ရေစကြိုမှာ ပျူတွေ သု-တ်-သင်ခံရပြီးနောက် စစ်အုပ်စုက ပျံကျဈေးကို လုယက် မီးရှို့၊ အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ်…see more

ရေစကြိုမှာ ပျူတွေ သု-တ်-သင်ခံရပြီးနောက် စစ်အုပ်စုက ပျံကျဈေးကို လုယက် မီးရှို့၊
အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ဒေသခံ သုံးဦးကို သ-တ်-ဖြတ်၊

MFP ၊ သြဂုတ် – ၂၉

မကွေးတိုင်း ရေစကြိုမြို့ပေါ် လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူတွေ ဒီမနက်ပိုင်း သု-တ်သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ရေစကြိုမြို့ အမှတ်(၈)ရရပ်ကွက် ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးကို ဝင်မွှေလုယက်ကာ ဈေးဆိုင်နှင့် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒိနေ့ သြဂုတ်(၂၉)ရက် မနက်(၇)နာရီကျော်က စစ်အုပ်စုနှင့် ပေါင်းကာ ရေစကြိုမြို့ပေါ် လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ ပျူအုပ်စုကို အမည်မသိရသေးတဲ့ အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူ ခြောက်ယောက် သေပြီး လက်နက်တွေပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

သု-တ်သင်ရှင်းလင်းခံရတဲ့ ပျူတွေထဲ ရေစကြိုနယ် ဆင်ချောင်းရွာက စစ်ကောင်စီ လက်ပါးစေ ပျူခေါင်းဆောင် စိုးမောင်ရဲ့ လူယုံတပည့် ပေါက်တောရွာသား ထွန်းအောင်ကျော် နှင့် အခြားပျူ ငါးယောက်၊ စုစုပေါင်း ပျူခြောက်ယောက် သေတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပျူတွေ သု-တ်သင်ရှင်းလင်း ခံရပြီးနောက် စစ်အုပ်စုက ဘောလုံးကွင်း ယာယီ-ပျံကျဈေးထဲ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး ဈေးပစ္စည်းတွေ လုယက်ပြီးနောက် မနက်(၉)နာရီခွဲကျော်မှာ ဈေးဆိုင်ခန်းတွေနှင့် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ရေစကြိုမြို့နယ် ပေါက်တောကြီးဆိပ်ကနေ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့ပြီး စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ထဲ စက်လှေနဲ့ အလုပ်လုပ်ကိုင်နေ‌တဲ့ ရွှေကျောင်းကျေးရွာသူ အသက်(၁၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့ကာ ပခုက္ကူဆေးရုံကို ပို့ဆောင်ချိန် နေ့လည်(၁)နာရီကျော်မှာ သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အင်အား(၂၀)လောက်ရှိတဲ့ စစ်အုပ်စုဟာ မနက်(၁၁)နာရီကျော်မှာ ရေစကြိုမြို့နယ် ချစ်သူရွာဘက်ကိုလည်း ဝင်မွှေလုယက် သောင်းကျန်းနေပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးနှိပ်စက် သ-တ်-ဖြတ်ကာ အလောင်းတွေကို ရေထဲ မျောချလိုက်တယ်လို့ ရေစကြို ဒေသသတင်းတွေ ဖော်ပြနေတဲ့ ရေလည်ကျွန်းသတင်းက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နေ့လည်ပိုင်းကလည်း ရေစကြိုမြို့ပေါ်ကနေ ရေစကြိုမြို့တောင်ဘက်အရပ်ဆီ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေပြီး ရေစကြိုမြို့ပေါ်က ပေါက်တော၊ ကျောမကြား အနီးတဝိုက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ပေါ် လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတဲ့ ပျူတွေ သု-တ်-သင် ရှင်းလင်းခံရပြီးနောက် ရေစကြို အမှတ်(၈)ရပ်ကွက် ဘောလုံးကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီ-ပျံကျဈေးကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ

Zawgyi(version)

ေရစႀကိဳမွာ ပ်ဴေတြ သု-တ္-သင္ခံရၿပီးေနာက္ စစ္အုပ္စုက ပ်ံက်ေဈးကို လုယက္ မီးရွို႔၊
အသက္(၁၇)ႏွစ္အ႐ြယ္ မိန္းကေလးငယ္ အပါအဝင္ ေဒသခံ သုံးဦးကို သ-တ္-ျဖတ္၊

MFP ၊ ၾသဂုတ္ – ၂၉

မေကြးတိုင္း ေရစႀကိဳၿမိဳ႕ေပၚ လက္နက္ျပ မိုက္ေၾကးခြဲေနတဲ့ စစ္ေကာင္စီ လက္ပါးေစ ပ်ဴေတြ ဒီမနက္ပိုင္း သု-တ္သင္ ရွင္းလင္းခံရၿပီးေနာက္ စစ္အုပ္စုက ေရစႀကိဳၿမိဳ႕ အမွတ္(၈)ရရပ္ကြက္ ေဘာလုံးကြင္းထဲမွာ ဖြင့္လွစ္ထားတဲ့ ယာယီ-ပ်ံက်ေဈးကို ဝင္ေမႊလုယက္ကာ ေဈးဆိုင္ႏွင့္ ပစၥည္းေတြကို မီးရွို႔ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒိေန႕ ၾသဂုတ္(၂၉)ရက္ မနက္(၇)နာရီေက်ာ္က စစ္အုပ္စုႏွင့္ ေပါင္းကာ ေရစႀကိဳၿမိဳ႕ေပၚ လက္နက္ျပ ဆက္ေၾကးေတာင္းေနတဲ့ ပ်ဴအုပ္စုကို အမည္မသိရေသးတဲ့ အဖြဲ႕တစ္ဖြဲ႕က ပစ္ခတ္ရွင္းလင္းခဲ့ရာ ပ်ဴ ေျခာက္ေယာက္ ေသၿပီး လက္နက္ေတြပါ သိမ္းယူသြားတယ္လို႔ ဆိုပါတယ္။

