မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်၏ ကြေးနီသယ်ကွန်တိန်နာယာဥ်များကိုPDFများ မိုင်းဆွဲတိုက်ခိုက်
အောင်ဇေယျ/People’s Spring
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မြန်မာဝန်ပေါင်ကုမ္ပဏီဋကထုတ်လုပ်ထားသော ကြေးနီများတင်ဆောင်လာသော စစ်ကောင်စီတပ်၏ ကွန်တိန်နာယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက်ကာကွယ်
ရေးအဖွဲ့)က သတင်းထုတ်ပြန်သည်။
ယနေ့(သြဂုတ်လ၂၈ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ စစ်ကိုင်းဘက်သို့ထွက်လာသော စစ်တပ်၏ ကြေးနီတင်ဆောင်လာသော ကွန်တိန်နာကား(၇)စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့် ကျေးရွာကြားတွင် ပဒေသာမိုင်း(၃)လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၅)စီးမြောက်ကား၏နောက်ပိုင်းနှင့် (၆)စီးမြောက်ကား၏ ခေါင်းပိုင်းတို့အား ထိထိမိမိထိမှန်ခဲ့ကြောင်း Black Eagle Defence Force-MMU က အသိပေးသည်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စိတပ်ထိ့ခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပါ ။
အဆိုပါတိုက်ခိုက်မှုအားမြင်းမူမြို့ Black Eagle Defence
Force-MMU နှင့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ စစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ ၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စသည့်ညီနောင် မဟာမိတ်( ၅ )ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဥ်တန်းအား မုံရွာ-မန္တလေးလမ်းမကြီး၊ မြင်းမူမြို့နယ်အတွင်း ထီးဆောင်း၊ ကန်ဖျားဇရပ်၊ နပဲကြူးဇရပ်ကြားတို့တွင် အခြားအဖွဲ့များကလည်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီမှာ စီမံကိန်းကိုရပ်ဆိုင်းထာပြီး ကြေးနီတူးဖော်သန့်စင်ခြင်းကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမလုပ်တော့ဟုထုတ်ပြန်ထားသော် ဝမ်ပေါင်ကုမ္ပဏီ၏ကြေးနီများကို စစ်ကောင်စီတပ်အကာအကွယ်
ဖြင့် မကြာခဏသယ်ယူလေ့ရှိသည်။
ရုပ်သံကြည့်ရန်👇👇👇
ရုပ်သံ-Black Eagle Defence Force- MMU
Zawgyi(version)
မုံ႐ြာ-မႏၱေလးလမ္းတြင္ စစ္ေကာင္စီတပ္၏ ေၾကးနီသယ္ကြန္တိန္နာယာဥ္မ်ားကိုPDFမ်ား မိုင္းဆြဲတိုက္ခိုက္
ေအာင္ေဇယ်/People’s Spring
မုံ႐ြာ-မႏၱေလးလမ္းမႀကီးေပၚတြင္ ျမန္မာဝန္ေပါင္ကုမၸဏီဋကထုတ္လုပ္ထားေသာ ေၾကးနီမ်ားတင္ေဆာင္လာေသာ စစ္ေကာင္စီတပ္၏ ကြန္တိန္နာယာဥ္တန္းအား ပေဒသာမိုင္းျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း Black Eagle Defence Force-MMU (ျမင္းမူလင္းယုန္နက္ကာကြယ္
ေရးအဖြဲ႕)က သတင္းထုတ္ျပန္သည္။
ယေန႕(ၾသဂုတ္လ၂၈ရက္) မြန္းလြဲ ၂ နာရီ ၄၅ မိနစ္ခန့္က
မုံ႐ြာ-မႏၱေလးလမ္းမႀကီးေပၚတြင္ မုံ႐ြာမွ စစ္ကိုင္းဘက္သို႔ထြက္လာေသာ စစ္တပ္၏ ေၾကးနီတင္ေဆာင္လာေသာ ကြန္တိန္နာကား(၇)စီးအား မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
ျမင္းမူၿမိဳ႕နယ္ အလႅကပၸေက်း႐ြာႏွင့္ ဝမ္းျပည့္ ေက်း႐ြာၾကားတြင္ ပေဒသာမိုင္း(၃)လုံးတြဲျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး (၅)စီးေျမာက္ကား၏ေနာက္ပိုင္းႏွင့္ (၆)စီးေျမာက္ကား၏ ေခါင္းပိုင္းတို႔အား ထိထိမိမိထိမွန္ခဲ့ေၾကာင္း Black Eagle Defence Force-MMU က အသိေပးသည္။မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္စစ္ေကာင္စိတပ္ထိ့ခိုက္ေသဆုံးမႈအေျခအေနကို မသိရေသးပါ ။
အဆိုပါတိုက္ခိုက္မႈအားျမင္းမူၿမိဳ႕ Black Eagle Defence
Force-MMU ႏွင့္ ညီေနာင္မဟာမိတ္အဖြဲ႕မ်ားက ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။
အထက္ပါ စစ္ဆင္ေရးကို Black Eagle Defence Force-MMU(ျမင္းမူလင္းယုန္နက္ ကာကြယ္ေရးအဖြဲ႕) မွ ဦးေဆာင္၍ ၊ Peoples Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (ျမင္းမူလွ်ပ္စီး ေျပာက္က်ားအဖြဲ႕)၊ ေျမာင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕- CDSOM၊ စသည့္ညီေနာင္ မဟာမိတ္( ၅ )ဖြဲ႕တို႔က ပူေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
အဆိုပါယာဥ္တန္းအား မုံ႐ြာ-မႏၱေလးလမ္းမႀကီး၊ ျမင္းမူၿမိဳ႕နယ္အတြင္း ထီးေဆာင္း၊ ကန္ဖ်ားဇရပ္၊ နပဲၾကဴးဇရပ္ၾကားတို႔တြင္ အျခားအဖြဲ႕မ်ားကလည္း ႏွစ္ႀကိမ္တိုင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေသးသည္။
ျမန္မာဝမ္ေပါင္ကုမၸဏီမွာ စီမံကိန္းကိုရပ္ဆိုင္းထာၿပီး ေၾကးနီတူးေဖာ္သန့္စင္ျခင္းကို စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းမလုပ္ေတာ့ဟုထုတ္ျပန္ထားေသာ္ ဝမ္ေပါင္ကုမၸဏီ၏ေၾကးနီမ်ားကို စစ္ေကာင္စီတပ္အကာအကြယ္
ျဖင့္ မၾကာခဏသယ္ယူေလ့ရွိသည္။
႐ုပ္သံ-Black Eagle Defence Force- MMU