ချောင်းဦးနယ်ထဲ ကားနဲ့လှည့်ပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ နှစ်ယောက် သေဟုဆို၊
MFP ၊ သြဂုတ် – ၂၉
စစ်ကိုင်းတိုင်း ချောင်းဦးနယ်ကနေ မြင်းမူနယ်ထဲ ကားနဲ့လှည့်ကာ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စကစ ငါးယောက်အနက် နှစ်ယောက် သေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ ြသြဂုတ်(၂၉)ရက် မနက်(၁၀)နာရီကျော်က ချောင်းဦးကနေ ငါးယှန်ဘက်လာတဲ့ စစ်ကားကို မြင်းမူမြို့နယ် ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်း ရွာကြားမှာ ပဒေသာမိုင်း (၁၅) လုံး၊ တစ်ဖက်ပွင့် နှစ်လုံးတို့နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသော အကြမ်းဖက် စစ်ခွေး ငါးကောင်အနက် နှစ်ကောင်အား ငရဲပြည်သို့ အခမဲ့ ပို့ဆောင်ပေးခဲ့သည်” လို့ CDSOM က ဖော်ပြပါတယ်။
အဲ့ဒီ မိုင်းစစ်ဆင်ရေးကို CDSOM ရဲ့ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေး တူမီးဖိုက် တာအဖွဲ့၊ CDSOM မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ 012၊ CDSOM မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ 007 နှင့် အမျိုးသမီး စစ်သည်တော်တပ်ရင်း (မြောင်) – M2W တို့ ညီနောင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းုပီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မနေ့က နေ့လည်ပိုင်းမှာလည်း မုံရွာကနေ စစ်ကိုင်းဘက်လာတဲ့ စစ်အုပ်စုရဲ့ ကြေးနီတင် ကွန်တိန်နာကား ခုနှစ်စီးကို မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ ကြားမှာ ပဒေသာမိုင်း သုံးလုံးတွဲနဲ့ တိုက်ခိုက်ခဲ့ပြီး ကွန်တိန်နာကား ခုနှစ်စီးအနက် ငါးစီးမြောက်ကားရဲ့ ဖင်ပိုင်း နှင့် ခြောက်စီးမြောက်ကားရဲက ခေါင်းပိုင်းတွေ ထိထိမိမိ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ မိုင်းစစ်ဆင်ရေးကိုလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM၊ Black Eagle Defense Force မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့၊ People Defense Force Myinmu – MMU PDF၊ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့ Myinmu Civil Revolution Force – CRF Myinmu၊ Myinmu Lightning Guerrilla Force – မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ တို့ ညီနောင် မဟာမိတ် ငါးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ CDSOM က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ချောင်းဦး၊ မြောင်နှင့် မြင်းမူနယ်တကြော ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသ-တ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
