မုံရွာမြို့၊ မြဝတီဘဏ်ရှေ့ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက် ၃ဦးသေ (ရုပ်သံ)

မုံရွာမြို့မှာ လမ်းပေါ်ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ သုံးယောက် သေဟုဆို၊

MFP ၊ သြဂုတ် – ၃၀

မုံရွာမြို့မှာ လမ်းမပေါ် ဂိတ်ဖွင့်ပြီး လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစ သုံးယောက် သေတယ်လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၃၀)ရက် နေ့လည်(၁)နာရီခွဲက မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်က မြဝတီဘဏ်ရှေ့မှာ ဂိတ်ဖွင့်ပြီး လက်နက်ပြ မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာမြို့ မြဝတီဘဏ် ရှေ့တွင် ဆက်ကြေးကောက် ဂိတ်စောင့် ခွေးအ တအုပ်ကို အမှည့်ခြွေခဲ့ရာ သုံးကောင်မှာ မုန့်ဟင်းခါး ဖြစ်သွားကြောင်း အတိအကျ သတင်းရရှိခဲ့သည်။ အဆိုပါ ပြောက်ကျားစစ်ဆင်ရေးတွင် ဆိုင်ကယ်စီးပြည်သူ တချို့မှာ ဖြတ်သန်းသွားလာသဖြင့် ရဲဘော်များ အပစ်ရပ်ကာ ဆုတ်ခွာခဲ့ရသဖြင့် လက်နက် ရယူနိုင်မည့် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။

မိဘ ပြည်သူ များအနေဖြင့် အကြမ်းဖက် ခွေးအ များနှင့် ဝေးရာမှ ရှောင်ကွင်းပေးခြင်းဖြင့် ၊ မြို့ပြရဲဘော်များအားအကူအညီပေးပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်” လို့ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MPDF က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ မုံရွာခရိုင်အမှတ် (၁) တပ်ရင်း ၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) ၊ Monywa Hero Group (MHG) နှင့် မုံရွာ နတ်ဆိုး အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

မုံ႐ြာၿမိဳ႕မွာ လမ္းေပၚဂိတ္ဖြင့္ၿပီး ဆက္ေၾကးေကာက္ေနတဲ့ စစ္အုပ္စုကို ပစ္ခတ္တိုက္ခိုက္၊ သုံးေယာက္ ေသဟုဆို၊

MFP ၊ ၾသဂုတ္ – ၃၀

မုံ႐ြာၿမိဳ႕မွာ လမ္းမေပၚ ဂိတ္ဖြင့္ၿပီး လက္နက္ျပ မိုက္ေၾကးခြဲ ဆက္ေၾကးေတာင္းေနတဲ့ စစ္အုပ္စုကို ဒီေန႕လည္ပိုင္း အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စကစ သုံးေယာက္ ေသတယ္လို႔ မုံ႐ြာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕- MPDF က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႕ ၾသဂုတ္(၃၀)ရက္ ေန႕လည္(၁)နာရီခြဲက မုံ႐ြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းေပၚက ျမဝတီဘဏ္ေရွ႕မွာ ဂိတ္ဖြင့္ၿပီး လက္နက္ျပ မိုက္ေၾကးခြဲ၊ ဆက္ေၾကးေကာက္ေနတဲ့ စစ္အုပ္စုကို ပစ္ခတ္တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

မုံ႐ြာၿမိဳ႕ ျမဝတီဘဏ္ ေရွ႕တြင္ ဆက္ေၾကးေကာက္ ဂိတ္ေစာင့္ ေခြးအ တအုပ္ကို အမွည့္ေႁခြခဲ့ရာ သုံးေကာင္မွာ မုန႔္ဟင္းခါး ျဖစ္သြားေၾကာင္း အတိအက် သတင္းရရွိခဲ့သည္။ အဆိုပါ ေျပာက္က်ားစစ္ဆင္ေရးတြင္ ဆိုင္ကယ္စီးျပည္သူ တခ်ိဳ႕မွာ ျဖတ္သန္းသြားလာသျဖင့္ ရဲေဘာ္မ်ား အပစ္ရပ္ကာ ဆုတ္ခြာခဲ့ရသျဖင့္ လက္နက္ ရယူနိုင္မည့္ အခြင့္အေရး ဆုံးရႈံးခဲ့ရသည္။

မိဘ ျပည္သူ မ်ားအေနျဖင့္ အၾကမ္းဖက္ ေခြးအ မ်ားႏွင့္ ေဝးရာမွ ေရွာင္ကြင္းေပးျခင္းျဖင့္ ၊ ၿမိဳ႕ျပရဲေဘာ္မ်ားအားအကူအညီေပးပါရန္ အေလးအနက္ေတာင္းဆိုအပ္ပါသည္ လို႔ မုံ႐ြာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕- MPDF က ေဖာ္ျပပါတယ္။

အဲ့ဒီ စစ္ဆင္ေရးကို မုံ႐ြာျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (MPDF)၊ မုံ႐ြာခရိုင္အမွတ္ (၁) တပ္ရင္း ၊ မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႕လုံၿခဳံေရးတပ္ဖြဲ႕(ပလဖ) ၊ Monywa Hero Group (MHG) ႏွင့္ မုံ႐ြာ နတ္ဆိုး အဖြဲ႕တို႔ ပူးေပါင္း တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #မုံ႐ြာ #ဂိတ္တဲ #MPDF