ဖမ်းဆီးခံထားရတဲ့ လယ်ဝေးက CDM ကျောင်းသား စစ်ကြောရေးမှာ သေဆုံး
ဒီဇင္ဘာ၊ ၁၃-၂၀၂၂
MM (VOM)
နေပြည်တော် ၊လယ်ဝေးမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ CDM ကျောင်းသား ကိုဖုန်းမြတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၊ လယ်ဝေး မြို့က ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ် အနီး ဗုံးပေါက်ကွဲမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကိုဖုန်းမြတ် စစ်ကြောရေးမှာသေဆုံးသွားတဲ့ အကြောင်းကို သြင်္ဂိုဟ်တဲ့နေ့မှာ မိသားစုတွေဆီ အကြောင်းကြားလာတာလို့ မိသားစုနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
”ကိုဖုန်းမြတ်က လယ်ဝေးမြို့မှာ နေထိုင်တာပါ ၊ သူက CDM ကျောင်းသားတဦး၊ အသက် ၁၉ နှစ်ပဲရှိသေးတာ ၊ ကိုဖုန်းမြတ် သေဆုံးတာကို စစ်ကြောရေးဘက်က နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရပ်ပြီး သေဆုံးတာလို့ အကြောင်းကြားတာပါ ၊
အလောင်းကို မိသားကို မျက်နှာပဲ ကြည့်ခွင့်ပေးတယ်တဲ့ ၊ အခု ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီး သုဿန်မှာ မီးသြင်္ဂိုဟ်ပြီးပါပြီတဲ့ ဘယ်နေ့သေလို့ ဘယ်လိုဖြစ်ရတာလည်း ၊ ဘာကြောင့် ကိုယ်လုံး တစ်ခုလုံး စစ်ရောင် ပိတ်စကြီးပတ်ထားရတာလည်း ဘာဆိုဘာမှ သိခွင့်မရတာလို့ ၊မိသားစုက ယူကျုံမရဖြစ်ရတယ်။”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုကာ အဖမ်းခံရတဲ့ ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့က အုန်းပင်အငှားတက် လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်တဲ့အချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ အထိ နိုင်ငံတဝှမ်း စစ်ကြောရေးမှာ သေဆုံးရသူ ၁၂၄ ဦးအထိရှိတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။
Zawgyi(version)
ဖမ္းဆီးခံထားရတဲ့ လယ္ေဝးက CDM ေက်ာင္းသား စစ္ေၾကာေရးမွာ ေသဆုံး
ဒီဇင္ဘာ၊ ၁၃-၂၀၂၂
MM (VOM)
ေနျပည္ေတာ္ ၊လယ္ေဝးၿမိဳ႕နယ္မွာ ဖမ္းဆီးခံခဲ့ရတဲ့ CDM ေက်ာင္းသား ကိုဖုန္းျမတ္ဟာ စစ္ေၾကာေရးမွာ ေသဆုံးသြားတယ္လို႔ သိရပါတယ္။
ေသဆုံးသြားတဲ့ CDM ေက်ာင္းသား ကိုဖုန္းျမတ္ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္က ေနျပည္ေတာ္၊ လယ္ေဝး ၿမိဳ႕က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ရဲဂိတ္ အနီး ဗုံးေပါက္ကြဲမႈသံသယနဲ႕ ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။
ကိုဖုန္းျမတ္ စစ္ေၾကာေရးမွာေသဆုံးသြားတဲ့ အေၾကာင္းကို ၾသဂႋုဟ္တဲ့ေန႕မွာ မိသားစုေတြဆီ အေၾကာင္းၾကားလာတာလို႔ မိသားစုနဲ႕ နီးစပ္သူတေယာက္ကေျပာပါတယ္။
ကိုဖုန္းျမတ္က လယ္ေဝးၿမိဳ႕မွာ ေနထိုင္တာပါ ၊ သူက CDM ေက်ာင္းသားတဦး၊ အသက္ ၁၉ ႏွစ္ပဲရွိေသးတာ ၊ ကိုဖုန္းျမတ္ ေသဆုံးတာကို စစ္ေၾကာေရးဘက္က ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႕ ႏွလုံးရပ္ၿပီး ေသဆုံးတာလို႔ အေၾကာင္းၾကားတာပါ ၊
အေလာင္းကို မိသားကို မ်က္ႏွာပဲ ၾကည့္ခြင့္ေပးတယ္တဲ့ ၊ အခု ပုဗၺသီရိၿမိဳ႕နယ္၊ ေကြ႕ႀကီး သုႆန္မွာ မီးၾသဂႋုဟ္ၿပီးပါၿပီတဲ့ ဘယ္ေန႕ေသလို႔ ဘယ္လိုျဖစ္ရတာလည္း ၊ ဘာေၾကာင့္ ကိုယ္လုံး တစ္ခုလုံး စစ္ေရာင္ ပိတ္စႀကီးပတ္ထားရတာလည္း ဘာဆိုဘာမွ သိခြင့္မရတာလို႔ ၊မိသားစုက ယူက်ဳံမရျဖစ္ရတယ္။လို႔ သူကေျပာပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလကလည္း တရားမဝင္ အဖြဲ႕အစည္းေတြနဲ႕ ပတ္သက္တယ္ဆိုကာ အဖမ္းခံရတဲ့ ဧရာဝတီတိုင္း င႐ုတ္ေကာင္းၿမိဳ႕က အုန္းပင္အငွားတက္ လုပ္ငန္းလုပ္ကိုင္တဲ့ အမ်ိဳးသား ၁ ေယာက္ စစ္ေၾကာေရးမွာ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ၂၀၂၁ခုႏွစ္ ျမန္မာနိုင္ငံမွာ နိုင္ငံေရး ေျပာင္းလဲမႈ ျဖစ္စဥ္ေတြ စတင္ျဖစ္တဲ့အခ်ိန္ကေန ၿပီးခဲ့တဲ့ နိုဝင္ဘာလ အထိ နိုင္ငံတဝွမ္း စစ္ေၾကာေရးမွာ ေသဆုံးရသူ ၁၂၄ ဦးအထိရွိတယ္လို႔ သတင္းမွတ္တမ္းေတြအရသိရပါတယ္။