မုံရွာမြို့တွင် စစ်ကားများဖြင့် ပြည်သူတချို့ တိုက်သတ်ခံရမှု မကြာခဏ ဖြစ်ပွား ၊ယမန်နေ့ စစ်ကားဖြင့် ပြည်သူတစ်ဦးကို တိုက်မိ သေဆုံးမှု အလောင်းပြန်မပေးသည့်အပြင် အမှုဖွင့်ခွင့်မရ
ရန်ကုန်၊ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကားများကို ရမ်းကားမောင်းနှင်နေသဖြင့် ပြည်သူများ မကြာခဏဆိုသလို တိုက်မိသေဆုံးမှုများဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ပြည်သူတစ်ဦး စစ်ကားဖြင့် တိုက်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ အလုံမြို့ လူစည်ကားရာ စျေးရှေ့တွင် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန် စစ်ကားဖြင့် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်စီး ပြည်သူမှာ ပွဲချင်းပြီး ဆေသုံးသွားကြောင်း သိရှိရသည်။
“စစ်ကားတွေကို မောင်းချင်သလိုမောင်းပြီး ပြည်သူတွေကို တိုက်နေတာ။ မကြာခဏဖြစ်တယ်။ သူတို့က လမ်းပေါ်မှာ မိုင်းဆွဲခံရမှာ ကြောက်တော့တအားမောင်းတယ်။ မနေ့ညနေပိုင်းက အလုံစျေးရှေ့မှာ စစ်ကားနဲ့ ဆိုင်ကယ်ကို တိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့ပြည်သူက သေတယ်။
ယာဥ်တိုက်မှုအပြီး စစ်ခွေးနဲ့ ပျူများ အရပ်ဝတ် နဲ့ လက်နက်တွေကိုင်ပြီး ရောက်လာတယ်။ ထို ကားတိုက်ခံရသူက ခေါင်းဒဏ်ရာနဲ့ နမခ စစ်တပ်ဆေးရုံမှာ သေဆုံးသွားသွားတယ်။ အလောင်းကို မိသားစု ပြန်မပေးဘူး” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
စစ်ကားဖြင့် တိုက်မိလျှင် နစ်နာကြေးတောင်းမရသကဲ့သို့ လူသေဆုံးလျှင်တောင်မှ အမှုဖွင့်ခွင့်မရဟု သိရှိရသည်။
ဩဂုတ်လ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပင် စစ်ကားဖြင့် ဆိုင်ကယ်များတိုက်မှု ၃ မှုထက်မနည်းဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ စစ်ကားများက ရည်ရွယ်ချက်ရှိရှိ ဆိုင်ကယ်နှင့် ပြည်သူများကို တိုက်နေသည့်သဘောရှိသည်ဟု ဆိုသည်။
“မုံရွာဆိုတာကလည်း တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ မြို့ဖြစ်တယ်။ အရမ်းတက်ကြွတဲ့မြို့ဖြစ်တော့ စစ်ကားတွေနဲ့များ တမင်လိုက်တိုက်နေသလိုပဲ။ အခုရက်ပိုင်းမှာ စစ်ခွေးကားနဲ့ တိုက်မိတာတွေ ခဏ ခဏ ခံနေရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ မုံရွာမြို့တွင်းမှာကို ခွေးကားနဲ့ တိုက် ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သူတို့က လမ်းပေါ် ထင်သလိုမောင်းနေကြပြီး မြို့ထဲလိုနေရာမှာတောင် အရှိန်လုံးဝ မလျှော့ဘဲ မောင်းကြတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။
မုံရွာမြို့ပေါ်တွင် စစ်တပ်က လုံခြုံရေးဘန်ကာ အတားအဆီးများ အခိုင်အမာချထား တပ်စွဲထားပြီး စစ်ကားများမှာလည်း တချိန်လုံး မြို့ကို လှည့်ပတ်ပြီး ကင်းလျက်ရှိကြောင်း၊ စိတ်မထင်လျှင် ပြည်သူများကို စစ်ကားများဖြင့် တိုက်နေမှုများရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဩဂုတ်လ ၂၉ ရက်နေ့ မုံရွာမြို့နယ်၊ အလုံမြို့ လူစည်ကားရာစျေးရှေ့တွင် စစ်ကားဖြင့် တိုက်ခံရပြီး သေဆုံးသူ ပြည်သူတစ်ဦး၏ ရုပ်အလောင်း။
