မုံရွာမြို့နယ် လယ်ဇင်ကျေးရွာတွင် ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ၊ ၂ ဦးမှာ ရုပ်ပင် မပီပြင်တော့…see more

မုံရွာမြို့နယ် လယ်ဇင်ကျေးရွာတွင် ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ၊ ၂ ဦးမှာ ရုပ်ပင် မပီပြင်တော့

ဂျာမုန်း

ကော်သူးလေ (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာနေ ပြည်သူတစ်ဦးနှင့် ဓားစာခံဖမ်းဆီးလာသည့် အမည်မသိလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်တာဝန်ခံက အတည်ပြုပြောဆိုသည်။

အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်မှာ မုံရွာမြို့ပေါ်နှင့်တစ်မိုင်ခန့်သာကွာဝေးသည့် လယ်ဇင် ကျေးရွာသို့ ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာကာ ရမ်းသန်းပစ် ခတ်မှုပြုလုပ်စဥ် အသက် (၅၁)နှစ်အရွယ် ဦးအောင်ချစ်အမည်ရှိ ရွာခံအမျိုးသားကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ရွာလယ်ခေါင်မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်မှာ ပြည်သူတွေ ပုံမှန် မနက်စာ စားကြ တဲ့အချိန်မှာ စစ်ကောင်စီတပ်ကဝင်လာတော့ အားလုံးကြောက်ပြီး ထွက်ပြေးကြတယ်။ ပြေးတဲ့လူတွေထဲ လိုက်ပစ်တဲ့အချိန်မှာ ဦးအောင်ချစ် ခြေထောက်မှန်သွားတယ်။

တခြား မျက်မြင်တွေပြောတာတော့ မှန်တဲ့ အချိန်မှာ မသေဘူးပေါ့။ ဒါပေမယ့် စစ်ကောင်စီတပ်က အဲဒီနားက ဘုန်းကြီးကျောင်း အနောက်ဘက်ခေါ် ပြီးတော့မှ ပစ်သတ်ထားခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်တာဝန်ခံက ပြောသည်။

ယင်းလက်ဖက်ရည်ဆိုင်မှာ ရုပ်အလောင်းပြန်တွေ့သည့် ဘုန်းကြီးကျောင်း၏တံတိုင်းဘေး ကပ်လျှက်ဖြစ် သည်။ ဘုန်းကြီးကျောင်း နောက်ဖေးလမ်းကြား၌ ဦးအောင်ချစ်၏အလောင်းအပြင် အသက် ၂၀ ကျော် ဝန်းကျင်အရွယ် လူငယ်နှစ်ဦး၏ ရုပ်အလောင်းပါတွေ့ခဲ့ရကြောင်း ၎င်းဆိုသည်။

“ဦးအောင်ချစ်ကတော့ ခြေထောက်မှာမှန်ထားတဲ့တစ်ချက်တွေ့တယ်။ ပြီးတော့ ခြေထောက်မှာ ဓားနဲ့မွှန်း ထားတဲ့အရာတွေလည်း တွေ့တယ်။ နောက်ပြီး ရင်ဘတ်ကိုတစ်ချက်ပစ်သွားတဲ့ဒဏ်ရာလည်း တွေ့ တယ်။ မီးရှို့ခံရတဲ့ အလောင်းနှစ်လောင်းက ရုပ်ကတော့ မပီတော့ဘူး၊ မီးလောင်ထားတဲ့ ဒဏ်ရာတွေနဲ့ ဆိုတော့လေ။

အဲဒီနားမှာ ပေါက်ပြားတွေတွေ့တယ်။ သူတို့မှာလည်း ပေါက်ပြားတွေနဲ့ ခုတ်ခံထားရတဲ့ ဒဏ်ချက်တွေတွေ့တယ်။ ဆိုတော့ ခုတ်ပြီးမှ မီးရှို့သတ်ခဲ့တာလို့ ကျွန်တော်တို့ကတော့ ယူဆတယ်” ဟု ဆက်လက်ပြောကြားသည်။