ေခ်ာင္းဦးနယ္ထဲ ကားနဲ႕လွည့္ၿပီး ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို မိုင္းဆြဲ၊ ႏွစ္ေယာက္ ေသဟုဆို၊
MFP ၊ ၾသဂုတ္ – ၂၉
စစ္ကိုင္းတိုင္း ေခ်ာင္းဦးနယ္ကေန ျမင္းမူနယ္ထဲ ကားနဲ႕လွည့္ကာ လုယက္ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို ဒီမနက္ပိုင္း မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ကားေပၚပါ စကစ ငါးေယာက္အနက္ ႏွစ္ေယာက္ ေသတယ္လို႔ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM က သတင္း ထုတ္ျပန္ပါတယ္။
ဒီေန႕ ျၾသဂုတ္(၂၉)ရက္ မနက္(၁၀)နာရီေက်ာ္က ေခ်ာင္းဦးကေန ငါးယွန္ဘက္လာတဲ့ စစ္ကားကို ျမင္းမူၿမိဳ႕နယ္ ေဂြးပင္ေတာ႐ြာႏွင့္ ဘိုးမင္းႀကီးကင္း ႐ြာၾကားမွာ ပေဒသာမိုင္း (၁၅) လုံး၊ တစ္ဖက္ပြင့္ ႏွစ္လုံးတို႔နဲ႕ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
မိုင္းဆြဲ တိုက္ခိုက္မႈေၾကာင့္ ကားေပၚပါလာေသာ အၾကမ္းဖက္ စစ္ေခြး ငါးေကာင္အနက္ ႏွစ္ေကာင္အား ငရဲျပည္သို႔ အခမဲ့ ပို႔ေဆာင္ေပးခဲ့သည္ လို႔ CDSOM က ေဖာ္ျပပါတယ္။
အဲ့ဒီ မိုင္းစစ္ဆင္ေရးကို CDSOM ရဲ႕ ေျမာက္ပိုင္းတိုက္ခိုက္ေရးႏွင့္ ကာကြယ္ေရး တူမီးဖိုက္ တာအဖြဲ႕၊ CDSOM ေျမာက္ပိုင္း တိုက္ခိုက္ေရးႏွင့္ ကာကြယ္ေရးအဖြဲ႕ 012၊ CDSOM ေျမာက္ပိုင္း တိုက္ခိုက္ေရးႏွင့္ ကာကြယ္ေရးအဖြဲ႕ 007 ႏွင့္ အမ်ိဳးသမီး စစ္သည္ေတာ္တပ္ရင္း (ေျမာင္) – M2W တို႔ ညီေနာင္ မဟာမိတ္အဖြဲ႕ေတြ ပူးေပါင္းုပီး လုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။
မေန႕က ေန႕လည္ပိုင္းမွာလည္း မုံ႐ြာကေန စစ္ကိုင္းဘက္လာတဲ့ စစ္အုပ္စုရဲ႕ ေၾကးနီတင္ ကြန္တိန္နာကား ခုႏွစ္စီးကို ျမင္းမူၿမိဳ႕နယ္ အလႅကပၸေက်း႐ြာႏွင့္ ဝမ္းျပည့္ေက်း႐ြာ ၾကားမွာ ပေဒသာမိုင္း သုံးလုံးတြဲနဲ႕ တိုက္ခိုက္ခဲ့ၿပီး ကြန္တိန္နာကား ခုႏွစ္စီးအနက္ ငါးစီးေျမာက္ကားရဲ႕ ဖင္ပိုင္း ႏွင့္ ေျခာက္စီးေျမာက္ကားရဲက ေခါင္းပိုင္းေတြ ထိထိမိမိ ထိမွန္ခဲ့တယ္လို႔ ဆိုပါတယ္။
အဲ့ဒီ မိုင္းစစ္ဆင္ေရးကိုလည္း ေျမာင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM၊ Black Eagle Defense Force ျမင္းမူလင္းယုန္နက္ ကာကြယ္ေရးအဖြဲ႕၊ People Defense Force Myinmu – MMU PDF၊ ျမင္းမူၿမိဳ႕ျပ ေတာ္လွန္ေရးအဖြဲ႕ Myinmu Civil Revolution Force – CRF Myinmu၊ Myinmu Lightning Guerrilla Force – ျမင္းမူလွ်ပ္စီး ေျပာက္က်ားအဖြဲ႕ တို႔ ညီေနာင္ မဟာမိတ္ ငါးဖြဲ႕ ပူးေပါင္းလုပ္ေဆာင္ခဲ့တာလို႔ CDSOM က ေဖာ္ျပပါတယ္။
စစ္အုပ္စုဟာ ေခ်ာင္းဦး၊ ေျမာင္ႏွင့္ ျမင္းမူနယ္တေၾကာ ႐ြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနၿပီး လူသ-တ္၊ လုယက္၊ ဖမ္းဆီးေငြညွစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနတာ ျဖစ္ပါတယ္။