မိုးကုတ်တွင် စစ်ယာဥ်တန်း လက်ပစ်ဗုံး ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းများကြောင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးနိုင်
ရန်ကုန်၊ သြဂုတ် ၂၉
မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေဝေရွာအနီး သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်း၊ ၁၂၂၃ နှင့် ၁၂၂၁ တပ်ရင်းတို့ ပူးပေါင်းကာ စစ်တပ် ယာဥ်တန်းကို လက်ပစ်ဗုံး ပစ်သွင်းပြီး
မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်းထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းထိုးရန် လာရောက်စဥ် တပ်ရင်း ၁၂၂၂ က ရဲဘော်များမှ ယာဥ်တန်းကို လက်ပစ်ဗုံး တစ်လုံး ပစ်သွင်းပြီးနောက်
အနီးကပ် တိုက်ပွဲငယ် တစ်ခုဖြစ်ပွားခဲ့ကာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ခလရ ၃၃ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး တပ်ရင်းမှူးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံရသော အကြမ်းဖက်စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်။)
Zawgyi(version)
မိုးကုတ္တြင္ စစ္ယာဥ္တန္း လက္ပစ္ဗုံး ပစ္ခတ္ခံရျခင္း၊ မိုင္းဆြဲ တိုက္ခိုက္ခံရျခင္းမ်ားေၾကာင့္ ဗိုလ္ႀကီး ၁ ဦးအပါအဝင္ ၁၅ ဦးခန့္ေသဆုံးနိုင္
ရန္ကုန္၊ ၾသဂုတ္ ၂၉
မႏၱေလးတိုင္း မိုးကုတ္ၿမိဳ႕နယ္ ေရေဝ႐ြာအနီး သပိတ္က်င္း PDF အမွတ္ ၁၂၂၂ တပ္ရင္း၊ ၁၂၂၃ ႏွင့္ ၁၂၂၁ တပ္ရင္းတို႔ ပူးေပါင္းကာ စစ္တပ္ ယာဥ္တန္းကို လက္ပစ္ဗုံး ပစ္သြင္းၿပီး
မိုင္းဆြဲ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ စစ္တပ္ဘက္မွ ဗိုလ္ႀကီး ၁ ဦးအပါအဝင္ ၁၅ ဦးခန့္ေသဆုံးခဲ့ေၾကာင္း သပိတ္က်င္း PDF အမွတ္ ၁၂၂၂ တပ္ရင္းထံမွ သိရသည္။
အၾကမ္းဖက္ စစ္တပ္ ယာဥ္တန္းသည္ ယေန႕ ၾသဂုတ္လ ၂၉ ရက္ေန႕ နံနက္ ၈ နာရီခန့္တြင္ စစ္ေၾကာင္းထိုးရန္ လာေရာက္စဥ္ တပ္ရင္း ၁၂၂၂ က ရဲေဘာ္မ်ားမွ ယာဥ္တန္းကို လက္ပစ္ဗုံး တစ္လုံး ပစ္သြင္းၿပီးေနာက္
အနီးကပ္ တိုက္ပြဲငယ္ တစ္ခုျဖစ္ပြားခဲ့ကာ မိုင္း ၅ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး စစ္တပ္ဘက္မွ ခလရ ၃၃ မွ ဗိုလ္ႀကီး ၁ ဦး အပါအဝင္ ၁၅ ဦးခန့္ ေသဆုံးၿပီး တပ္ရင္းမႉးလည္း ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ- ကရင္နီျပည္နယ္တြင္ မိုင္းဆြဲခံရေသာ အၾကမ္းဖက္စစ္ေကာင္စီကားတစ္စီး။ (ပုံအေဟာင္းျဖစ္သည္။)