“စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား”
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားစွမ်းရည်ချိနဲ့နေပြီဖြစ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်တော့မှာမဟုတ်ဘူးလို့ KIC ကချင်လွတ်မြောက်ရေး ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဂစ်တာတစ်လက်ကို ကြိုးမညှိဘဲ တီးခတ်နေသူနဲ့ အလားသဏ္ဍာန်တူတယ်လို့လည်း သူကပြောပါတယ်။
တစ်ဆက်တည်းမှာပဲ အနန့်ပါဗုံးကြဲမှုဟာ ကချင်လူမျိုးတွေရဲ့ နှလုံးသားကို သံမှိုနဲ့ နှက်လိုက်တာဖြစ်ကြောင်း၊ သူတို့ KIO နဲ့ NUG အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာကြောင်းနဲ့ တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်ကြောင်း စသဖြင့်လည်း ပြောဆိုခဲ့ပါတယ်။
ကချင်တစ်မျိုးသားလုံးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နားလည်မှုအပြည့် ပူးပေါင်းနေပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်ဆောင်ရွက်မှုတွေဟာ ယုံယုံကြည်ကြည်နဲ့ တကယ့်အားကောင်းကောင်းရှိနေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)မက ကချင်တစ်မျိုးသားလုံးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နားလည်မှုအပြည့်ပူးပေါင်းနေပြီဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းစဉ်ပြောဆိုလိုက်ပါတယ်။
“အဓိက ကတော့ ကချင် KIO လို့တောင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ ကချင်တစ်မျိုးသားလုံးကနေပြီးတော့မှ CRPH နဲ့ NUG နဲ့ နားလည်မှုအပြည်နဲ့ပူးပေါင်းတာဖြစ်တယ်။ စစ်ရေးမှာကတော့ KIA က NUG ရဲ့ MOD နဲ့ ကျွန်တော်တို့ C3C လို့ ခေါ်တဲ့ အစုအဖွဲ့မှာ အစစအရာရာတိုင်ပင်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုဘယ်လိုချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့အပိုင်းက စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ကျေနပ်တယ်ပြီးတော့ စဉ်ဆက်မပြတ်ကြိုးစားနေတယ်လို့ သတင်းစကားပါးချင်ပါတယ်။”လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တော့ ပထမပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ကို တိုက်ရိုက်သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းသင်တန်းတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ရိုက်သင်တန်းပေးနေပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ မွမ်းမံသင်တန်းတွေနဲ့ အခြားအထူးလေ့ကျင့်ပေးရမယ့်သင်တန်းတွေ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားနဲ့စွမ်းရည်ဟာ နှစ်ခုစလုံးချိနဲ့နေတာဖြစ်ပြီး ရေရှည်ရပ်တည်နိုင်တော့မှာမဟုတ်တော့ဘူးလို့ သုံးသပ်လိုက်ပါတယ်။
တဖက်မှာတော့ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာတာကြောင့် တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ့်ရဲ့အင်အားကြီးလာအောင်လုပ်ရမှာဖြစ်သလို အပြန်အလှန်နားလည်မှုတွေတည်ဆောက်ပြီး တော်လှန်ရေးကာလမှာ အချင်းချင်း အပုပ်ချအပြစ်တင်မှုတွေကို ရှောင်ရှားဖို့လိုတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကဆက်ပြီးပြောပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပေးဆပ်သူအားလုံးကို ကျေးဇူးတင်ပြီး တော်လှန်ရေးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်လို့ ဒီတော်လှန်ရေးအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့ ပြောဆိုလိုက်ပါတယ်။
zawgyi(version)
“စစ္ေကာင္စီတပ္ဖြဲ႕ေတြ ေရရွည္ရပ္တည္ဖို႔ ခက္ခဲလာေနေၾကာင္း ဒုဗိုလ္ခ်ဳပ္ႀကီးဂြမ္ေမာ္ ေျပာၾကား”
စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ အင္အားစြမ္းရည္ခ်ိနဲ႔ေနၿပီျဖစ္တဲ့အတြက္ ေရရွည္ရပ္တည္နိုင္ေတာ့မွာမဟုတ္ဘူးလို႔ KIC ကခ်င္လြတ္ေျမာက္ေရး ေကာင္စီ ဒုဥကၠ႒ (၁) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္က ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ ဂစ္တာတစ္လက္ကို ႀကိဳးမညႇိဘဲ တီးခတ္ေနသူနဲ႔ အလားသ႑ာန္တူတယ္လို႔လည္း သူကေျပာပါတယ္။