သု-တ္သင္ရွင္းလင္းခံရတဲ့ ပ်ဴေတြထဲ ေရစႀကိဳနယ္ ဆင္ေခ်ာင္း႐ြာက စစ္ေကာင္စီ လက္ပါးေစ ပ်ဴေခါင္းေဆာင္ စိုးေမာင္ရဲ႕ လူယုံတပည့္ ေပါက္ေတာ႐ြာသား ထြန္းေအာင္ေက်ာ္ ႏွင့္ အျခားပ်ဴ ငါးေယာက္၊ စုစုေပါင္း ပ်ဴေျခာက္ေယာက္ ေသတယ္လို႔ သတင္းၾကားေၾကာင္း ေဒသခံေတြက ဆိုပါတယ္။

ပ်ဴေတြ သု-တ္သင္ရွင္းလင္း ခံရၿပီးေနာက္ စစ္အုပ္စုက ေဘာလုံးကြင္း ယာယီ-ပ်ံက်ေဈးထဲ ေသနတ္ပစ္ေဖာက္ကာ ဝင္ေရာက္လာၿပီး ေဈးပစၥည္းေတြ လုယက္ၿပီးေနာက္ မနက္(၉)နာရီခြဲေက်ာ္မွာ ေဈးဆိုင္ခန္းေတြႏွင့္ ပစၥည္းေတြကို မီးရွို႔ဖ်က္ဆီးသြားတာလို႔ ဆိုပါတယ္။

ဒါ့အျပင္ စစ္အုပ္စုဟာ ေရစႀကိဳၿမိဳ႕နယ္ ေပါက္ေတာႀကီးဆိပ္ကေန ခ်င္းတြင္းျမစ္ အေရွ႕ဘက္ကမ္းကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႕ ရမ္းကားပစ္ခတ္ခဲ့ၿပီး စစ္အုပ္စုရဲ႕ ပစ္ခတ္မႈေၾကာင့္ ခ်င္းတြင္းျမစ္ထဲ စက္ေလွနဲ႕ အလုပ္လုပ္ကိုင္ေနတဲ့ ေ႐ႊေက်ာင္းေက်း႐ြာသူ အသက္(၁၇)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး က်ည္ထိမွန္ခဲ့ကာ ပခုကၠဴေဆး႐ုံကို ပို႔ေဆာင္ခ်ိန္ ေန႕လည္(၁)နာရီေက်ာ္မွာ ေသဆုံးခဲ့တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

အင္အား(၂၀)ေလာက္ရွိတဲ့ စစ္အုပ္စုဟာ မနက္(၁၁)နာရီေက်ာ္မွာ ေရစႀကိဳၿမိဳ႕နယ္ ခ်စ္သူ႐ြာဘက္ကိုလည္း ဝင္ေမႊလုယက္ ေသာင္းက်န္းေနၿပီး ေဒသခံႏွစ္ဦးကို ဖမ္းဆီးႏွိပ္စက္ သ-တ္-ျဖတ္ကာ အေလာင္းေတြကို ေရထဲ ေမ်ာခ်လိဳက္တယ္လို႔ ေရစႀကိဳ ေဒသသတင္းေတြ ေဖာ္ျပေနတဲ့ ေရလည္ကြၽန္းသတင္းက ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ ေန႕လည္ပိုင္းကလည္း ေရစႀကိဳၿမိဳ႕ေပၚကေန ေရစႀကိဳၿမိဳ႕ေတာင္ဘက္အရပ္ဆီ လက္နက္ႀကီးေတြနဲ႕ ရမ္းကားပစ္ခတ္ေနၿပီး ေရစႀကိဳၿမိဳ႕ေပၚက ေပါက္ေတာ၊ ေက်ာမၾကား အနီးတဝိုက္ ေသာင္းက်န္းေနတယ္လို႔ ဆိုပါတယ္။

ေရစႀကိဳၿမိဳ႕ေပၚ လက္နက္ျပ မိုက္ေၾကးခြဲ ေသာင္းက်န္းေနတဲ့ ပ်ဴေတြ သု-တ္-သင္ ရွင္းလင္းခံရၿပီးေနာက္ ေရစႀကိဳ အမွတ္(၈)ရပ္ကြက္ ေဘာလုံးကြင္းထဲမွာ ဖြင့္လွစ္ထားတဲ့ ယာယီ-ပ်ံက်ေဈးကို စစ္အုပ္စုက ဝင္ေမႊလုယက္ မီးရွို႔ဖ်က္ဆီးသြားစဥ္/Photo CJ