ရေစကြိုမှာ မနေ့က အသ-တ်ခံရတဲ့ ပျူတွေ အသုဘပို့တဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ ငါးယောက် ထပ်သေဟုဆို၊
MFP၊ သြဂုတ် – ၃၀
မကွေးတိုင်း ရေစကြိုမြို့မှာ မနေ့က သု-တ်-သင် ရှင်းလင်းခံရတဲ့ ပျူစောထီးတွေရဲ့ အသုဘကို လိုက်ပိုတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း မြို့ပြင် သချိုင်းကုန်းနား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် ထပ်သေတယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲတစ်ဖွဲ့က ရဲဘော်အုန်းသီးက MFP ကို ပြောပါတယ်။
ဒီကနေ့ သြဂုတ်(၃၀)ရက် မနက်(၁၁)နာရီခွဲက ရေစကြိုမြိုပြင် သချိုင်းဘက် အသုဘ လိုက်ပိုတဲ့ စစ်အုပ်စုကို ရေစကြိုမြို့အဝင် ကားလမ်းဘေး မိုင်းရှင်းရင်း သွားလာနေချိန် မိုင်းကွင်ထဲ အရောက်မှာ ဖောက်ခွဲတိုက် ခိုက်ခဲ့တာလို ဆိုပါတယ်။
အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စကစ ငါးယောက် သေမယ်လို့ ခန့်မှန်းရပြီး မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို ရဲဘော်အုန်းသီးက ပြောပါတယ်။
“သူတိုဘက်ကပဲ ရမ်းပစ်နေတာ။ ကိုယ်ဘက်က မပစ်ဘူး ။ လူခွဲပြီး အသာထွက်လာတာ”လို ရဲဘော်အုန်းသီးက ဆိုပါတယ်။
မနေ့ သြဂုတ်(၂၉)ရက် မနက်(၈)နာရီခွဲက ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးမှာ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်ဖို့ လာရောက်တဲ့ ဆင်ချောင်းရွာက စစ်ကောင်စီ လက်ပါးစေ ပျူခေါင်းဆောင် စိုးမောင်ရဲ့ လူယုံ ပေါက်တောဇာတိ ပျူ ထွန်းအောင်ကျော်နှင့် နောက်လိုက် ပျူ ငါးယောက်ကို ကားပေါ်က အဆင်းမှာ တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ခြောက်ယောက်လုံး သေပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းယူ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပျူတွေ သု-တ်-သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ယာယီဈေးထဲက ဈေးဆိုင်တန်းနဲ့ ကုန်ပစ္စည်းတွေကို လုယက်ကာ မီးရှိဖျက်ဆီးခဲ့တဲ့အပြင် ရေစကြိုနယ်က အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒေသခံ ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို
Zawgyi(version)
ေရစႀကိဳမွာ မေန႕က အသ-တ္ခံရတဲ့ ပ်ဴေတြ အသုဘပို႔တဲ့ စစ္အုပ္စုကို မိုင္းဆြဲ၊ ငါးေယာက္ ထပ္ေသဟုဆို၊
MFP၊ ၾသဂုတ္ – ၃၀
မေကြးတိုင္း ေရစႀကိဳၿမိဳ႕မွာ မေန႕က သု-တ္-သင္ ရွင္းလင္းခံရတဲ့ ပ်ဴေစာထီးေတြရဲ႕ အသုဘကို လိုက္ပိုတဲ့ စစ္အုပ္စုကို ဒီမနက္ပိုင္း ၿမိဳ႕ျပင္ သခ်ိဳင္းကုန္းနား မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စကစ ငါးေယာက္ ထပ္ေသတယ္လို႔ ေရစႀကိဳအေျခစိုက္ ေတာ္လွန္ေရးတပ္ဖြဲတစ္ဖြဲ႕က ရဲေဘာ္အုန္းသီးက MFP ကို ေျပာပါတယ္။
ဒီကေန႕ ၾသဂုတ္(၃၀)ရက္ မနက္(၁၁)နာရီခြဲက ေရစႀကိဳၿမိဳျပင္ သခ်ိဳင္းဘက္ အသုဘ လိုက္ပိုတဲ့ စစ္အုပ္စုကို ေရစႀကိဳၿမိဳ႕အဝင္ ကားလမ္းေဘး မိုင္းရွင္းရင္း သြားလာေနခ်ိန္ မိုင္းကြင္ထဲ အေရာက္မွာ ေဖာက္ခြဲတိုက္ ခိုက္ခဲ့တာလို ဆိုပါတယ္။
အဲဒီ ေဖာက္ခြဲတိုက္ခိုက္မႈေၾကာင့္ စကစ ငါးေယာက္ ေသမယ္လို႔ ခန႔္မွန္းရၿပီး မိုင္းဆြဲခံရတဲ့ စစ္အုပ္စုက လက္နက္ႀကီးေတြနဲ႕ ရမ္းသမ္းပစ္ခတ္ခဲ့ေပမယ့္ ေတာ္လွန္ေရး ရဲေဘာ္ေတြ အထိအခိုက္မရွိခဲ့ဘူးလို ရဲေဘာ္အုန္းသီးက ေျပာပါတယ္။
“သူတိုဘက္ကပဲ ရမ္းပစ္ေနတာ။ ကိုယ္ဘက္က မပစ္ဘူး ။ လူခြဲၿပီး အသာထြက္လာတာ”လို ရဲေဘာ္အုန္းသီးက ဆိုပါတယ္။
မေန႕ ၾသဂုတ္(၂၉)ရက္ မနက္(၈)နာရီခြဲက ေရစႀကိဳၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္၊ ေဘာလုံးကြင္းထဲမွာ ဖြင့္လွစ္ထားတဲ့ ယာယီ-ပ်ံက်ေဈးမွာ လက္နက္ျပ မိုက္ေၾကးခြဲ ဆက္ေၾကးေကာက္ဖို႔ လာေရာက္တဲ့ ဆင္ေခ်ာင္း႐ြာက စစ္ေကာင္စီ လက္ပါးေစ ပ်ဴေခါင္းေဆာင္ စိုးေမာင္ရဲ႕ လူယုံ ေပါက္ေတာဇာတိ ပ်ဴ ထြန္းေအာင္ေက်ာ္ႏွင့္ ေနာက္လိုက္ ပ်ဴ ငါးေယာက္ကို ကားေပၚက အဆင္းမွာ ေတာ္လွန္ေရး ရဲေဘာ္ေတြက ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ပ်ဴ ေျခာက္ေယာက္လုံး ေသၿပီး လက္နက္ခဲယမ္းတခ်ိဳ႕ပါ သိမ္းယူ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။
ပ်ဴေတြ သု-တ္-သင္ ရွင္းလင္းခံရၿပီးေနာက္ စစ္အုပ္စုက ယာယီေဈးထဲက ေဈးဆိုင္တန္းနဲ႕ ကုန္ပစၥည္းေတြကို လုယက္ကာ မီးရွိဖ်က္ဆီးခဲ့တဲ့အျပင္ ေရစႀကိဳနယ္က အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦး အပါအဝင္ ေဒသခံ ျပည္သူ သုံးဦးကို သတ္ျဖတ္ခဲ့ပါတယ္။
#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #မေကြး #ေရစႀကိဳ