တစ္ဆက္တည္းမွာပဲ အနန႔္ပါဗုံးၾကဲမႈဟာ ကခ်င္လူမ်ိဳးေတြရဲ့ ႏွလုံးသားကို သံမွိုနဲ႔ ႏွက္လိုက္တာျဖစ္ေၾကာင္း၊ သူတို႔ KIO နဲ႔ NUG အျပည့္အဝ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း၊ လူငယ္ ေတာ္လွန္ေရးသမားေတြဟာ အလြန္ရဲရင့္ၿပီး ဆုံးျဖတ္ခ်က္ခိုင္မာေၾကာင္းနဲ႔ ေတာ္လွန္ေရးမုခ် ေအာင္ျမင္မွာျဖစ္ေၾကာင္း စသျဖင့္လည္း ေျပာဆိုခဲ့ပါတယ္။
ကခ်င္တစ္မ်ိဳးသားလုံးက အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔ နားလည္မႈအျပည့္ ပူးေပါင္းေနၿပီလို႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္ ေျပာၾကား
ဒီဇင္ဘာ ၁၅ ၊ ၂၀၂၂
အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔ ပူးေပါင္ေဆာင္ရြက္မႈေတြဟာ ယုံယုံၾကည္ၾကည္နဲ႔ တကယ့္အားေကာင္းေကာင္းရွိေနၿပီး ကခ်င္လြတ္လပ္ေရးအဖြဲ႕ခ်ဳပ္(KIO)မက ကခ်င္တစ္မ်ိဳးသားလုံးက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH)၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) တို႔နဲ႔ နားလည္မႈအျပည့္ပူးေပါင္းေနၿပီျဖစ္တယ္လို႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္က RFA သတင္းဌာနနဲ႔ေတြ႕ဆုံေမးျမန္းစဥ္ေျပာဆိုလိုက္ပါတယ္။
“အဓိက ကေတာ့ ကခ်င္ KIO လို႔ေတာင္မဟုတ္ေတာ့ဘူး။ ကၽြန္ေတာ္တို႔ ကခ်င္တစ္မ်ိဳးသားလုံးကေနၿပီးေတာ့မွ CRPH နဲ႔ NUG နဲ႔ နားလည္မႈအျပည္နဲ႔ပူးေပါင္းတာျဖစ္တယ္။ စစ္ေရးမွာကေတာ့ KIA က NUG ရဲ့ MOD နဲ႔ ကၽြန္ေတာ္တို႔ C3C လို႔ ေခၚတဲ့ အစုအဖြဲ႕မွာ အစစအရာရာတိုင္ပင္ၿပီးေတာ့ စစ္အာဏာရွင္စနစ္ကိုဘယ္လိုခ်ဳပ္ၿငိမ္းေအာင္ ဘယ္လိုလုပ္ၾကမယ္ဆိုတဲ့အပိုင္းက စဥ္ဆက္မျပတ္ပူးေပါင္းေဆာင္ရြက္ေနတာျဖစ္ပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈအပိုင္းမွာ ေက်နပ္တယ္ၿပီးေတာ့ စဥ္ဆက္မျပတ္ႀကိဳးစားေနတယ္လို႔ သတင္းစကားပါးခ်င္ပါတယ္။”လို႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ စစ္ေရးအရ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ ေတာ့ ပထမပိုင္းမွာ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ကေန ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ အင္အား ၄၀၀၀ ေက်ာ္ကို တိုက္ရိုက္သင္တန္းေပးခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီေနာက္ပိုင္းသင္တန္းေတြကိုေတာ့ အမ်ိဳးသားညီညြတ္ေရးအစိုးရ ရဲ့ ကာကြယ္ေရးဝန္ႀကီးဌာနကေန တိုက္ရိုက္သင္တန္းေပးေနၿပီး ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ကေတာ့ မြမ္းမံသင္တန္းေတြနဲ႔ အျခားအထူးေလ့က်င့္ေပးရမယ့္သင္တန္းေတြ ပူးေပါင္းေဆာင္ရြက္မႈလုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။
စစ္ေကာင္စီတပ္ဖြဲ႕ေတြရဲ့ အင္အားနဲ႔စြမ္းရည္ဟာ ႏွစ္ခုစလုံးခ်ိနဲ႔ေနတာျဖစ္ၿပီး ေရရွည္ရပ္တည္နိုင္ေတာ့မွာမဟုတ္ေတာ့ဘူးလို႔ သုံးသပ္လိုက္ပါတယ္။
တဖက္မွာေတာ့ လူငယ္ ေတာ္လွန္ေရးသမားေတြဟာ အလြန္ရဲရင့္ၿပီး ဆုံးျဖတ္ခ်က္ခိုင္မာတာေၾကာင့္ ေတာ္လွန္ေရးမုခ် ေအာင္ျမင္မွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကိုယ့္ရဲ့အင္အားႀကီးလာေအာင္လုပ္ရမွာျဖစ္သလို အျပန္အလွန္နားလည္မႈေတြတည္ေဆာက္ၿပီး ေတာ္လွန္ေရးကာလမွာ အခ်င္းခ်င္း အပုပ္ခ်အျပစ္တင္မႈေတြကို ေရွာင္ရွားဖို႔လိုတယ္လို႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဂြမ္ေမာ္ကဆက္ၿပီးေျပာပါတယ္။
ဒါ့အျပင္ ေႏြဦးေတာ္လွန္ေရးမွာ ေပးဆပ္သူအားလုံးကို ေက်းဇူးတင္ၿပီး ေတာ္လွန္ေရးဟာ မွန္ကန္တဲ့လမ္းေၾကာင္းေပၚကို ေရာက္ရွိေနၿပီျဖစ္လို႔ ဒီေတာ္လွန္ေရးေအာင္ျမင္မယ္လို႔ အျပည့္အဝ ယုံၾကည္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။