယ္။
ျမန္မာေငြတန္ဖိုးဟာ ေန႕ခ်င္းညခ်င္း က်ဆင္းသြားၿပီး အလြန္အမင္းေငြေၾကး ေဖာင္းပြမႈႏႈန္း (Hyper inflation) သို႔ ဦးတည္ေနတယ္လို႔ စီးပြားေရး ပညာရွင္မ်ားက သုံးသပ္ထားၾကပါတယ္။ ျမန္မာ့စီးပြားေရးကို ေလ့လာေနတဲ့ စီးပြားေရးသမား တဦးရဲ႕ အျမင္ကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-
ကိုယ္နဲ႕ အၿမဲခ်ိတ္ဆက္ၿပီး စီးပြားေရး အေျခအေန သတင္းေတြေပးေနတဲ့ ရန္ကုန္စီးပြားေရးသမားတစ္ဦးရွိတယ္။ သူက တပ္ထဲလည္းေပါက္ေရာက္သလို စီးပြားေရးအပိုင္းမွာလည္း အေတာ္ႀကီးကို လူသိတယ္။
သူမွန္းခဲ့တဲ့ စကားေတြ ေခတ္သစ္မွာေျပာခဲ့တာေတြ အကုန္လုံးက ကြက္တိ ေတြပဲ။ တစ္ေဒၚလာ ၃၀၀၀ ေက်ာ္လိမ့္မယ္လို႔ ႀကိဳေျပာခဲ့တယ္။ ေက်ာ္တာပဲ။ သူက ခန႔္မွန္းတယ္ဆိုတာထက္ သူ႕မွာ တပ္တြင္း အေျခအေန ၊ အျပင္စီးပြား ေရး အေျခအေနကို တြက္ခ်က္နိုင္တဲ့ အခ်က္အလက္ေတြရွိေနတယ္။ အဲဒါေၾကာင့္ အခ်က္အလက္ေတြနဲ႕တြက္ခ်က္ၿပီး သူေျပာတာ။ ဘလိုင္းႀကီး ေဗဒင္ေဟာေနတာေတာ့မဟုတ္ဘူး။
မေန႕ တနလၤာေန႕က ေစ်းကြက္က အေျခအေန ခဏေစာင့္ၾကည့္ေနတာမို႔ အဂၤါေန႕မွာ ၃၅၀၀ နဲ႕ ၄၀၀၀ ေရာက္လိမ့္မယ္ ေဒၚလာေစ်းလို႔ သတင္းမွာ ေျပာခဲ့တယ္။ ဒီေန႕ ၃၇၀၀ အထိ တက္လာတယ္ ေဒၚလာေစ်းက။ သူက ခန႔္မွန္းထားတာက သိပ္မၾကာခင္ တစ္ေဒၚလာ ၅၀၀၀ ျဖစ္မယ္တဲ့။ ၅၀၀၀ ျဖစ္ၿပီးရင္ေတာ့ ခဏေလး ၿငိမ္လိမ့္မယ္တဲ့။
စီးပြားေရးက ၿပိဳ႐ုံမက ပ်က္မွာမို႔ ခဏ ၿငိမ္ၿပီးတာနဲ႕ ဝုန္းခနဲ အကုန္ၿပိဳသြားမယ္တဲ့။ အဲဒီက်ရင္ ခန႔္မွန္းစရာမလိုေတာ့ပဲ အားလုံး ရပ္တန႔္သြားလိမ့္မယ္တဲ့။ သာလြန္ေဇာင္းထက္ (ေခတ္သစ္အယ္/ခ်ဳပ္)
Zawgyi(version)