Zawgyi(version)
မုံ႐ြာၿမိဳ႕တြင္ စစ္ကားမ်ားျဖင့္ ျပည္သူတခ်ိဳ႕ တိုက္သတ္ခံရမႈ မၾကာခဏ ျဖစ္ပြား ၊ယမန္ေန႕ စစ္ကားျဖင့္ ျပည္သူတစ္ဦးကို တိုက္မိ ေသဆုံးမႈ အေလာင္းျပန္မေပးသည့္အျပင္ အမႈဖြင့္ခြင့္မရ
ရန္ကုန္၊ ဩဂုတ္ ၃၀
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက စစ္ကားမ်ားကို ရမ္းကားေမာင္းႏွင္ေနသျဖင့္ ျပည္သူမ်ား မၾကာခဏဆိုသလို တိုက္မိေသဆုံးမႈမ်ားျဖစ္ပြားခဲ့ၿပီး ဩဂုတ္လ ၂၉ ရက္ေန႕တြင္ ျပည္သူတစ္ဦး စစ္ကားျဖင့္ တိုက္ခံရကာ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။
မုံ႐ြာၿမိဳ႕နယ္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) တည္ရွိရာ အလုံၿမိဳ႕ လူစည္ကားရာ ေစ်းေရွ႕တြင္ ဩဂုတ္လ ၂၉ ရက္ေန႕ ညေန ၄ နာရီ ၁၇ မိနစ္အခ်ိန္ စစ္ကားျဖင့္ ဆိုင္ကယ္တစ္စီးကို တိုက္မိၿပီး ဆိုင္ကယ္စီး ျပည္သူမွာ ပြဲခ်င္းၿပီး ေဆသုံးသြားေၾကာင္း သိရွိရသည္။
“စစ္ကားေတြကို ေမာင္းခ်င္သလိုေမာင္းၿပီး ျပည္သူေတြကို တိုက္ေနတာ။ မၾကာခဏျဖစ္တယ္။ သူတို႔က လမ္းေပၚမွာ မိုင္းဆြဲခံရမွာ ေၾကာက္ေတာ့တအားေမာင္းတယ္။ မေန႕ညေနပိုင္းက အလုံေစ်းေရွ႕မွာ စစ္ကားနဲ႕ ဆိုင္ကယ္ကို တိုက္တယ္။ ဆိုင္ကယ္ေမာင္းတဲ့ျပည္သူက ေသတယ္။
ယာဥ္တိုက္မႈအၿပီး စစ္ေခြးနဲ႕ ပ်ဴမ်ား အရပ္ဝတ္ နဲ႕ လက္နက္ေတြကိုင္ၿပီး ေရာက္လာတယ္။ ထို ကားတိုက္ခံရသူက ေခါင္းဒဏ္ရာနဲ႕ နမခ စစ္တပ္ေဆး႐ုံမွာ ေသဆုံးသြားသြားတယ္။ အေလာင္းကို မိသားစု ျပန္မေပးဘူး” ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက ေျပာသည္။
စစ္ကားျဖင့္ တိုက္မိလွ်င္ နစ္နာေၾကးေတာင္းမရသကဲ့သို႔ လူေသဆုံးလွ်င္ေတာင္မွ အမႈဖြင့္ခြင့္မရဟု သိရွိရသည္။
ဩဂုတ္လ ၂၈ ရက္ေန႕ တစ္ေန႕တည္းမွာပင္ စစ္ကားျဖင့္ ဆိုင္ကယ္မ်ားတိုက္မႈ ၃ မႈထက္မနည္းျဖစ္ပြားခဲ့ၿပီး ေသဆုံးထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း၊ စစ္ကားမ်ားက ရည္႐ြယ္ခ်က္ရွိရွိ ဆိုင္ကယ္ႏွင့္ ျပည္သူမ်ားကို တိုက္ေနသည့္သေဘာရွိသည္ဟု ဆိုသည္။
“မုံ႐ြာဆိုတာကလည္း ေတာ္လွန္ေရးမွာ ဦးေဆာင္ေနတဲ့ ၿမိဳ႕ျဖစ္တယ္။ အရမ္းတက္ႂကြတဲ့ၿမိဳ႕ျဖစ္ေတာ့ စစ္ကားေတြနဲ႕မ်ား တမင္လိုက္တိုက္ေနသလိုပဲ။ အခုရက္ပိုင္းမွာ စစ္ေခြးကားနဲ႕ တိုက္မိတာေတြ ခဏ ခဏ ခံေနရပါတယ္။ ဩဂုတ္လ ၂၈ ရက္ေန႕ တစ္ရက္တည္းမွာပဲ မုံ႐ြာၿမိဳ႕တြင္းမွာကို ေခြးကားနဲ႕ တိုက္ ၃ ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။ သူတို႔က လမ္းေပၚ ထင္သလိုေမာင္းေနၾကၿပီး ၿမိဳ႕ထဲလိုေနရာမွာေတာင္ အရွိန္လုံးဝ မေလွ်ာ့ဘဲ ေမာင္းၾကတာပါ” ဟု ေဒသခံတစ္ဦးကေျပာသည္။
မုံ႐ြာၿမိဳ႕ေပၚတြင္ စစ္တပ္က လုံၿခဳံေရးဘန္ကာ အတားအဆီးမ်ား အခိုင္အမာခ်ထား တပ္စြဲထားၿပီး စစ္ကားမ်ားမွာလည္း တခ်ိန္လုံး ၿမိဳ႕ကို လွည့္ပတ္ၿပီး ကင္းလ်က္ရွိေၾကာင္း၊ စိတ္မထင္လွ်င္ ျပည္သူမ်ားကို စစ္ကားမ်ားျဖင့္ တိုက္ေနမႈမ်ားရွိေနေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ဩဂုတ္လ ၂၉ ရက္ေန႕ မုံ႐ြာၿမိဳ႕နယ္၊ အလုံၿမိဳ႕ လူစည္ကားရာေစ်းေရွ႕တြင္ စစ္ကားျဖင့္ တိုက္ခံရၿပီး ေသဆုံးသူ ျပည္သူတစ္ဦး၏ ႐ုပ္အေလာင္း။