နှစ်မိုင်အထိ ပြေးတဲ့ P-1 သုံးလုံးတွဲ ရော့ကတ်တွေ ထုတ်လုပ်အောင်မြင်(ရုပ်သံ)

နှစ်မိုင်အထိ ပြေးတဲ့ P-1 သုံးလုံးတွဲ ရော့ကတ် စမ်းသပ်ပစ်ခတ်၊

MFP ၊ သြဂုတ် – ၃၀

ကိုယ်တိုင် ထုတ်လုပ် အောင်မြင်ခဲ့ပြီး အကွာအဝေး နှစ်မိုင်အထိ ပြေးတဲ့ သုံးလုံးတွဲ ရော့ကတ် အမျိုးအစားတစ်ခုကို ယောဒေသ ကာကွယ်ရေးတပ် – YDF Patriot Mobile Rangers တပ်ဖွဲ့က စမ်းသပ် ပစ်ခတ်ပြခဲ့ပါတယ်။

အဲ့ဒီ သုံးလုံးတွဲ ရော့ကတ်ကို P-1 လို့ နာမည် ပေးထားပြီး YDF Patriot Mobile Rangers တပ်ဖွဲ့အနေနဲ့ အခြား ရော့ကတ် တွေကိုလည်း ဆက်လက် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

“ပြည်သူများ မျှော်လင့်စောင့်စားနေတဲ့ P1 ရော့ကတ် သုံးလုံးတွဲ နှစ်မိုင်ပြေး ပစ်စင်နဲ့ ပစ်ခတ်ဖိုင်လေးကို အားပေးပါဦး/ Like follow share လေးနဲ့ အားဖြည့်ပေးကြပါဦးခင်ဗျာ။ အလှုငွေလည်း လက်ခံပါတယ်ခင်ဗျ။ ကားပေါ်မှာ တင်ပစ်ဖို့အတွက် ကားတစ်စီးတော့ လိုအပ်ပါကြောင်းလည်း သတင်း‌ပါးပါရစေ ။ ပြည်သူချစ်တဲ့ YDF -PMR” ဆိုပြီး YDF Patriot Mobile Rangers က ဗွီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။

YDF Patriot Mobile Rangers တပ်ဖွဲ့အနေနဲ့ လက်နက်ထုတ်လုပ်မှုတွေ အရှိန်မြင့်ဖို့ ကြိုးစားနေပြီး ပထမဆုံး ပုခုံးထမ်း‌ RPG အစားထိုး‌ နောက်ပွင့်ပုခုံးထမ်းလောင်ချာ Patriot ကို ထုတ်လုပ်အောင်မြင်ခဲ့သလို လက်ရှိမှာ ပစ်စင်ပေါ်တင်ပစ်တဲ့ P-1 ရော့ကတ်ကို ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ထုတ်လုပ်အောင်မြင်ထားပြီး ဖြစ်တဲ့ Amazing P-2 ( AP2) ရော့ကတ်ကို ဆက်လက် မိတ်ဆက် စမ်းသပ်ပြမယ်လို့လည်း YDF PMR အဖွဲ့ ဗျူဟာမှူး ဗိုလ်ဖြူစင် က ဆိုထားပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

ႏွစ္မိုင္အထိ ေျပးတဲ့ P-1 သုံးလုံးတြဲ ေရာ့ကတ္ စမ္းသပ္ပစ္ခတ္၊

MFP ၊ ၾသဂုတ္ – ၃၀

ကိုယ္တိုင္ ထုတ္လုပ္ ေအာင္ျမင္ခဲ့ၿပီး အကြာအေဝး ႏွစ္မိုင္အထိ ေျပးတဲ့ သုံးလုံးတြဲ ေရာ့ကတ္ အမ်ိဳးအစားတစ္ခုကို ေယာေဒသ ကာကြယ္ေရးတပ္ – YDF Patriot Mobile Rangers တပ္ဖြဲ႕က စမ္းသပ္ ပစ္ခတ္ျပခဲ့ပါတယ္။

အဲ့ဒီ သုံးလုံးတြဲ ေရာ့ကတ္ကို P-1 လို႔ နာမည္ ေပးထားၿပီး YDF Patriot Mobile Rangers တပ္ဖြဲ႕အေနနဲ႕ အျခား ေရာ့ကတ္ ေတြကိုလည္း ဆက္လက္ ထုတ္လုပ္ေနတယ္လို႔ ဆိုပါတယ္။

ျပည္သူမ်ား ေမွ်ာ္လင့္ေစာင့္စားေနတဲ့ P1 ေရာ့ကတ္ သုံးလုံးတြဲ ႏွစ္မိုင္ေျပး ပစ္စင္နဲ႕ ပစ္ခတ္ဖိုင္ေလးကို အားေပးပါဦး/ Like follow share ေလးနဲ႕ အားျဖည့္ေပးၾကပါဦးခင္ဗ်ာ။ အလႈေငြလည္း လက္ခံပါတယ္ခင္ဗ်။ ကားေပၚမွာ တင္ပစ္ဖို႔အတြက္ ကားတစ္စီးေတာ့ လိုအပ္ပါေၾကာင္းလည္း သတင္းပါးပါရေစ ။ ျပည္သူခ်စ္တဲ့ YDF -PMR ဆိုၿပီး YDF Patriot Mobile Rangers က ဗြီဒီယိုဖိုင္နဲ႕တကြ ထုတ္ျပန္ထားပါတယ္။

YDF Patriot Mobile Rangers တပ္ဖြဲ႕အေနနဲ႕ လက္နက္ထုတ္လုပ္မႈေတြ အရွိန္ျမင့္ဖို႔ ႀကိဳးစားေနၿပီး ပထမဆုံး ပုခုံးထမ္း RPG အစားထိုး ေနာက္ပြင့္ပုခုံးထမ္းေလာင္ခ်ာ Patriot ကို ထုတ္လုပ္ေအာင္ျမင္ခဲ့သလို လက္ရွိမွာ ပစ္စင္ေပၚတင္ပစ္တဲ့ P-1 ေရာ့ကတ္ကို ထုတ္လုပ္ေအာင္ျမင္ခဲ့ေၾကာင္း၊ ဆက္လက္ၿပီး ထုတ္လုပ္ေအာင္ျမင္ထားၿပီး ျဖစ္တဲ့ Amazing P-2 ( AP2) ေရာ့ကတ္ကို ဆက္လက္ မိတ္ဆက္ စမ္းသပ္ျပမယ္လို႔လည္း YDF PMR အဖြဲ႕ ဗ်ဴဟာမႉး ဗိုလ္ျဖဴစင္ က ဆိုထားပါတယ္။