စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည့် ကလေးကို ဂူသွင်းသြင်္ဂိုဟ်
Western News-ဩဂုတ်၊ ၃၀ ရက်
ဆန်း မင်း အောင်
ဩဂုတ် ၂၈ ရက်နေ့ ညပိုင်းက မြောက်ဦးအခြေစိုက် ခမရ (၃၇၇) ခမရ (၅၄၀) စစ်ကောင်စီတပ်ရင်းက ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် ၄ နှစ်အရွယ်ကလေးကို ယနေ့ ဩဂုတ် ၃၀ ရက်နေ့တွင် ဂူသွင်းသြင်္ဂိုဟ်ခဲ့သည်။
အသက် ၄ နှစ်ရွယ် မောင်မြတ်သူလင်းသည် လက်နက်ကြီး ပစ်ခတ်နေစဉ်အတွင်း မိခင်ဖြစ်သူနှင့် ကြောက်လန့်ထွက်ပြေးရာကနေ လက်နက်ကြီးအစ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိကာ မြောက်ဦးပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရသည်။
ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဒေါ်အေးယဉ်နု အသက် ၆၀ ကျော်နှင့် ဦးလှအောင်သိန်း အသက် ၃၈ နှစ် ကို ဩဂုတ် ၂၉ ရက်နေ့တွင် မြောက်ဦးမြို့မင်းသားကျွန်းသုသာန်တွင် မီးသြင်္ဂိုဟ်ခဲ့ပြီး မောင်မြတ်သူလင်း၏ မိခင်ဖြစ်သူသည် ခွဲစိတ်ခန်းထဲဝင်နေရ၍ သားဖြစ်သူအား ယနေ့မှ သြင်္ဂိုဟ်ခဲ့ရသည်။
စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိထားသူများမှာ ဦးဝင်ခိုင်(၂၆ နှစ်)၊ ဒေါ်ဦးစောညွှန့်(၅၅ နှစ်)၊ ဒေါ်မချေ (၄၅ နှစ်)၊ ဒေါ်စုစု(၃၀) နှစ်၊ ဦးစံရွှေမောင်(၆၈)နှစ်၊ ဦးမောင်သန်း (၃၅) နှစ်၊ ဦးထွန်းကျော်လှ(၄၀ နှစ်) တို့ဖြစ်ကြပြီး မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
အဆိုပါကင်းဆိပ်ကျေးရွာမှာ မြောက်ဦးမြို့နှင့်အနီးစပ်ဆုံး အနောက်တောင်ထောင့်ဖက်တွင်ရှိနေပြီး ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ကာကျေးရွာမှာ မြောက်ဦးမြို့ အပြင်ဘက် အရှေ့မြောက်ထောင့်ဖက်တွင်ရှိကာ တိုက်ပွဲဖြစ်ပွါးသည့်နေရာနှင့် အလွန်ကွာဝေးကြောင်း ဒေသခံများက ပြောသည်။
Western News-WN
ဓာတ်ပုံ-ရွှေသန်းကျော်
Zawgyi(version)
စစ္ေကာင္စီက ပစ္လိုက္သည့္ လက္နက္ႀကီးထိမွန္၍ ေသဆုံးခဲ့သည့္ ကေလးကို ဂူသြင္းၾသဂႋုဟ္
Western News-ဩဂုတ္၊ ၃၀ ရက္
ဆန္း မင္း ေအာင္
ဩဂုတ္ ၂၈ ရက္ေန႕ ညပိုင္းက ေျမာက္ဦးအေျခစိုက္ ခမရ (၃၇၇) ခမရ (၅၄၀) စစ္ေကာင္စီတပ္ရင္းက ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္ေၾကာင့္ ေသဆုံးသြားသည့္ ၄ ႏွစ္အ႐ြယ္ကေလးကို ယေန႕ ဩဂုတ္ ၃၀ ရက္ေန႕တြင္ ဂူသြင္းၾသဂႋုဟ္ခဲ့သည္။
အသက္ ၄ ႏွစ္႐ြယ္ ေမာင္ျမတ္သူလင္းသည္ လက္နက္ႀကီး ပစ္ခတ္ေနစဥ္အတြင္း မိခင္ျဖစ္သူႏွင့္ ေၾကာက္လန႔္ထြက္ေျပးရာကေန လက္နက္ႀကီးအစ ဦးေခါင္းႏွင့္ ခႏၶာကိုယ္ေပၚတြင္ ထိမွန္ခဲ့ျခင္းျဖစ္ၿပီး မိခင္ျဖစ္သူမွာလည္း ထိခိုက္ဒဏ္ရာရရွိကာ ေျမာက္ဦးျပည္သူ႕ေဆး႐ုံတြင္ ေဆးကုသခံယူေနရသည္။
ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့သည့္ ေဒၚေအးယဥ္ႏု အသက္ ၆၀ ေက်ာ္ႏွင့္ ဦးလွေအာင္သိန္း အသက္ ၃၈ ႏွစ္ ကို ဩဂုတ္ ၂၉ ရက္ေန႕တြင္ ေျမာက္ဦးၿမိဳ႕မင္းသားကြၽန္းသုသာန္တြင္ မီးၾသဂႋုဟ္ခဲ့ၿပီး ေမာင္ျမတ္သူလင္း၏ မိခင္ျဖစ္သူသည္ ခြဲစိတ္ခန္းထဲဝင္ေနရ၍ သားျဖစ္သူအား ယေန႕မွ ၾသဂႋုဟ္ခဲ့ရသည္။
စစ္ေကာင္စီက ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္ေၾကာင့္ ဒဏ္ရာရရွိထားသူမ်ားမွာ ဦးဝင္ခိုင္(၂၆ ႏွစ္)၊ ေဒၚဦးေစာၫႊန႔္(၅၅ ႏွစ္)၊ ေဒၚမေခ် (၄၅ ႏွစ္)၊ ေဒၚစုစု(၃၀) ႏွစ္၊ ဦးစံေ႐ႊေမာင္(၆၈)ႏွစ္၊ ဦးေမာင္သန္း (၃၅) ႏွစ္၊ ဦးထြန္းေက်ာ္လွ(၄၀ ႏွစ္) တို႔ျဖစ္ၾကၿပီး ေျမာက္ဦးေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရသည္။
အဆိုပါကင္းဆိပ္ေက်း႐ြာမွာ ေျမာက္ဦးၿမိဳ႕ႏွင့္အနီးစပ္ဆုံး အေနာက္ေတာင္ေထာင့္ဖက္တြင္ရွိေနၿပီး ယမန္ေန႕ တိုက္ပြဲျဖစ္ပြားခဲ့သည့္ လကၠာေက်း႐ြာမွာ ေျမာက္ဦးၿမိဳ႕ အျပင္ဘက္ အေရွ႕ေျမာက္ေထာင့္ဖက္တြင္ရွိကာ တိုက္ပြဲျဖစ္ပြါးသည့္ေနရာႏွင့္ အလြန္ကြာေဝးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
Western News-WN
ဓာတ္ပုံ-ေ႐ႊသန္းေက်ာ္