“မသောက်မိသောမိုးခါးရေ” အား လက်မှတ် ၁ စောင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် မကြာမီကြည့်ရှုနိုင်မည်
ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ” မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုလိုသူများအတွက် လက်မှတ် ၁ စောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
” လက်မှတ်တွေကို မသောက်မိသောမိုးခါးရေ Facebook page မှာ ဝယ်လို့ရသလို၊ နိုင်ငံအလိုက် FR များ ထံတွင် ဝယ်ယူနိုင်ပါတယ် ” ဟု မိုးခါးရေပြသရေးကော်မတီက ဆိုသည်။
မြန်မာနိုင်ငံသားများအတွက် ယင်းရုပ်ရှင်လက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၁၀,၀၀၀ ကျသင့်မှာ ဖြစ်ပြီး၊ နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်းများ ကွာခြားမည်ဖြစ်သည်။
အွန်လိုင်းမှ ရုပ်ရှင်ကိုကြည့်ရှုရာတွင် မိမိဝယ်ယူထားသည့်လက်မှတ်ပေါ်မှ QR code ကို ဖတ်ကာ Website ကို ဖွင့်ရမည်ဖြစ်သည်။
ယင်းနောက် ရုပ်ရှင်ကြည့်ရှူရန် လင့်ခ် သုံးခုပေါ်လာမည်ဖြစ်ပြီး၊ ယင်းတို့အနက် နှစ်သက်ရာ လင့်ခ်တခုကိုနှိပ်၍ ဝင်ရောက်နိုင်ပြီး Password တောင်းသည့်အခါ Ticket Number နောက်ဆုံး ၆ လုံး ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
” ဒီဇင်ဘာ ၂၅ ရက် မနက်၆ နာရီမှစကာ ၄၈ နာရီအတွင်း ကြည့်လို့ရမှာဖြစ်ပြီး သတ်မှတ်ချိန်လွန်တာနဲ့ သူ့အလိုအလျှောက်စနစ်ဖြင့် ပိတ်သွားမှာဖြစ်တယ်” ဟု ယင်းကော်မတီက ဆိုသည်။
ယင်းရုပ်ရှင်ဇာတ်လမ်းတိုကို ရိုက်ကူးရသည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအနှံ့အပြားမှ CDM ဝန်ထမ်းများကို လေးစားသည့်အနေဖြင့်လည်းကောင်း၊ အထူးသဖြင့် ပြည်သူများ၏ရင်ခွင်ကို ခိုလှုံပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် CDM စစ်သည်များနှင့် မိသားစုများကို ဂုဏ်ပြုသည့်အနေဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဒါရိုက်တာကိုပေါက်က ပြောကြားခဲ့သည်။
(“မသောက်မိသော မိုးခါးရေ “ page တွင်ဝင်ဝယ်ရန် လင့် )👇👇👇
https://www.facebook.com/mohkhayay?mibextid=LQQJ4d
ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ”မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုကို အောက်တိုဘာလ ၂ ရက်မှ စတင်၍ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြသခဲ့ပြီး၊ ယင်းမြို့တွင်ရှိသည့် မြန်မာပြည်သူပြည်သားများက ရုံပြည့်ရုံလျှံ အားပေးခဲ့ကြသည်။
ထို့နောက်တွင် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ နယ်သာလန်၊ ကိုးရီယား၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ ၊ ဂျမေကာ၊ ကနေဒါ အစရှိသောနိုင်ငံပေါင်း ၂၀ ကျော်၏ မြို့ကြီး (၅၀) တွင် ဆက်လက် ပြသနိုင်ခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။
အဆိုပါ ရုပ်ရှင်ပြသရေးမှ ရရှိလာသော ရန်ပုံငွေများကို ဒါရိုက်တာကိုပေါက်နှင့် မိုးခါးရေပြသရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံထားခြင်းမျိုးမရှိဘဲ၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာဌာနများသို့ အပ်နှံခဲ့ကြောင်းနှင့် ရန်ပုံငွေထဲမှ ပထမအကြိမ် ကျပ်သိန်း ၄၆၀၀ အား မြေပြင်အဖွဲ့ အစည်းအချို့သို့ ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
Zawgyi