စကစ ထိန်းချုပ်လေ စျေးတက်လေ ဖြစ်နေသာ ရွှေစျေးနဲ့ ငွေစျေး…see more

စကစမှ ထိန်းချုပ်ရန်ကြိုးပမ်းသော်လည်း ပြင်ပတွင်ရွှေဈေး ၂၉ သိန်းကျော်အထိမြင့်တက်

မေဘယ်လ်သူ

မဇ္ဈိမ ။ ။ ရည်ညွှန်းဈေးအတိုင်းသာရောင်းချရန် ရွှေလုပ်ငန်းရှင်များအား စကစမှ ပြောဆိုထားသော်လည်း ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် ပြင်ပရွှေတစ်ကျပ်သား ၂၉ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

အာဏာသိမ်းစစ်ကောင်စီမှဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက်လုပ်ငန်းကော်မတီမှ ရွှေလုပ်ငန်းရှင်များအား ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂နာရီတွင် ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ရွှေသန့်စင်လုပ်ငန်း၊ ရွှေလှော်ဖိုလုပ်ငန်းရှင်တို့အပြင် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်တို့ရှိ ရွှေလုပ်ငန်းရှင်အသင်းများကိုပါ ခေါ်ယူခဲ့ကြောင်းသိရသည်။

” ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးအတိုင်းသာရောင်းချပေးဖို့ပြောဆိုခဲ့တယ်၊ တခြားဈေးနှုန်း သတ်မှတ်ပေးတာမျိုးတော့ မရှိခဲ့ဘူး၊ တတ်နိုင်သလောက် ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးကို အနည်းငယ်ခွာပြီး အရောင်း၊ အဝယ်လုပ်ဖို့ပဲ ပြောတယ်” ဟု ယင်းအစည်းအဝေးတက်ရောက်ခဲ့သည့် ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၀၂၇,၀၀၀ ( နှစ်ဆယ်သိန်း နှစ်သောင်း ခုနစ်ထောင်) ဖြင့်ဈေးကွက်စဖွင့်ခဲ့ပြီး၊ ကျပ် ၂,၀၂၁,၀၀၀ ( နှစ်ဆယ်သိန်း နှစ်သောင်း တစ်ထောင် ) ဖြင့် ဈေးကွက်ပိတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရည်ညွှန်းဈေးများဖြင့် အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ယနေ့ ဩဂုတ်လ ၂၉ ရက် ပြင်ပရွှေဈေးမှာ ကျပ် ၂,၉၁၅,၀၀၀/- ( နှစ်ဆယ့်ကိုးသိန်း တစ်သောင်း ငါးထောင်) ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Zawgyi(version)

စကစမွ ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းေသာ္လည္း ျပင္ပတြင္ေ႐ႊေဈး ၂၉ သိန္းေက်ာ္အထိျမင့္တက္

ေမဘယ္လ္သူ

မဇၩိမ ။ ။ ရည္ၫႊန္းေဈးအတိုင္းသာေရာင္းခ်ရန္ ေ႐ႊလုပ္ငန္းရွင္မ်ားအား စကစမွ ေျပာဆိုထားေသာ္လည္း ယေန႕ ဩဂုတ္လ ၂၉ ရက္တြင္ ျပင္ပေ႐ႊတစ္က်ပ္သား ၂၉ သိန္းေက်ာ္ျဖင့္ အေရာင္းအဝယ္ျပဳလုပ္ေနၾကသည္။

အာဏာသိမ္းစစ္ေကာင္စီမွဖြဲ႕စည္းထားသည့္ ေ႐ႊႏွင့္ေငြေၾကးေဈးကြက္လုပ္ငန္းေကာ္မတီမွ ေ႐ႊလုပ္ငန္းရွင္မ်ားအား ဩဂုတ္လ ၂၇ ရက္ မြန္းလြဲ ၂နာရီတြင္ ေခၚယူေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။ အဆိုပါအစည္းအေဝးသို႔ ေ႐ႊသန႔္စင္လုပ္ငန္း၊ ေ႐ႊေလွာ္ဖိုလုပ္ငန္းရွင္တို႔အျပင္ ရန္ကုန္၊ မႏၱေလးႏွင့္ ေမာ္လၿမိဳင္တို႔ရွိ ေ႐ႊလုပ္ငန္းရွင္အသင္းမ်ားကိုပါ ေခၚယူခဲ့ေၾကာင္းသိရသည္။

” ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ရည္ၫႊန္းေဈးအတိုင္းသာေရာင္းခ်ေပးဖို႔ေျပာဆိုခဲ့တယ္၊ တျခားေဈးႏႈန္း သတ္မွတ္ေပးတာမ်ိဳးေတာ့ မရွိခဲ့ဘူး၊ တတ္နိုင္သေလာက္ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ရည္ၫႊန္းေဈးကို အနည္းငယ္ခြာၿပီး အေရာင္း၊ အဝယ္လုပ္ဖို႔ပဲ ေျပာတယ္” ဟု ယင္းအစည္းအေဝးတက္ေရာက္ခဲ့သည့္ ရန္ကုန္ၿမိဳ႕မွ ေ႐ႊလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ ယေန႕ ဩဂုတ္လ ၂၉ ရက္တြင္ ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၂,၀၂၇,၀၀၀ ( ႏွစ္ဆယ္သိန္း ႏွစ္ေသာင္း ခုနစ္ေထာင္) ျဖင့္ေဈးကြက္စဖြင့္ခဲ့ၿပီး၊ က်ပ္ ၂,၀၂၁,၀၀၀ ( ႏွစ္ဆယ္သိန္း ႏွစ္ေသာင္း တစ္ေထာင္ ) ျဖင့္ ေဈးကြက္ပိတ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရည္ၫႊန္းေဈးမ်ားျဖင့္ အေရာင္းအဝယ္ျပဳလုပ္ရန္ ၫႊန္ၾကားထားေသာ္လည္း ယေန႕ ဩဂုတ္လ ၂၉ ရက္ ျပင္ပေ႐ႊေဈးမွာ က်ပ္ ၂,၉၁၅,၀၀၀/- ( ႏွစ္ဆယ့္ကိုးသိန္း တစ္ေသာင္း ငါးေထာင္) ျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ၾကေၾကာင္း သိရသည္။

စာတည္း ။ ။ Alden
စာမူတည္းျဖတ္။ ။ သန့္ေဇာ္(သန္လ်င္)