မြင်းခြံမြို့ကဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရမှုတွင် ပျူစောထီးများသာဖြစ်…(ရုပ်သံ)

မြင်းခြံမြို့ကဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရ ပျူကြီးစိုးသည့်မြို့ဖြစ်၍ ပျူဓားပြများဖြစ်နိုင်ကြောင်း ဒေသခံများဆို

007

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့ စည်ပင်သာယာစျေးတောင်ဘက်ရှိ ဝိန့်ဆန်းရွှေဆိုင် ယမန်နေ့က ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းကျပ်သိန်းသုံးထောင်ကျော်ဖိုးပါသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဩဂုတ်လ၂၈ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေနတ်များ ကိုင်ဆောင်လာသည့် လူလေးဦးက ဆိုင်ထဲ၀င်ပြီးခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်ဓားပြတိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဓားပြတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းခြံမြို့ခံများအကြား ဝေဖန်မှုတို့နှင့်အတူ စိုးရိမ်ကြောင့်ကြမှုတို့ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“ကျွန်တော်တို့မြို့က ပျူတွေကြီးစိုးတဲ့မြို့ဆိုတာအားလုံးအသိပဲ၊ ဒီဓားပြတိုက်မှုက စစ်သားနဲ့ပျူနဲ့ပေါင်းလုပ်တာပါ၊ စဉ်းစားကြည့်လေ၊ ဆိုင်ရှေ့မှာက စျေးဆိုင်တိုက်ခန်းတွေအပြည့်ပဲ၊ နောက်တစ်ခုက လမ်းသွားလမ်းလာ အမြဲတမ်းလူရှုပ်တဲ့နေရာ၊ ဆိုင်ရဲ့နောက်ဘက် တစ်လမ်းကျော်မှာက ရဲစခန်းရှိတယ်၊ ဒီတော့ဘယ်သူတွေက လုပ်တယ်ဆိုတာ အရှင်းကြီးပဲ၊ ဒါကိုမှ မြို့ခံတွေကို စွပ်စွဲဖမ်းဆီးလာမှာတွေအတွက် ပူပန်နေရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အလားတူ မြင်းခြံမြို့အနီး၀န်းကျင်က တော်လှန်ရေးသတင်းများ ဖော်ပြပေးနေသည့် မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကလည်း “မြင်းခြံမြို့ပေါ်မှာ အခြေချနေတဲ့ ပြောက်ကျားအဖွဲ့တွေ မရှိတာမို့၊ လက်နက်ကိုင်ပျူတွေ ဖြစ်နိုင်တယ်၊ အကြမ်းဖက် စစ်ကောင်စီရဲ့ယန္တရားလည်ပတ်နိုင်ခြင်းမရှိတာမို့၊ တွေ့ရာလူ စွပ်စွဲဖမ်းဆီးတာတွေ ရှိနိုင်တဲ့အတွက်၊ မြင်းခြံမြို့မှပြည်သူများ အသွားအလာသတိရှိကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု သတိပေး သတင်းထုတ်ပြန်ထားသည်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

ျမင္းၿခံၿမိဳ႕ကဝိန့္ဆန္းေ႐ႊဆိုင္ ဓားျပတိုက္ခံရ ပ်ဴႀကီးစိုးသည့္ၿမိဳ႕ျဖစ္၍ ပ်ဴဓားျပမ်ားျဖစ္နိုင္ေၾကာင္း ေဒသခံမ်ားဆို

007

မႏၱေလး(မဇၥ်ိမ)။ ။ မႏၱေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ စည္ပင္သာယာေစ်းေတာင္ဘက္ရွိ ဝိန့္ဆန္းေ႐ႊဆိုင္ ယမန္ေန႕က ဓားျပတိုက္ခံရၿပီး ေ႐ႊထည္ပစၥည္းက်ပ္သိန္းသုံးေထာင္ေက်ာ္ဖိုးပါသြားေၾကာင္း သတင္းရရွိသည္။

ယမန္ေန႕ ဩဂုတ္လ၂၈ ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန့္တြင္ ေသနတ္မ်ား ကိုင္ေဆာင္လာသည့္ လူေလးဦးက ဆိုင္ထဲ၀င္ၿပီးၿခိမ္းေျခာက္ကာ ေ႐ႊထည္ပစၥည္းမ်ား လုယက္ဓားျပတိုက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဓားျပတိုက္မႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမင္းၿခံၿမိဳ႕ခံမ်ားအၾကား ေဝဖန္မႈတို႔ႏွင့္အတူ စိုးရိမ္ေၾကာင့္ၾကမႈတို႔ ျဖစ္ေပၚေနေၾကာင္းလည္း သိရသည္။

ကြၽန္ေတာ္တို႔ၿမိဳ႕က ပ်ဴေတြႀကီးစိုးတဲ့ၿမိဳ႕ဆိုတာအားလုံးအသိပဲ၊ ဒီဓားျပတိုက္မႈက စစ္သားနဲ႕ပ်ဴနဲ႕ေပါင္းလုပ္တာပါ၊ စဥ္းစားၾကည့္ေလ၊ ဆိုင္ေရွ႕မွာက ေစ်းဆိုင္တိုက္ခန္းေတြအျပည့္ပဲ၊ ေနာက္တစ္ခုက လမ္းသြားလမ္းလာ အၿမဲတမ္းလူရႈပ္တဲ့ေနရာ၊ ဆိုင္ရဲ႕ေနာက္ဘက္ တစ္လမ္းေက်ာ္မွာက ရဲစခန္းရွိတယ္၊ ဒီေတာ့ဘယ္သူေတြက လုပ္တယ္ဆိုတာ အရွင္းႀကီးပဲ၊ ဒါကိုမွ ၿမိဳ႕ခံေတြကို စြပ္စြဲဖမ္းဆီးလာမွာေတြအတြက္ ပူပန္ေနရတယ္ ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အလားတူ ျမင္းၿခံၿမိဳ႕အနီး၀န္းက်င္က ေတာ္လွန္ေရးသတင္းမ်ား ေဖာ္ျပေပးေနသည့္ ျမင္းၿခံလူထုလႈပ္ရွားမႈ ေကာ္မတီကလည္း ျမင္းၿခံၿမိဳ႕ေပၚမွာ အေျခခ်ေနတဲ့ ေျပာက္က်ားအဖြဲ႕ေတြ မရွိတာမို႔၊ လက္နက္ကိုင္ပ်ဴေတြ ျဖစ္နိုင္တယ္၊ အၾကမ္းဖက္ စစ္ေကာင္စီရဲ႕ယႏၱရားလည္ပတ္နိုင္ျခင္းမရွိတာမို႔၊ ေတြ႕ရာလူ စြပ္စြဲဖမ္းဆီးတာေတြ ရွိနိုင္တဲ့အတြက္၊ ျမင္းၿခံၿမိဳ႕မွျပည္သူမ်ား အသြားအလာသတိရွိၾကဖို႔ ေမတၱာရပ္ခံအပ္ပါတယ္ ဟု သတိေပး သတင္းထုတ္ျပန္ထားသည္။