ဒရုန်းတပ် စဖွဲ့သည့်နေ့မှ (၆) လအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး… see more

ဒရုန်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ကျဆုံမှုများပြား သေနတ်ပင်မဖောက်ရဲတော့
ဒရုန်းတပ် စဖွဲ့သည့်နေ့မှ (၆) လအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး (၂၉) ဦး သေဆုံးခဲ့သည်ဟု Saw Dragon Drone Force (SDDF) က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ဒရုန်းအဖွဲ့ကို မတ်လ (၁၄) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး သြဂုတ်လအထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းကို စစ်ဆင်ရေးပေါင်း (၁၁)ခု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်ပြည်နယ် တောင်ကြားအင်းမြို့နယ်အတွင်းရှိ စစ်ကောင်စစ်တပ်စခန်းကို မတ်လ (၂၃) ရက်၊ မေလ (၁၀) ရက်၊ (၁၆) ရက်နှင့် (၁၈) ရက်တို့တွင် တိုက်ခိုက်ခဲ့မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၁၆) ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မေလ (၃၁)ရက်နေ့တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းနှစ်ခွ၊ တောင်ကလေးရဲစခန်း၊ ဇွန်လအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဆအဖရုံး၊ ရေးမြို့နယ် မော့ကနင်ကျေးရွာ ခလရ ၅၈၈ တို့ကို တိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးများအတွင်း အကြမ်းဖက်စစ်ကောင်စီ (၁၁) ဦးထက် မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် သြဂုတ်လအတွင်း အာရှလမ်း၊ တောနော်ရေတံခွန် မွေးမြူရေး တပ်စခန်း၊ ကောကရိတ်မြို့နယ် တစ်မိုင်ကုန်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို (၂) ကြိမ်နှင့် ကော့နွဲ့ကျေးရွာ စစ်ကောင်စီတပ်စခန်းတို့ကိုတစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျ မသိရသေးဘဲ စုံးစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
SDDF အဖွဲ့သည် စစ်အာဏာရှင်အမြစ်ဖြတ်ရှင်းလင်းရေးကို ဦးတည်ကာဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှိသမျှအင်အားဖြင့် စစ်ကောင်စီတပ်ကို အစွမ်းကုန်တိုက်ခိုက်သွားမည်ဟုလည်း အသိပေးထားသည်။

Zawgyi(version)

ဒ႐ုန္းအဖြဲ႕၏ တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သား က်ဆဳံမႈမ်ားျပား ေသနတ္ပင္မေဖာက္ရဲေတာ့
ဒ႐ုန္းတပ္ စဖြဲ႕သည့္ေန႕မွ (၆) လအတြင္း တိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္သား အနည္းဆုံး (၂၉) ဦး ေသဆုံးခဲ့သည္ဟု Saw Dragon Drone Force (SDDF) က ယေန႕ သတင္းထုတ္ျပန္သည္။

အဆိုပါ ဒ႐ုန္းအဖြဲ႕ကို မတ္လ (၁၄) ရက္ေန႕က စတင္ဖြဲ႕စည္းခဲ့ၿပီး ၾသဂုတ္လအထိ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္အတြင္းကို စစ္ဆင္ေရးေပါင္း (၁၁)ခု ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

ကရင္ျပည္နယ္ ေတာင္ၾကားအင္းၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စစ္တပ္စခန္းကို မတ္လ (၂၃) ရက္၊ ေမလ (၁၀) ရက္၊ (၁၆) ရက္ႏွင့္ (၁၈) ရက္တို႔တြင္ တိုက္ခိုက္ခဲ့မႈေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီတပ္သား (၁၆) ဦးထက္မနည္းေသဆုံးခဲ့ၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ေမလ (၃၁)ရက္ေန႕တြင္လည္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြ၊ ေတာင္ကေလးရဲစခန္း၊ ဇြန္လအတြင္း မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ ဆအဖ႐ုံး၊ ေရးၿမိဳ႕နယ္ ေမာ့ကနင္ေက်း႐ြာ ခလရ ၅၈၈ တို႔ကို တိုက္ခိုက္ခဲ့ၿပီး အဆိုပါ စစ္ဆင္ေရးမ်ားအတြင္း အၾကမ္းဖက္စစ္ေကာင္စီ (၁၁) ဦးထက္ မနည္းေသဆုံးခဲ့သည္ဟု ဆိုသည္။

ထို႔ျပင္ ၾသဂုတ္လအတြင္း အာရွလမ္း၊ ေတာေနာ္ေရတံခြန္ ေမြးျမဴေရး တပ္စခန္း၊ ေကာကရိတ္ၿမိဳ႕နယ္ တစ္မိုင္ကုန္းေက်း႐ြာ စစ္ေကာင္စီတပ္စခန္းကို (၂) ႀကိမ္ႏွင့္ ေကာ့ႏြဲ႕ေက်း႐ြာ စစ္ေကာင္စီတပ္စခန္းတို႔ကိုတစ္ႀကိမ္ တိုက္ခိုက္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈစာရင္းကို အတိအက် မသိရေသးဘဲ စုံးစမ္းေနဆဲျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
SDDF အဖြဲ႕သည္ စစ္အာဏာရွင္အျမစ္ျဖတ္ရွင္းလင္းေရးကို ဦးတည္ကာဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ရွိသမွ်အင္အားျဖင့္ စစ္ေကာင္စီတပ္ကို အစြမ္းကုန္တိုက္ခိုက္သြားမည္ဟုလည္း အသိေပးထားသည္။