ကနီတွင် စစ်ဘေးရှောင်များအတွက်အသုံးပြုမည့် ကျပ်သိန်း ၃၀၀ကျော်တန်ဖိုးရှိ ဆေးပစ္စည်းများ စစ်ကောင်စီ…see more

ကနီတွင် စစ်ဘေးရှောင်များအတွက်အသုံးပြုမည့် ကျပ်သိန်း ၃၀၀ကျော်တန်ဖိုးရှိ ဆေးပစ္စည်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ပြည်သူပိုင်ပစ္စည်းများကိုလည်း အဓမ္မသိမ်းလုယူသွားဟုဆို

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ လေးရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ပြီး ကျပ်သိန်း ၃၀၀ကျော် တန်ဖိုးရှိ ဆေးပစ္စည်းများအား ဖျက်ဆီးသွားသည့်အပြင် စာသင်ဆောင်များ၊ ပြည်သူ့အိုးအိမ်ပစ္စည်းများအား မွှေနှောက်ဖျက်ဆီးလုယူမှုများ ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၈ရက်တွင် ကနီမြို့နယ်၊ သရက်ပင်ရွာ စာသင်ကျောင်းရှိ စာသင်ဆောင်တဲကြီး (၂)တဲ၊ ၎င်းတဲအတွင်းရှိ စာရေးကိရိယာ စာသင်ခုံများ ၊ စာသင်ကျောင်းအတွင်းထားရှိသော စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နေအိမ် ၂၀ထက်မနည်း ဝင်ရောက်၍ စားနပ်ရိက္ခာများအား လုယူခြင်းများရှိခဲ့သည်။

ကနီမြို့နယ် သရက်ပင်တိုက်နယ်ဆေးရုံရှိ စစ်ဘေးရှောင်ပြည်သူပြည်သူများအား ဆေးဝါးကုသပေးနေသည့် ကျပ်သိန်း ၃၀၀ကျော်တန်ဖိုးရှိ ဆေးပစ္စည်းကိရိယာများအား မီးရှို့ဖျက်ဆီးခြင်း ၊ ဆေးဝါးပစ္စည်းကိရိယာများအား ရေတွင်းနှစ်တွင်းထဲ ပစ်ချဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရွာရှိ အသက် (၃၅)နှစ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအား အုပ်စုလိုက် အဓမ္မ ပြုကျင့်မှုများလုပ်ဆောင်ခဲ့သည်ဟုဆိုသော်လည်း ထပ်မံအတည်ပြု၍ မရသေးပေ။

သြဂုတ် ၂၈ရက်တွင် သရက်ပင်ရွာမှ အမျိုးသား ၃၃ဦး ၊ အမျိုးသမီး ၆၂ဦးကို ဖမ်းဆီးစစ်ဆေးမေးမြန်း၍ နောက်တစ်ရက် သြဂုတ် ၂၉ ရက်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများတွင် လသားအရွယ် ရင်ခွင်ပိုက်ကလေးမှ အသက်(၈၂)နှစ်​အထိ ပါဝင်ကြောင်း ​နယ်ခံတစ်ဦးက ပြောသည်။

သြဂုတ် ၂၉ ရက်တွင် ကနီမြို့နယ် ဝါးတန်းအရှေ့ရွာရှိ လူနေအိမ်တစ်လုံး ၊ ဝါးတန်းအနောက်ရွာရှိ လူနေအိမ်(၁၀)လုံး ၊ နွားတဲ(၈)လုံး၊ မီးဖိုချောင်(၁)လုံး ၊ စက်တဲ (၁)လုံး၊ အိုင်တောင်တောတိုက်မှ လူနေအိမ်တစ်လုံး၊ တဲအတွင်းရှိ စစ်ဘေးရှောင်ထားရှိသည့် အိမ်ထောင်ပရိဘောဂများ ၊ ဆေးလိပ်ခုံလုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့တွင်ပင် ကနီမြို့နယ် အုန်းပင်ဆိပ်ရွာသို့ စစ်ကောင်စီတပ်ဝင်ရောက် လာပြီး မီးဖိုချောင် တစ်လုံးအားမီးရှို့ကာ နေအိမ် ၁၀၀ကျော်အား ဝင်ရောက်မွှေနှောက်ရှာဖွေ၍ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့( သြဂုတ် ၃၀ရက်)တွင် စစ်ကောင်စီတပ်သည် ကနီမြိုနယ် အုန်းပင်ဆိပ်ရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချောဆွဲလာသော အမြန်ရေယာဥ်တစ်စီးဖြင့် မုံရွာ -အလုံ-နမခသို့ စုန်ဆင်းသွားကြောင်း ဒေသခံများက ပြောသည်။

ကနီမြို့နယ်အတွင်း ကျေးရွာ လေးရွာ၌ စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)

Zawgyi(version)

ကနီတြင္ စစ္ေဘးေရွာင္မ်ားအတြက္အသုံးျပဳမည့္ က်ပ္သိန္း ၃၀၀ေက်ာ္တန္ဖိုးရွိ ေဆးပစၥည္းမ်ား စစ္ေကာင္စီ မီးရွို႔ဖ်က္ဆီး

