ကနီမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး စစ်သား ၃၀ ခန့်သေဆုံး…see more

ကနီမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး စစ်သား ၃၀ ခန့်သေဆုံးနိုင်

ကနီ၊ ဩဂုတ် ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၂၉ ရက် မနေ့ကနေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ကနီမြို့နယ်၊ အိုင်တောင်ရွာကနေ သပြေတောကျေးရွာကို စစ်ကြောင်းကူးလာစဥ် သပြေတောရွာအနောက်ဘက်အထွက်မှာ ပဒေသာမိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ B.21 KANI-PDF တပ်ရင်းမှူးဗိုလ်တင်မျိုးက ပြောပါတယ်။

“ကျနော်တို့ အိုင်တောင်ရွာကနေထွက်လာတဲ့စစ်ကြောင်းကို မိုင်းကွင်းခင်းထားတဲ့ သပြေတောရွာအထွက်မှာ ပဒေသာမိုင်းဆွဲခဲ့တာပါ၊ အင်အား ၇၀ ကျော်နဲ့ခြေလျင်စစ်ကြောင်းထွက်လာတာပါ၊ နေ့လည် ၂ နာရီ ၁၀ မိနစ်မှာမိုင်းဆွဲခဲ့တာ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောဆိုချက်အရသိရပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

“သူတို့ဘက်က သေတာ အတွင်းသတင်းအရ ၃၀ လောက်သေတယ်လို့သိရတယ်၊ ဒဏ်ရာရသူတွေလည်းများတော့ သူတို့နောက်ပြန်ဆုတ်တယ်၊ ရဲဘော်တွေလည်းပမ်းနေတော့ ပဒေသာမိုင်းနဲ့ပဲဆွဲတိုက်ခိုက်ခဲ့တာ၊” လို့ ဗိုလ်တင်မျိုးက ပြောပြပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ရွာနဲ့ အနီးတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး၊ မနေ့က တိုက်ခိုက်မခံရခင်ကလည်း ကနီမြို့နယ်၊ ဝါးတန်းရွာကို မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်သားအားလုံးဟာ ဘယ်မြို့နယ် ဘယ်တပ်ရင်းကလဲဆိုတာတော့ အတည်အကျမပြောနိုင်သေးပေမယ့် မုံရွာ နမခ က တပ်သားတွေတော့ ပါနိုင်တယ်လို့ B.21 KANI-PDF ရဲဘော်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

#မြေလတ်အသံ

Zawgyi(version)

ကနီမွာ စစ္ေကာင္စီစစ္ေၾကာင္းမိုင္းဆြဲခံရၿပီး စစ္သား ၃၀ ခန႔္ေသဆုံးနိုင္

ကနီ၊ ဩဂုတ္ ၃၀၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းထိုးေနတဲ့ စစ္ေကာင္စီတပ္သားေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ၾသဂုတ္လ ၂၉ ရက္ မေန႕ကေန႕လည္ပိုင္းမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့ပါတယ္။

ကနီၿမိဳ႕နယ္၊ အိုင္ေတာင္႐ြာကေန သေျပေတာေက်း႐ြာကို စစ္ေၾကာင္းကူးလာစဥ္ သေျပေတာ႐ြာအေနာက္ဘက္အထြက္မွာ ပေဒသာမိုင္း ၇ လုံးနဲ႕ တိုက္ခိုက္ခဲ့တာလို႔ B.21 KANI-PDF တပ္ရင္းမႉးဗိုလ္တင္မ်ိဳးက ေျပာပါတယ္။

က်ေနာ္တို႔ အိုင္ေတာင္႐ြာကေနထြက္လာတဲ့စစ္ေၾကာင္းကို မိုင္းကြင္းခင္းထားတဲ့ သေျပေတာ႐ြာအထြက္မွာ ပေဒသာမိုင္းဆြဲခဲ့တာပါ၊ အင္အား ၇၀ ေက်ာ္နဲ႕ေျခလ်င္စစ္ေၾကာင္းထြက္လာတာပါ၊ ေန႕လည္ ၂ နာရီ ၁၀ မိနစ္မွာမိုင္းဆြဲခဲ့တာ လို႔ ေျပာပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သား ၃၀ ဦးခန႔္ ေသဆုံးခဲ့တယ္လို႔ တပ္တြင္းသတင္းေပးေတြရဲ႕ ေျပာဆိုခ်က္အရသိရေပမယ့္ ဒီေသဆုံးမႈနဲ႕ပက္သက္ၿပီး ေျမလတ္အသံက သီးျခားအတည္ျပဳနိုင္ျခင္းမရွိေသးပါဘူး။

သူတို႔ဘက္က ေသတာ အတြင္းသတင္းအရ ၃၀ ေလာက္ေသတယ္လို႔သိရတယ္၊ ဒဏ္ရာရသူေတြလည္းမ်ားေတာ့ သူတို႔ေနာက္ျပန္ဆုတ္တယ္၊ ရဲေဘာ္ေတြလည္းပမ္းေနေတာ့ ပေဒသာမိုင္းနဲ႕ပဲဆြဲတိုက္ခိုက္ခဲ့တာ၊ လို႔ ဗိုလ္တင္မ်ိဳးက ေျပာျပပါတယ္။

အဆိုပါစစ္ေကာင္စီစစ္ေၾကာင္းဟာ ယင္းမာပင္ၿမိဳ႕နယ္ထဲက ရင္ေပါင္တိုင္႐ြာနဲ႕ အနီးတဝိုက္က ႐ြာေတြကို စစ္ေၾကာင္းထိုးမီးရွို႔ဖ်က္ဆီးေနတာျဖစ္ၿပီး၊ မေန႕က တိုက္ခိုက္မခံရခင္ကလည္း ကနီၿမိဳ႕နယ္၊ ဝါးတန္း႐ြာကို မီးရွို႔ခဲ့ေသးတယ္လို႔ ဆိုပါတယ္။

အဲ့ဒီတပ္သားအားလုံးဟာ ဘယ္ၿမိဳ႕နယ္ ဘယ္တပ္ရင္းကလဲဆိုတာေတာ့ အတည္အက်မေျပာနိုင္ေသးေပမယ့္ မုံ႐ြာ နမခ က တပ္သားေတြေတာ့ ပါနိုင္တယ္လို႔ B.21 KANI-PDF ရဲေဘာ္ေတြက ခန႔္မွန္းေျပာဆိုထားပါတယ္။

#ေျမလတ္အသံ