မုံရွာစီးပွားရေးတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့မှ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်
အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်(၇)ဖွဲ့ပူးပေါင်းကာ ဗုံးပစ်လောင် ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ayadaw Bone Naing PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
သြဂုတ် ၂၈ရက် ည၈ နာရီ ၄၅မိနစ်ခန့်က မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်ကျောင်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို (၄၀)မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်များဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Ayadaw Bone Naing PDF အဖွဲ့က ပြောသည်။
မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်ပြီးနောက် မဟာမိတ်အဖွဲ့သားများ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်အထိအခိုက်အကျဆုံးကိုမူ မသိရသေးကြောင်း Ayadaw Bone Naing PDF အဖွဲ့က ပြောသည်။
အဆိုပါစစ်ဆင်ရေးကို Ayadaw Bone Naing PDF၊Ayadaw Falcon Force(AF2)၊ချိုးငှက်-PDF ၊FFP၊Knight of the new generation ၊ပုဏ္ဏက၊Monywa Fight Group မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
ရုပ်သံ – Ayadaw Bone Naing PDF
Zawgyi(version)
မုံ႐ြာစီးပြားေရးတကၠသိုလ္ရွိ စစ္ေကာင္စီတပ္ ေလာင္ခ်ာျဖင့္ ဗုံးထုခံရ
ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚရွိ စီးပြားေရးတကၠသိုလ္ဝင္းအတြင္း တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္အား မဟာမိတ္(၇)ဖြဲ႕ပူးေပါင္းကာ ဗုံးပစ္ေလာင္ ခ်ာျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း Ayadaw Bone Naing PDF အဖြဲ႕က သတင္းထုတ္ျပန္သည္။
ၾသဂုတ္ ၂၈ရက္ ည၈ နာရီ ၄၅မိနစ္ခန့္က မုံ႐ြာၿမိဳ႕ေပၚရွိ စီးပြားေရးတကၠသိုလ္ေက်ာင္းထဲတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ကို (၄၀)မမ ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေသနတ္မ်ားျဖင့္လည္း ဆက္တိုက္ပစ္ခတ္တိုက္ခိုက္ရာ အျပန္အလွန္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း Ayadaw Bone Naing PDF အဖြဲ႕က ေျပာသည္။
မိနစ္အနည္းငယ္ အျပန္အလွန္ပစ္ခတ္ၿပီးေနာက္ မဟာမိတ္အဖြဲ႕သားမ်ား အထိအခိုက္မရွိဆုတ္ခြာလာနိုင္ခဲ့ၿပီး အၾကမ္းဖက္စစ္တပ္အထိအခိုက္အက်ဆဳံးကိုမူ မသိရေသးေၾကာင္း Ayadaw Bone Naing PDF အဖြဲ႕က ေျပာသည္။
အဆိုပါစစ္ဆင္ေရးကို Ayadaw Bone Naing PDF၊Ayadaw Falcon Force(AF2)၊ခ်ိဳးငွက္-PDF ၊FFP၊Knight of the new generation ၊ပုဏၰက၊Monywa Fight Group မဟာမိတ္အဖြဲ႕မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့သည္ဟု အသိေပးထားသည္။
႐ုပ္သံ – Ayadaw Bone Naing PDF