ျပည္သူပိုင္ပစၥည္းမ်ားကိုလည္း အဓမၼသိမ္းလုယူသြားဟုဆို

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ရွိ ေက်း႐ြာ ေလး႐ြာသို႔ စစ္ေကာင္စီတပ္ ဝင္ေရာက္ေမႊႏွောက္ၿပီး က်ပ္သိန္း ၃၀၀ေက်ာ္ တန္ဖိုးရွိ ေဆးပစၥည္းမ်ားအား ဖ်က္ဆီးသြားသည့္အျပင္ စာသင္ေဆာင္မ်ား၊ ျပည္သူ႕အိုးအိမ္ပစၥည္းမ်ားအား ေမႊႏွောက္ဖ်က္ဆီးလုယူမႈမ်ား ျပဳလုပ္သြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္သည္ ၾသဂုတ္ ၂၈ ရက္ႏွင့္ ၂၉ ရက္မ်ားက ကနီၿမိဳ႕နယ္ရွိ သရက္ပင္႐ြာ၊ ဝါးတန္းအေရွ႕႐ြာ ၊ဝါးတန္းအေနာက္႐ြာ ၊အုန္းပင္ဆိပ္႐ြာမ်ားအား ဝင္ေရာက္ေမႊႏွောက္ ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

ၾသဂုတ္ ၂၈ရက္တြင္ ကနီၿမိဳ႕နယ္၊ သရက္ပင္႐ြာ စာသင္ေက်ာင္းရွိ စာသင္ေဆာင္တဲႀကီး (၂)တဲ၊ ၎တဲအတြင္းရွိ စာေရးကိရိယာ စာသင္ခုံမ်ား ၊ စာသင္ေက်ာင္းအတြင္းထားရွိေသာ စစ္ေဘးေရွာင္ျပည္သူမ်ား၏ အိမ္ေထာင္ပရိေဘာဂ ပစၥည္းမ်ားကို မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ေနအိမ္ ၂၀ထက္မနည္း ဝင္ေရာက္၍ စားနပ္ရိကၡာမ်ားအား လုယူျခင္းမ်ားရွိခဲ့သည္။

ကနီၿမိဳ႕နယ္ သရက္ပင္တိုက္နယ္ေဆး႐ုံရွိ စစ္ေဘးေရွာင္ျပည္သူျပည္သူမ်ားအား ေဆးဝါးကုသေပးေနသည့္ က်ပ္သိန္း ၃၀၀ေက်ာ္တန္ဖိုးရွိ ေဆးပစၥည္းကိရိယာမ်ားအား မီးရွို႔ဖ်က္ဆီးျခင္း ၊ ေဆးဝါးပစၥည္းကိရိယာမ်ားအား ေရတြင္းႏွစ္တြင္းထဲ ပစ္ခ်ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

အဆိုပါ႐ြာရွိ အသက္ (၃၅)ႏွစ္ရွိ စိတ္က်န္းမာေရးမေကာင္းသူ အမ်ိဳးသမီးအား အုပ္စုလိုက္ အဓမၼ ျပဳက်င့္မႈမ်ားလုပ္ေဆာင္ခဲ့သည္ဟုဆိုေသာ္လည္း ထပ္မံအတည္ျပဳ၍ မရေသးေပ။

ၾသဂုတ္ ၂၈ရက္တြင္ သရက္ပင္႐ြာမွ အမ်ိဳးသား ၃၃ဦး ၊ အမ်ိဳးသမီး ၆၂ဦးကို ဖမ္းဆီးစစ္ေဆးေမးျမန္း၍ ေနာက္တစ္ရက္ ၾသဂုတ္ ၂၉ ရက္မွ ျပန္လႊတ္ေပးခဲ့ေၾကာင္း၊ ဖမ္းဆီးခံရသူမ်ားတြင္ လသားအ႐ြယ္ ရင္ခြင္ပိုက္ကေလးမွ အသက္(၈၂)ႏွစ္အထိ ပါဝင္ေၾကာင္း နယ္ခံတစ္ဦးက ေျပာသည္။

ၾသဂုတ္ ၂၉ ရက္တြင္ ကနီၿမိဳ႕နယ္ ဝါးတန္းအေရွ႕႐ြာရွိ လူေနအိမ္တစ္လုံး ၊ ဝါးတန္းအေနာက္႐ြာရွိ လူေနအိမ္(၁၀)လုံး ၊ ႏြားတဲ(၈)လုံး၊ မီးဖိုေခ်ာင္(၁)လုံး ၊ စက္တဲ (၁)လုံး၊ အိုင္ေတာင္ေတာတိုက္မွ လူေနအိမ္တစ္လုံး၊ တဲအတြင္းရွိ စစ္ေဘးေရွာင္ထားရွိသည့္ အိမ္ေထာင္ပရိေဘာဂမ်ား ၊ ေဆးလိပ္ခုံလုပ္ငန္းသုံးပစၥည္းမ်ားကို မီးရွို႔ဖ်က္ဆီးခဲ့သည္။

ယမန္ေန႕တြင္ပင္ ကနီၿမိဳ႕နယ္ အုန္းပင္ဆိပ္႐ြာသို႔ စစ္ေကာင္စီတပ္ဝင္ေရာက္ လာၿပီး မီးဖိုေခ်ာင္ တစ္လုံးအားမီးရွို႔ကာ ေနအိမ္ ၁၀၀ေက်ာ္အား ဝင္ေရာက္ေမႊႏွောက္ရွာေဖြ၍ပစၥည္းမ်ားကို ယူေဆာင္သြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယေန႕( ၾသဂုတ္ ၃၀ရက္)တြင္ စစ္ေကာင္စီတပ္သည္ ကနီၿမိဳနယ္ အုန္းပင္ဆိပ္႐ြာမွ ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း ေခ်ာဆြဲလာေသာ အျမန္ေရယာဥ္တစ္စီးျဖင့္ မုံ႐ြာ -အလုံ-နမခသို႔ စုန္ဆင္းသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ကနီၿမိဳ႕နယ္အတြင္း ေက်း႐ြာ ေလး႐ြာ၌ စစ္ေကာင္စီတပ္ ဝင္ေရာက္ေမႊႏွောက္ဖ်က္ဆီးသြားၿပီးေနာက္ ေတြ႕ရစဥ္။ ဓာတ္ပုံ-PAN(Kani)