အိမ်ခြေ ၈၀၀ ခန့်ရှိသည့် မောက်ရွာ တွင် စစ်ကောင်စီတပ် များ ရွာသား (၂)ဦးအား…see more
အိမ်ခြေ ၈၀၀ ခန့်ရှိသည့် မောက်ရွာ တွင် စစ်ကောင်စီတပ် များ ရွာသား (၂)ဦးအား သတ်ဖြတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး
၂၈၊ သြဂုတ် ၊၂၀၂၂-ချင်းတွင်းရိုးမ
မောက်ရွာအတွင်းမှ စစ်ကောင်စီတပ်သည် ယနေ့ ဩဂုတ် ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထွက်ခွာသွားသောကြောင့် နယ်မြေရှင်းလင်းရေးဒေသခံအဖွဲ့အစည်းများ နှင့် YDF တပ်ရင်း (၁/၂/၃/၄) တို့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအတွင်း မောက်ရွာသား ၂ ဦး အသတ်ခံထားရကာ နေအိမ် ၂၄ လုံး၊ နှမ်းတင်းရေ ၃၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံရသည်ကို တွေ့ရှိခဲ့သည်ဟုသိရသည်။အဆိုပါ
မောက်ရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသည့်ရွာကြီးတရွာလည်းဖြစ်သည်။
လတ်တလောအ​ခြေအနေမှာ စစ်ကောင်စီနှင့် ဒေသခံ PDF များ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေပြီး စစ်ရေးတင်းမာနေတဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာနိုင်တယ်လို့လည်း YDF တပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားပါသည်။
ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် လက်ပန်ရွာနှင့် မောက်ရွာအပါအဝင် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
Crd -ယောကာကွယ်ရေးတပ် – YDF
Zawgyi(version)