စစ်ကိုင်း – မုံရွာလမ်းမှာ စစ်အုပ်စုရဲ့ ကွန်တိန်နာကားတွေကို နှစ်ကြိမ်ဆက် မိုင်းဆွဲ၊
MFP ၊ သြဂုတ် – ၂၈
စစ်ကိုင်း – မုံရွာလမ်း၊ မြင်းမူနယ်ထဲမှာ ဒီနေ့ နေ့လည်ပိုင်းက စစ်အုပ်စုရဲ့ ထောက်ပို့ ကွန်တိန်နာကား ခုနှစ်စီးကို နှစ်ကြိမ်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အထိအခိုက် အသေအပျောက် ရှိနိုင်တယ်လို့ Moe Nyo Revolution Force M.N.R.F က သတင်း ထုတ်ပြန်ပါတယ်။
မုံရွာကနေ စစ်ကိုင်းဘက် မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ ကွန်တိန်နာကား ခုနှစ်စီးကို ဒီနေ့ သြဂုတ်(၂၈)ရက် နေ့လည်ပိုင်းမှာ နှစ်ကြိမ်ဆက် မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
“စစ်ဆင်ရေး(၁) ယနေ့ နေ့လည်(၁၂)နာရီ (၅၀)မိနစ်အချိန် မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် အညာအုန်းသီး (၁၀)လုံးဖြင့် နှစ်စီးမြောက်နှင့် သုံးစီးမြောက်အား ဧည့်ခံခဲ့ပါသည်။ စစ်ဆင်ရေး(၂) ယနေ့ နေ့လည် (၁)နာရီအချိန် ကန်ဖျားဇရပ်နှင့် နပဲကြူးဇရပ်ကြားတွင် အညာအုန်းသီး ငါးလုံးဖြင့် လေးစီးမြောက်အား ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
အထက်ပါစစ်ဆင်ရေး နှစ်ခုတွင် ခွေးထောက်ပို့ကား မောင်းသူများ အများအပြား ဒဏ်ရာရရှိနိုင်ပြီး ဆက်လက်စုံစမ်းဆဲ ဖြစ်ပါသည်” လို့ MNRF က ဖော်ပြပါတယ်။
အဲ့ဒီ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM – ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F တို့ ညီနောင်လေးဖွဲ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိဘဲ စစ်ဆင်ရေး အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(veraion)
စစ္ကိုင္း – မုံ႐ြာလမ္းမွာ စစ္အုပ္စုရဲ႕ ကြန္တိန္နာကားေတြကို ႏွစ္ႀကိမ္ဆက္ မိုင္းဆြဲ၊
MFP ၊ ၾသဂုတ္ – ၂၈
စစ္ကိုင္း – မုံ႐ြာလမ္း၊ ျမင္းမူနယ္ထဲမွာ ဒီေန႕ ေန႕လည္ပိုင္းက စစ္အုပ္စုရဲ႕ ေထာက္ပို႔ ကြန္တိန္နာကား ခုႏွစ္စီးကို ႏွစ္ႀကိမ္ဆက္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး အထိအခိုက္ အေသအေပ်ာက္ ရွိနိုင္တယ္လို႔ Moe Nyo Revolution Force M.N.R.F က သတင္း ထုတ္ျပန္ပါတယ္။
မုံ႐ြာကေန စစ္ကိုင္းဘက္ ေမာင္းႏွင္လာတဲ့ စစ္အုပ္စုရဲ႕ ေထာက္ပို႔ ကြန္တိန္နာကား ခုႏွစ္စီးကို ဒီေန႕ ၾသဂုတ္(၂၈)ရက္ ေန႕လည္ပိုင္းမွာ ႏွစ္ႀကိမ္ဆက္ မိုင္းဆြဲခဲ့တာလို႔ ဆိုပါတယ္။
စစ္ဆင္ေရး(၁) ယေန႕ ေန႕လည္(၁၂)နာရီ (၅၀)မိနစ္အခ်ိန္ ျမင္းမူၿမိဳ႕နယ္ ထီးေဆာင္းႏွင့္ ကန္ဖ်ားဇရပ္ၾကားတြင္ အညာအုန္းသီး (၁၀)လုံးျဖင့္ ႏွစ္စီးေျမာက္ႏွင့္ သုံးစီးေျမာက္အား ဧည့္ခံခဲ့ပါသည္။ စစ္ဆင္ေရး(၂) ယေန႕ ေန႕လည္ (၁)နာရီအခ်ိန္ ကန္ဖ်ားဇရပ္ႏွင့္ နပဲၾကဴးဇရပ္ၾကားတြင္ အညာအုန္းသီး ငါးလုံးျဖင့္ ေလးစီးေျမာက္အား ဧည့္ခံ ေကြၽးေမြးခဲ့ပါသည္။
အထက္ပါစစ္ဆင္ေရး ႏွစ္ခုတြင္ ေခြးေထာက္ပို႔ကား ေမာင္းသူမ်ား အမ်ားအျပား ဒဏ္ရာရရွိနိုင္ၿပီး ဆက္လက္စုံစမ္းဆဲ ျဖစ္ပါသည္ လို႔ MNRF က ေဖာ္ျပပါတယ္။
အဲ့ဒီ စစ္ဆင္ေရးကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM – ငါးေထာင့္ၾကယ္၊ Peoples Guerillas Commando Myinmu ႏွင့္ PEOPLE REVOLUTION FORCE P.R.F တို႔ ညီေနာင္ေလးဖြဲ ပူးေပါင္းေဆာင္႐ြက္ခဲ့တာ ျဖစ္ၿပီး ေတာ္လွန္ေရးရဲေဘာ္ေတြ အထိခိုက္မရွိဘဲ စစ္ဆင္ေရး ေအာင္ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။