စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ကျေးရွာတစ်ရွာကို မီးရှို့ကာ လူငယ်တစ်ဦးကို သတ်ဖြတ်ပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွား
စစ်ကိုင်း – ဩဂုတ် ၂၉၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ပူးပေါင်းပြီး စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာရှိ ဒေသခံများ၏ နေအိမ်စုစုပေါင်း ၃၇ အိမ်ခန့်ကို ယနေ့ နံနက် ရှစ်နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတွင် တပ်စခန်းချလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၅၀ ခန့်ဖြင့် တောင်မြို့ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး ဒေသခံလူငယ်အမျိုးသားတစ်ဦးကိုပစ်သတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်မြို့ရွာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“ကြွယ်ပုံရွာ ပျူအဖွဲ့ရယ်၊ ကြွယ်ပုံမှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်ရယ်ပေါင်းပြီး ရွာကို လက်နက်ကြီးပစ်ဝင်တယ်။ ရွာသားတစ်ယောက်ကို ပစ်သတ်သွားတယ်။ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ ရွာကိုလည်း မီးရှို့ပြီးပြန်ထွက်သွားတယ်။ ရွာသားတွေနဲ့ ကာကွယ်ရေးအဖွဲ့ မီးဝိုင်းငြိမ်းခဲ့ကြတယ်” ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်းမှ ပစ်သတ်ခဲ့သော လူငယ်သည် အသက် ၁၇ နှစ်အရွယ် ကိုထက်မြတ်ဇင်ဖြစ်ကြောင်းသူကပြောသည်။တောင်မြို့ကျေးရွာသည် စစ်ကိုင်းမြို့နယ် ကျေးရွာအုပ်စုတွင်ပါရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စုအရေအတွက် နှစ်ရာကျော် ရှိပြီး လူဦးရေစုစုပေါင်း ခုနှစ်ရာနီးပါးနေထိုင်သည်။
စစ်ကောင်စီစစ်ကြောင်းသည် တောင်မြို့ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ ၂၅ ဦးခန့်ကို ဖမ်းဆီသွားကာ စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာသို့ ယနေ့ ညနေ ၃ နာရီခန့်မှစပြီး ဝင်ရောက်ကာ မီးရှို့နေကြောင်း သိရသည်။
စစ်ကိုင်း – ရွှေဘိုလမ်းမပေါ်ရှိ ရင်းမကျင်းကျေးရွာကိုလည်း ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်တပ်ဖွဲ့ဝင်များ ကားနှစ်စီးဖြင့် ဝင်ရောက်လာကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
Photo – CJ
Zawgyi(version)
စစ္ေကာင္စီပူးေပါင္းစစ္ေၾကာင္းက ေက်း႐ြာတစ္႐ြာကို မီးရွို႔ကာ လူငယ္တစ္ဦးကို သတ္ျဖတ္ၿပီး ေဒသခံ ၂၀ ေက်ာ္ကို ဖမ္းဆီးသြား
စစ္ကိုင္း – ဩဂုတ္ ၂၉၊ ၂၀၂၂။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပ်ဴေစာထီးအဖြဲ႕ပူးေပါင္းၿပီး စစ္ကိုင္းၿမိဳ႕နယ္ ေတာင္ၿမိဳ႕ေက်း႐ြာရွိ ေဒသခံမ်ား၏ ေနအိမ္စုစုေပါင္း ၃၇ အိမ္ခန႔္ကို ယေန႕ နံနက္ ရွစ္နာရီခန႔္က မီးရွို႔ဖ်က္ဆီးခဲ့ကာ ေဒသခံလူငယ္တစ္ဦးကို ပစ္သတ္ခဲ့ေၾကာင္း သိရသည္။
စစ္ကိုင္းၿမိဳ႕နယ္ ႂကြယ္ပုံေက်း႐ြာတြင္ တပ္စခန္းခ်လ်က္ရွိေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ အင္အား ၅၀ ခန႔္ျဖင့္ ေတာင္ၿမိဳ႕ေက်း႐ြာသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ကာ ဝင္ေရာက္ခဲ့ၿပီး ေဒသခံလူငယ္အမ်ိဳးသားတစ္ဦးကိုပစ္သတ္ကာ ေက်း႐ြာကို မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း ေတာင္ၿမိဳ႕႐ြာေဒသခံအမ်ိဳးသားတစ္ဦးက The 74 Media ကိုေျပာသည္။
ႂကြယ္ပုံ႐ြာ ပ်ဴအဖြဲ႕ရယ္၊ ႂကြယ္ပုံမွာ အေျချပဳေနတဲ့ စစ္ေကာင္စီတပ္ရယ္ေပါင္းၿပီး ႐ြာကို လက္နက္ႀကီးပစ္ဝင္တယ္။ ႐ြာသားတစ္ေယာက္ကို ပစ္သတ္သြားတယ္။ ဖမ္းခံရတဲ့သူေတြလည္းရွိတယ္။ ႐ြာကိုလည္း မီးရွို႔ၿပီးျပန္ထြက္သြားတယ္။ ႐ြာသားေတြနဲ႕ ကာကြယ္ေရးအဖြဲ႕ မီးဝိုင္းၿငိမ္းခဲ့ၾကတယ္ ဟု ေျပာသည္။
စစ္ေကာင္စီစစ္ေၾကာင္းမွ ပစ္သတ္ခဲ့ေသာ လူငယ္သည္ အသက္ ၁၇ ႏွစ္အ႐ြယ္ ကိုထက္ျမတ္ဇင္ျဖစ္ေၾကာင္းသူကေျပာသည္။ေတာင္ၿမိဳ႕ေက်း႐ြာသည္ စစ္ကိုင္းၿမိဳ႕နယ္ ေက်း႐ြာအုပ္စုတြင္ပါရွိၿပီး ၂၀၁၄ သန္းေခါင္စာရင္းအရ အိမ္ေထာင္စုအေရအတြက္ ႏွစ္ရာေက်ာ္ ရွိၿပီး လူဦးေရစုစုေပါင္း ခုႏွစ္ရာနီးပါးေနထိုင္သည္။
စစ္ေကာင္စီစစ္ေၾကာင္းသည္ ေတာင္ၿမိဳ႕ေက်း႐ြာကို မီးရွို႔ဖ်က္ဆီးၿပီးေနာက္ ေဒသခံ ၂၅ ဦးခန႔္ကို ဖမ္းဆီသြားကာ စစ္ကိုင္းၿမိဳ႕နယ္ ေတာင္ၾကားေက်း႐ြာသို႔ ယေန႕ ညေန ၃ နာရီခန႔္မွစၿပီး ဝင္ေရာက္ကာ မီးရွို႔ေနေၾကာင္း သိရသည္။
စစ္ကိုင္း – ေ႐ႊဘိုလမ္းမေပၚရွိ ရင္းမက်င္းေက်း႐ြာကိုလည္း ဩဂုတ္လ ၂၇ ရက္ေန႕က စစ္ေကာင္တပ္ဖြဲ႕ဝင္မ်ား ကားႏွစ္စီးျဖင့္ ဝင္ေရာက္လာကာ ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
Photo – CJ