ထိုသို့သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ်မှာ ဩဂုတ်လ ၂၆ ရက် နေ့ခင်းပိုင်းတွင် လယ်ဇင်ကျေးရွာမှ မုံရွာမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
၎င်းတို့သုံးဦးလုံးကို ယင်းနေ့ ညနေခင်းတွင်ပင် ကျေးရွာမှစုပေါင်းကာ ဈာပနအခမ်းအနားပြုလုပ် သင်္ဂြိုလ် ပေးခဲ့ကြောင်းသိရသည်။

လယ်ဇင်ကျေးရွာမှာ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကို မကြာခဏကြုံရလေ့ရှိသည့် ကျေးရွာဖြစ်ပြီး လက်ရှိအချိန်ထိ (၁၀)ကြိမ်ထက်မနည်း စစ်ကြောင်းထိုးခံခဲ့ရပြီးဖြစ်သည်။

စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ

#မုံရွာမြို့နယ်
#လယ်ဇင်ကျေးရွာ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့

Zawgyi(version)

မုံ႐ြာၿမိဳ႕နယ္ လယ္ဇင္ေက်း႐ြာတြင္ ျပည္သူ ၃ ဦး သတ္ျဖတ္ခံရ၊ ၂ ဦးမွာ ႐ုပ္ပင္ မပီျပင္ေတာ့

ဂ်ာမုန္း

ေကာ္သူးေလ (မဇၩိမ)။ ။စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ လယ္ဇင္ေက်း႐ြာေန ျပည္သူတစ္ဦးႏွင့္ ဓားစာခံဖမ္းဆီးလာသည့္ အမည္မသိလူငယ္ႏွစ္ဦးကို စစ္ေကာင္စီတပ္က ဩဂုတ္လ ၂၆ ရက္ေန႕တြင္ သတ္ျဖတ္ခဲ့ေၾကာင္း ျပည္သူ႕ကာကြယ္ေရးအဖြဲ႕- မုံ႐ြာၿမိဳ႕နယ္တာဝန္ခံက အတည္ျပဳေျပာဆိုသည္။

အင္အား ၅၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္မွာ မုံ႐ြာၿမိဳ႕ေပၚႏွင့္တစ္မိုင္ခန႔္သာကြာေဝးသည့္ လယ္ဇင္ ေက်း႐ြာသို႔ ဩဂုတ္လ ၂၆ ရက္ နံနက္ ၆ နာရီခန႔္တြင္ စစ္ေၾကာင္းထိုးဝင္ေရာက္လာကာ ရမ္းသန္းပစ္ ခတ္မႈျပဳလုပ္စဥ္ အသက္ (၅၁)ႏွစ္အ႐ြယ္ ဦးေအာင္ခ်စ္အမည္ရွိ ႐ြာခံအမ်ိဳးသားကို ထိမွန္ခဲ့ျခင္းျဖစ္သည္။

႐ြာလယ္ေခါင္မွာ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ရွိတယ္။ အဲဒီဆိုင္မွာ ျပည္သူေတြ ပုံမွန္ မနက္စာ စားၾက တဲ့အခ်ိန္မွာ စစ္ေကာင္စီတပ္ကဝင္လာေတာ့ အားလုံးေၾကာက္ၿပီး ထြက္ေျပးၾကတယ္။ ေျပးတဲ့လူေတြထဲ လိုက္ပစ္တဲ့အခ်ိန္မွာ ဦးေအာင္ခ်စ္ ေျခေထာက္မွန္သြားတယ္။

တျခား မ်က္ျမင္ေတြေျပာတာေတာ့ မွန္တဲ့ အခ်ိန္မွာ မေသဘူးေပါ့။ ဒါေပမယ့္ စစ္ေကာင္စီတပ္က အဲဒီနားက ဘုန္းႀကီးေက်ာင္း အေနာက္ဘက္ေခၚ ၿပီးေတာ့မွ ပစ္သတ္ထားခဲ့တာ ဟု ျပည္သူ႕ကာကြယ္ေရးအဖြဲ႕- မုံ႐ြာၿမိဳ႕နယ္တာဝန္ခံက ေျပာသည္။

