န၀ဒေးတံတားပေါ်မှ သုံးနှစ်အရွယ်ကလေးငယ်နှင့် မိခင်တို့ ခုန်ချသတ်သေမှုဖြစ်ပွား
မဇ္စျိမ။ ။ အသက်သုံးနှစ်အရွယ် ကလေးငယ်နှင့် အသက် ၂၄ နှစ်အရွယ် မိခင်တို့ ပြည်မြို့န၀ဒေးတံတားပေါ်မှ ယနေ့ ဩဂုတ်လ ၂၈ရက်နေ့ နေ့လည် သုံးနာရီခန့်တွင်ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီက ထုတ်ပြန်ထားသည်။
“သားအမိနှစ်ယောက်ဆိုင်ကယ်ရပ်တယ်။ ဆိုင်ကယ်ထားပြီး ကလေးနဲ့လာတယ်ပေါ့နော်။ ဓာတ်ပုံရိုက်တယ်ထင်တာပေါ့။ ကလေးလေးကို ချီပြီးတော့ ဒါပေမဲ့ ဓာတ်ပုံမရိုက်ဘဲ အဲ့ဒီလိုခုန်ချသွားတာပေါ့။ တွေ့တဲ့အချိန်မှာ ခုန်ချသွားတာမြင်တဲ့အတွက် သွားပြီးကြည့်တယ်။ တစ်ယောက်က အောက်ကိုဆင်းမေးပြီး ကယ်လို့ရမယ့်အနေအထားပေါ့နော် စက်လှေတွေ ဘာတွေငှားပြီးလိုက်သေးတယ်။ မရတော့တာ”ဟု ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ည ၇ နာရီခွဲ ယခုသတင်းပေးပို့ချိန်အထိ အဖွဲ့ပေါင်းစုံကရှာဖွေခဲ့သော်လည်း သားအမိနှစ်ဦး၏ရုပ်အလောင်းကိုမတွေံရှိသေးပါ။
“ မျောတယ်လို့လည်းယူဆလို့ရတယ်။ ရေလည်းတအားတက်နေတော့လေ။ တံတားကနှစ်ခြမ်းရှိတာပေါ့။ အဲ့ဒီအခြမ်းက ခုန်ချပြီးတော့ ပြည် ရန်ကုန်လမ်းကိုသွားတဲ့အခြမ်းမှာ ကလေးလေးရဲ့ အလောင်းပေါ်တယ်။ ပြီးလည်းပြီးရော ဆက်မြုပ်ပြီးတော့ မျောသွားသလိုဖြစ်ပြီး ပြန်ပျောက်သွားတာပေါ့။ ရှာတော့ ရှာနေတယ်အခုချိန်ထိတော့”ဟု ပရဟိတအဖွဲ့တာဝန်ရှိသူက ပြောသည်။
တံတားပေါ်မှ ခုန်ချသွားသည့် သားအမိမှာ ပြည်မြို့တွင် နေထိုင်သူများဖြစ်သည်။
ဓာတ်ပုံ-ပရဟိတပါရမီ
Zawgyi(version)
န၀ေဒးတံတားေပၚမွ သုံးႏွစ္အ႐ြယ္ကေလးငယ္ႏွင့္ မိခင္တို႔ ခုန္ခ်သတ္ေသမႈျဖစ္ပြား
မဇၥ်ိမ။ ။ အသက္သုံးႏွစ္အ႐ြယ္ ကေလးငယ္ႏွင့္ အသက္ ၂၄ ႏွစ္အ႐ြယ္ မိခင္တို႔ ျပည္ၿမိဳ႕န၀ေဒးတံတားေပၚမွ ယေန႕ ဩဂုတ္လ ၂၈ရက္ေန႕ ေန႕လည္ သုံးနာရီခန႔္တြင္ခုန္ခ်သတ္ေသမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာနိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတ ပါရမီက ထုတ္ျပန္ထားသည္။
သားအမိႏွစ္ေယာက္ဆိုင္ကယ္ရပ္တယ္။ ဆိုင္ကယ္ထားၿပီး ကေလးနဲ႕လာတယ္ေပါ့ေနာ္။ ဓာတ္ပုံရိုက္တယ္ထင္တာေပါ့။ ကေလးေလးကို ခ်ီၿပီးေတာ့ ဒါေပမဲ့ ဓာတ္ပုံမရိုက္ဘဲ အဲ့ဒီလိုခုန္ခ်သြားတာေပါ့။ ေတြ႕တဲ့အခ်ိန္မွာ ခုန္ခ်သြားတာျမင္တဲ့အတြက္ သြားၿပီးၾကည့္တယ္။ တစ္ေယာက္က ေအာက္ကိုဆင္းေမးၿပီး ကယ္လို႔ရမယ့္အေနအထားေပါ့ေနာ္ စက္ေလွေတြ ဘာေတြငွားၿပီးလိုက္ေသးတယ္။ မရေတာ့တာဟု ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
ည ၇ နာရီခြဲ ယခုသတင္းေပးပို႔ခ်ိန္အထိ အဖြဲ႕ေပါင္းစုံကရွာေဖြခဲ့ေသာ္လည္း သားအမိႏွစ္ဦး၏႐ုပ္အေလာင္းကိုမေတြံရွိေသးပါ။
ေမ်ာတယ္လို႔လည္းယူဆလို႔ရတယ္။ ေရလည္းတအားတက္ေနေတာ့ေလ။ တံတားကႏွစ္ျခမ္းရွိတာေပါ့။ အဲ့ဒီအျခမ္းက ခုန္ခ်ၿပီးေတာ့ ျပည္ ရန္ကုန္လမ္းကိုသြားတဲ့အျခမ္းမွာ ကေလးေလးရဲ႕ အေလာင္းေပၚတယ္။ ၿပီးလည္းၿပီးေရာ ဆက္ျမဳပ္ၿပီးေတာ့ ေမ်ာသြားသလိုျဖစ္ၿပီး ျပန္ေပ်ာက္သြားတာေပါ့။ ရွာေတာ့ ရွာေနတယ္အခုခ်ိန္ထိေတာ့ဟု ပရဟိတအဖြဲ႕တာဝန္ရွိသူက ေျပာသည္။
တံတားေပၚမွ ခုန္ခ်သြားသည့္ သားအမိမွာ ျပည္ၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္သည္။
ဓာတ္ပုံ-ပရဟိတပါရမီ