အိမ်ကမိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရ တဲ့ ပြည်သူ့ရဲဘော် PDF လေးတစ်ဦး ရဲ့ မိခင်အတွက်ရေးထားတဲ့ ကဗျာ

အိမ်ကမိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရ တဲ့ပြည်သူ့ရဲဘော်PDF လေးတစ်ဦး ရဲ့ မိခင်အတွက်ရေးထားတဲ့ ကဗျာ တောင်တန်းတွေမှာ မိုးရွာရင်နေထွက်ဖို့ခက်ခဲလတယ်အမေတောမှာခိုလှုံခဲ့တဲ့အမေ့သားလဲအိမ်ပြန်ဖို့ခက်ခဲခဲ့ပြီအမေ

အလွမ်းတွေကို မြိုသိမ့်နှစ်သက်မှု မဟုတ်တဲ့ဒီလမ်းစဥ်မှာကိုယ်တိုင် နှစ်သိမ့်ရင်းဖြေသိမ့်စွာ နေပါတယ် အမေ
တစ်ချို့တွေသိပ်နေနိုင်ရက်ကြတာပဲ အမေမြို့မှာနေ ပျော်ပွဲဆင်လို့Clubတွေမှာလဲ လူတွေစည်ကားနေတယ်ဒါတွေတွေ့တော့ အမေလေ သားကိုဆူနေမလား…….

တောင်ပြာတန်းတွေ နှင်းမြုံတွေကြားကအမေ့သားလေတနေ့တော့ အိမ်ကိုပြန်ရင်းအမေ့ကို ပွေ့ဖက်ဖို့ ပြေးလာခဲ့ပါမယ်
အခုတော့ ဒီတောဒီတောင်လေးကဌက်ကျေးသံစစ်ချီအော်သံစမ်းရေစီးသံ လေညှင်းသံလေးတွေကြားမှာအမေ့ကို လွမ်းရင်းပေးဆပ်ရင်းနဲ့နေပါရစေအုံး အမေ…………

#JahimKhamCredit

Zawgyi(version)




#JahimKhamCredit