ယင္းလက္ဖက္ရည္ဆိုင္မွာ ႐ုပ္အေလာင္းျပန္ေတြ႕သည့္ ဘုန္းႀကီးေက်ာင္း၏တံတိုင္းေဘး ကပ္လွ်က္ျဖစ္ သည္။ ဘုန္းႀကီးေက်ာင္း ေနာက္ေဖးလမ္းၾကား၌ ဦးေအာင္ခ်စ္၏အေလာင္းအျပင္ အသက္ ၂၀ ေက်ာ္ ဝန္းက်င္အ႐ြယ္ လူငယ္ႏွစ္ဦး၏ ႐ုပ္အေလာင္းပါေတြ႕ခဲ့ရေၾကာင္း ၎ဆိုသည္။

ဦးေအာင္ခ်စ္ကေတာ့ ေျခေထာက္မွာမွန္ထားတဲ့တစ္ခ်က္ေတြ႕တယ္။ ၿပီးေတာ့ ေျခေထာက္မွာ ဓားနဲ႕မႊန္း ထားတဲ့အရာေတြလည္း ေတြ႕တယ္။ ေနာက္ၿပီး ရင္ဘတ္ကိုတစ္ခ်က္ပစ္သြားတဲ့ဒဏ္ရာလည္း ေတြ႕ တယ္။ မီးရွို႔ခံရတဲ့ အေလာင္းႏွစ္ေလာင္းက ႐ုပ္ကေတာ့ မပီေတာ့ဘူး၊ မီးေလာင္ထားတဲ့ ဒဏ္ရာေတြနဲ႕ ဆိုေတာ့ေလ။

အဲဒီနားမွာ ေပါက္ျပားေတြေတြ႕တယ္။ သူတို႔မွာလည္း ေပါက္ျပားေတြနဲ႕ ခုတ္ခံထားရတဲ့ ဒဏ္ခ်က္ေတြေတြ႕တယ္။ ဆိုေတာ့ ခုတ္ၿပီးမွ မီးရွို႔သတ္ခဲ့တာလို႔ ကြၽန္ေတာ္တို႔ကေတာ့ ယူဆတယ္ ဟု ဆက္လက္ေျပာၾကားသည္။

ထိုသို႔သတ္ျဖတ္ၿပီးေနာက္ စစ္ေကာင္စီတပ္မွာ ဩဂုတ္လ ၂၆ ရက္ ေန႕ခင္းပိုင္းတြင္ လယ္ဇင္ေက်း႐ြာမွ မုံ႐ြာၿမိဳ႕သို႔ ျပန္လည္ထြက္ခြာသြားခဲ့သည္။
၎တို႔သုံးဦးလုံးကို ယင္းေန႕ ညေနခင္းတြင္ပင္ ေက်း႐ြာမွစုေပါင္းကာ ဈာပနအခမ္းအနားျပဳလုပ္ သျဂၤိုလ္ ေပးခဲ့ေၾကာင္းသိရသည္။

လယ္ဇင္ေက်း႐ြာမွာ စစ္ေကာင္စီတပ္၏ စစ္ေၾကာင္းထိုးဝင္ေရာက္မႈကို မၾကာခဏႀကဳံရေလ့ရွိသည့္ ေက်း႐ြာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ (၁၀)ႀကိမ္ထက္မနည္း စစ္ေၾကာင္းထိုးခံခဲ့ရၿပီးျဖစ္သည္။

စာတည္း။ ။ ေစာေဖ
စာမူတည္းျဖတ္။ ။ ေစာေဖ

#မုံ႐ြာၿမိဳ႕နယ္
#လယ္ဇင္ေက်း႐ြာ
#ျပည္သူ႕ကာကြယ္ေရးအဖြဲ႕