မုံရွာနှင့် အလုံမြို့တွင် PDF အယောင်ဆောင်ပြီး စစ်ကောင်စီတပ်သားများ အနုကြမ်းဝင်စီးမှုများ…see more

မုံရွာနှင့် အလုံမြို့တွင် PDF အယောင်ဆောင်ပြီး စစ်ကောင်စီတပ်သားများ အနုကြမ်းဝင်စီးမှုများ ပြုလုပ်နေ

၂၀၂၂ ​သြဂုတ် ၂၄/၂၅/ ၂၆ ရက်များတွင် မုံရွာ၊ အလုံနှင့် နမခ အနီးတဝိုက်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို အနုကြမ်းစီးမှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် အလုံ နန်းဦးစားသောက်ဆိုင်တွင်လည်း ၂၆.၈.၂၀၂၂ ရက်နေ့ ည ၈ နာရီခန့် တွင် အနုကြမ်းစီးမှု ပြုလုပ်ခဲ့​ပြီးဆိုင်မှ လူများအား သေနတ်ပြ မှောက်ထားခိုင်းပြီး ပိုင်ရှင်ထံမှ သိန်းရာကျော် ငွေများ သိမ်းယူသွားခဲ့သည်။

ထို့အပြင် PDF ဟု ရေးထားသော ယူနီဖောင်းအသစ်ကျပ်ချွတ်များ ဝတ်ဆင်ထားပြီး သေနတ်များတွင်ပါ PDF ဟုရေးသားထားသည်ဟု အပြင်မှ မြင်တွေ့လိုက်သူများက ဆိုသည်။

ထိုဖြစ်စဉ် မတိုင်မီက မုံရွာမြို့ပေါ်မှာ LUCKYဆင်နှစ်ကောင် ကုန်စုံဆိုင် အပြင် အခြားသောပွဲရုံများနဲ့ လက္ဘရည်ဆိုင်များမှာလည်း အနုကြမ်းစီးမှု ပြုလုပ်သွားခဲ့သည်ဟုသိရသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များတွင် ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအတွင်းသို့ PDF ဟု ရေးထားသော ယူနီဖောင်းများဝတ်ဆင်လျက် နေ့ညမရှောင် ဝင်ရောက် စီးနင်းခဲ့ပြီးပြည်သူများနှင့်

PDF များအကြား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု အယူအဆများရှိနေသည်။

ဖြစ်စဥ်များတွင် PDF ဟုရေးသားထားသော ယူနီဖောင်းနှင့် လက်နက်များကို ရည်ရွယ်ချက်ရှိရှိအသုံးပြုခြင်း၊CCTV တပ်ဆင်ထားသောဆိုင်များကိုပင်မထီမဲ့မြင် ဝင်ရောက်ခြင်း၊ စစ်ကောင်စီ နယ်မြေအတွင်း၌ပင် ယူနီဖောင်းများနှင့် နေညမရှောင် ပေါ်ပေါ်ထင်ထင် သွားလာလို့ရခြင်း၊၄င်းတို့ စီးနင်းမှုများအားလုံး ပစ်ခတ်ဖမ်းဆီးမှု၊ အမှုမှန်ပေါ်ပေါက်မရှိခြင်းတို့ကြောင့် PDF အယောင်ဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ဆောင်နေသည် ဟု ယူဆချက်များလည်းရှိသည်။

crd – အလောင်းတော်ကဿပနယ်မြေသတင်း

Zawgyi(version)

မုံ႐ြာႏွင့္ အလုံၿမိဳ႕တြင္ PDF အေယာင္ေဆာင္ၿပီး စစ္ေကာင္စီတပ္သားမ်ား အႏုၾကမ္းဝင္စီးမႈမ်ား ျပဳလုပ္ေန

၂၀၂၂ ၾသဂုတ္ ၂၄/၂၅/ ၂၆ ရက္မ်ားတြင္ မုံ႐ြာ၊ အလုံႏွင့္ နမခ အနီးတဝိုက္ရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားကို အႏုၾကမ္းစီးမႈမ်ားျဖစ္ေပၚလ်က္ရွိသည္ဟု သိရသည္။

ေနာက္ဆုံးျဖစ္ပြားခဲ့သည့္ အလုံ နန္းဦးစားေသာက္ဆိုင္တြင္လည္း ၂၆.၈.၂၀၂၂ ရက္ေန႕ ည ၈ နာရီခန့္ တြင္ အႏုၾကမ္းစီးမႈ ျပဳလုပ္ခဲ့ၿပီးဆိုင္မွ လူမ်ားအား ေသနတ္ျပ ေမွာက္ထားခိုင္းၿပီး ပိုင္ရွင္ထံမွ သိန္းရာေက်ာ္ ေငြမ်ား သိမ္းယူသြားခဲ့သည္။

ထို႔အျပင္ PDF ဟု ေရးထားေသာ ယူနီေဖာင္းအသစ္က်ပ္ခြၽတ္မ်ား ဝတ္ဆင္ထားၿပီး ေသနတ္မ်ားတြင္ပါ PDF ဟုေရးသားထားသည္ဟု အျပင္မွ ျမင္ေတြ႕လိုက္သူမ်ားက ဆိုသည္။

ထိုျဖစ္စဥ္ မတိုင္မီက မုံ႐ြာၿမိဳ႕ေပၚမွာ LUCKYဆင္ႏွစ္ေကာင္ ကုန္စုံဆိုင္ အျပင္ အျခားေသာပြဲ႐ုံမ်ားနဲ႕ လကၻရည္ဆိုင္မ်ားမွာလည္း အႏုၾကမ္းစီးမႈ ျပဳလုပ္သြားခဲ့သည္ဟုသိရသည္။

ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားတြင္ ကုန္စုံဆိုင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ားအတြင္းသို႔ PDF ဟု ေရးထားေသာ ယူနီေဖာင္းမ်ားဝတ္ဆင္လ်က္ ေန႕ညမေရွာင္ ဝင္ေရာက္ စီးနင္းခဲ့ၿပီးျပည္သူမ်ားႏွင့္

PDF မ်ားအၾကား ထင္ေယာင္ထင္မွားျဖစ္ေစရန္ ရည္႐ြယ္လုပ္ေဆာင္ေနသည္ဟု အယူအဆမ်ားရွိေနသည္။

ျဖစ္စဥ္မ်ားတြင္ PDF ဟုေရးသားထားေသာ ယူနီေဖာင္းႏွင့္ လက္နက္မ်ားကို ရည္႐ြယ္ခ်က္ရွိရွိအသုံးျပဳျခင္း၊CCTV တပ္ဆင္ထားေသာဆိုင္မ်ားကိုပင္မထီမဲ့ျမင္ ဝင္ေရာက္ျခင္း၊ စစ္ေကာင္စီ နယ္ေျမအတြင္း၌ပင္ ယူနီေဖာင္းမ်ားႏွင့္ ေနညမေရွာင္ ေပၚေပၚထင္ထင္ သြားလာလို႔ရျခင္း၊၄င္းတို႔ စီးနင္းမႈမ်ားအားလုံး ပစ္ခတ္ဖမ္းဆီးမႈ၊ အမႈမွန္ေပၚေပါက္မရွိျခင္းတို႔ေၾကာင့္ PDF အေယာင္ေဆာင္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ား ထင္ေယာင္ထင္မွားျဖစ္ေအာင္လုပ္ေဆာင္ေနသည္ ဟု ယူဆခ်က္မ်ားလည္းရွိသည္။

crd – အေလာင္းေတာ္ကႆပနယ္ေျမသတင္း