မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ပ-စ်ခ-တ်တို-က်ခို-က်၊ ပေါ-က်ကွဲသံများ ဆက်တိုက်ထွက်ပေါ်

Breaking News- မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဆေးရုံကား ၃ စီးထက်မနည်း လေတပ်ထဲသို့ ဝင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ကြောင်း ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပေါက်ကွဲသံ ၃ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများ က ပြောသည်။

“ည ၈ နာရီ ၄၁ မိနစ်မှာ ဗုံးကွဲသံနဲ့အတူ အိမ်ကို ခဲတွေတောင်လာမှန်ပါတယ်။ ‌ လေယာဉ်ကွင်း ပတ်လမ်းဘေးရပ်ကွက်က အရမ်းကို ကျယ်တဲ့ အသံကို ကြားရ တာ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလင်းရောင်တွေတောင် ဖြာ ထွက်သွား တယ်။ လေယာဉ်ကွင်းဘေးက အိမ်တွေကို ခဲတွေ ခေါင်မိုးပေါ် မိုးရွာသလို ကျ လာ တာ။ လေတပ် ထဲကို လှမ်းပစ်တာ လို့ကြားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ခြင်း ဖြစ် ပြီး ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခြင်းဖြစ်ကြောင်း ပြော ဆိုသည်။

“ည ၈ နာရီ ၄၁ မိနစ်မှာ ရှော့တိုက်ဒုံး၅ လုံး တစ်ပြိုင်နက်တည်း ပစ်တာ။ ၅ လုံး က တစ်ပြိုင်နက်တည်း ကျတယ်၊ ပေါက်ကွဲတယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရ ပေ မယ့် ၅ လုံး စလုံး တစ်ပြိုင်နက်တည်းပေါက်တာပါ” ဟု ရန်ကုန်မြို့ပြ UG တာဝန်ရှိ သူက ပြောသည်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံကား များ ဆက်တိုက်ဆိုသလို လေတပ်စခန်းဌာနချုပ်ထဲသို့ ဝင်ရောက်နေ ကြောင်း သိရှိရသည်။

“ခွေးတွေတော်တော်ထိသွားတယ်ထင်တယ်။ အခု ဆေးရုံကားတွေ တောက် လျှောက်ပဲ ဝင်နေတယ်။ အခုအသံကြားတာတင် ဆေးရုံကား ၃ စီးရှိနေပြီ” ဟု လေဆိပ်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မင်္ဂလာဒုံလေတပ်စခန်းနှင့် လေဆိပ်ဘက်တွင် စစ်ကောင်စီ ဘက်က စစ်ကား၊ ရဲကားများ အလုံးအရင်းဖြင့် ဝင်ရောက်နေပြီး ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

Zawgyi(version)

Breaking News- မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္ကို ၁၀၇ မမ ေရွာ့တိုက္ဒုံး ၅ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္၊ ေဆး႐ုံကား ၃ စီးထက္မနည္း ေလတပ္ထဲသို႔ ဝင္သြား

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ၊ မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္ကို ယေန႔ည ၈ နာရီ ၄၀ မိနစ္အခ်ိန္မွစတင္၍ ေရွာ့တိုက္ဒုံး ၅ လုံးျဖင့္ တိုက္ခိုက္ေၾကာင္း ရန္ ကုန္ ၿမိဳ႕ၿပ ေပ်ာက္က်ား UG တပ္ဖြဲ႕တစ္ခုက ေျပာသည္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ ည ၈ နာရီ ၄၀ မိနစ္အခ်ိန္မွစတင္၍ မဂၤလာဒုံ ေလ တပ္ စခန္း ဌာနခ်ဳပ္ကို ၁၀၇ မမ ေရွာ့တိုက္ဒုံး ၅ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ ေပါက္ကြဲသံ ၃ ခ်က္ အလြန္က်ယ္ေလာင္စြာ ၾကားရေၾကာင္း ေဒသျပည္သူမ်ား က ေျပာသည္။

“ည ၈ နာရီ ၄၁ မိနစ္မွာ ဗုံးကြဲသံနဲ႔အတူ အိမ္ကို ခဲေတြေတာင္လာမွန္ပါတယ္။ ‌ ေလယာဥ္ကြင္း ပတ္လမ္းေဘးရပ္ကြက္က အရမ္းကို က်ယ္တဲ့ အသံကို ၾကားရ တာ။ ေပါက္ကြဲမႈျဖစ္တဲ့အခ်ိန္မွာ အလင္းေရာင္ေတြေတာင္ ျဖာ ထြက္သြား တယ္။ ေလယာဥ္ကြင္းေဘးက အိမ္ေတြကို ခဲေတြ ေခါင္မိုးေပၚ မိုးရြာသလို က် လာ တာ။ ေလတပ္ ထဲကို လွမ္းပစ္တာ လို႔ၾကားရတယ္” ဟု ေဒသျပည္သူ တစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ျပေပ်ာက္က်ား UG တာဝန္ရွိသူကမူ မဂၤလာဒုံေလတပ္ စခန္းဌာန ခ်ဳပ္ ထဲသို႔ ေရွာ့တိုက္ဒုံး ၁၀၇ မမ ၅ လုံး တစ္ၿပိဳင္နက္တည္း ပစ္ခတ္ခဲ့ျခင္း ျဖစ္ ၿပီး ေရွာ့တိုက္ဒုံး ၅ လုံး တစ္ၿပိဳင္နက္တည္း က်ေရာက္ျခင္းျဖစ္ေၾကာင္း ေျပာ ဆိုသည္။

“ည ၈ နာရီ ၄၁ မိနစ္မွာ ေရွာ့တိုက္ဒုံး၅ လုံး တစ္ၿပိဳင္နက္တည္း ပစ္တာ။ ၅ လုံး က တစ္ၿပိဳင္နက္တည္း က်တယ္၊ ေပါက္ကြဲတယ္။ ေပါက္ကြဲသံ ၃ ခ်က္ၾကားရ ေပ မယ့္ ၅ လုံး စလုံး တစ္ၿပိဳင္နက္တည္းေပါက္တာပါ” ဟု ရန္ကုန္ၿမိဳ႕ၿပ UG တာဝန္ရွိ သူက ေျပာသည္။

မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္တြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ေဆး႐ုံကား မ်ား ဆက္တိုက္ဆိုသလို ေလတပ္စခန္းဌာနခ်ဳပ္ထဲသို႔ ဝင္ေရာက္ေန ေၾကာင္း သိရွိရသည္။

“ေခြးေတြေတာ္ေတာ္ထိသြားတယ္ထင္တယ္။ အခု ေဆး႐ုံကားေတြ ေတာက္ ေလၽွာက္ပဲ ဝင္ေနတယ္။ အခုအသံၾကားတာတင္ ေဆး႐ုံကား ၃ စီးရွိေနၿပီ” ဟု ေလဆိပ္အနီး ေနထိုင္သူ ျပည္သူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ မဂၤလာဒုံေလတပ္စခန္းႏွင့္ ေလဆိပ္ဘက္တြင္ စစ္ေကာင္စီ ဘက္က စစ္ကား၊ ရဲကားမ်ား အလုံးအရင္းျဖင့္ ဝင္ေရာက္ေနၿပီး ရွာေဖြစစ္ ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။