နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်း ဗုံးကြဲခံရ

နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်း ဗုံးကြဲခံရ
****************************

နိုင်ဒါင်း

ဒီဇင်ဘာ ၁၂၊ ၂၀၂၂။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လေယာဉ်ဖြင့် မှားယွင်း ဗုံးကြဲခံခဲ့ရသည်ဟု မြေပြင်သတင်းအရင်းအမြစ်က သံလွင်ခက်သတင်းဌာနကို ပြောသည်။

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက ရေပုံးကျေးရွာအနီးသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ” မနေ့ညက ဂျက်တိုက်လေယာဉ် တစ်စီးကနေပြီးတော့ ၅၀၀ mm ဗုံးနဲ့ ပစ်တာ။ နှစ်လုံးက ရေပုံးရွာနားကျပြီး သူ့လူ(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၂၈ ယောက်သေသွားတယ် ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လေယာဉ်ဖြင့် မှားယွင်းစွာ ဗုံးကြဲမှုကြောင့် တပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးခဲ့သည်ဟုဆိုသော်လည်း သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်စပြီး စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ ကုန်းသာတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း နေ့လည် ၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်(၃၀) ထက်မနည်း တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကုန်းသာကျေးရွာအပါအဝင် ဟူမန်း၊ ဆာမ်ငါမ်၊ မန်လုံးနှင့် ပိန်းလုံစသည့် ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်သည် နမ့်ဆန်မြို့ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပုံစာ – စစ်ကောင်စီတပ်က ကုန်းသာကျေးရွာအနီးကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့် မြင်ကွင်း။

ဓာတ်ပုံ – TNLA

Zawgyi(version)

နမ့္ဆန္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အခ်င္းခ်င္း မွားယြင္း ဗုံးၾကဲခံရ
****************************

နိုင္ဒါင္း

ဒီဇင္ဘာ ၁၂၊ ၂၀၂၂။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တအာင္း(ပေလာင္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အခ်င္းခ်င္း ေလယာဥ္ျဖင့္ မွားယြင္း ဗုံးၾကဲခံခဲ့ရသည္ဟု ေျမျပင္သတင္းအရင္းအျမစ္က သံလြင္ခက္သတင္းဌာနကို ေျပာသည္။

ယမန္ေန႔ည ၉ နာရီဝန္းက်င္တြင္ စစ္ေကာင္စီက ေရပုံးေက်းရြာအနီးသို႔ ေလယာဥ္ျဖင့္ လာေရာက္ ဗုံးၾကဲခဲ့ရာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးခဲ့ျခင္းျဖစ္သည္။

ေျမျပင္သတင္းအရင္းအျမစ္တစ္ဦးက ” မေန႔ညက ဂ်က္တိုက္ေလယာဥ္ တစ္စီးကေနၿပီးေတာ့ ၅၀၀ mm ဗုံးနဲ႔ ပစ္တာ။ ႏွစ္လုံးက ေရပုံးရြာနားက်ၿပီး သူ႔လူ(စစ္ေကာင္စီတပ္ဖြဲ႕ဝင္) ၂၈ ေယာက္ေသသြားတယ္ ” ဟုဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္အခ်င္းခ်င္း ေလယာဥ္ျဖင့္ မွားယြင္းစြာ ဗုံးၾကဲမႈေၾကာင့္ တပ္ဖြဲ႕ဝင္ ၂၈ ဦးေသဆုံးခဲ့သည္ဟုဆိုေသာ္လည္း သံလြင္ခက္သတင္းဌာနအေနျဖင့္ ဆက္လက္ အတည္ျပဳေနဆဲျဖစ္သည္။

ဒီဇင္ဘာ ၇ ရက္စၿပီး စစ္ေကာင္စီတပ္က တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA ၏ တပ္မဟာ(၂) စစ္ေဒသ၊ နမ့္ဆန္ၿမိဳ႕နယ္ရွိ ကုန္းသာတပ္စခန္းကို စတင္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာမွ တိုက္ပြဲမ်ား ျပင္းထန္ေနျခင္းျဖစ္သည္။

ယေန႔ မနက္ပိုင္းတြင္ တိုက္ပြဲ ၿငိမ္သက္ေနေသာ္လည္း ေန႔လည္ ၂ နာရီေက်ာ္အခ်ိန္တြင္ စစ္ေကာင္စီက ေလယာဥ္ျဖင့္ တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာမ်ားကို ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားထံက သိရသည္။

ထို႔အျပင္ ယမန္ေန႔ ဒီဇင္ဘာ ၁၁ ရက္ ေန႔လည္ ၁နာရီဝန္းက်င္ကစၿပီး စစ္ေကာင္စီက ေလေၾကာင္းျဖင့္ အႀကိမ္(၃၀) ထက္မနည္း တိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ေနဆဲျဖစ္သည္ဟု TNLA က ထုတ္ျပန္ထားသည္။

အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ကုန္းသာေက်းရြာအပါအဝင္ ဟူမန္း၊ ဆာမ္ငါမ္၊ မန္လုံးႏွင့္ ပိန္းလုံစသည့္ ေက်းရြာမ်ားမွ ေဒသခံတစ္ေထာင္ေက်ာ္သည္ နမ့္ဆန္ၿမိဳ႕ရွိ ဇယန္းႀကီး ဘုန္းႀကီးေက်ာင္းႏွင့္ နီးစပ္ရာ ေက်းရြာမ်ားတြင္ ထြက္ေျပး တိမ္းေရွာင္ေနၾကရသည္။

ပုံစာ – စစ္ေကာင္စီတပ္က ကုန္းသာေက်းရြာအနီးကို ေလေၾကာင္းျဖင့္ တိုက္ခိုက္ခဲ့သည့္ ျမင္ကြင္း။

ဓာတ္ပုံ – TNLA