NUG သည် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်သည်ဟု ဥရောပပါလီမန် ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဥရောပပါလီမန် ကြေညာ

ဒီဇင်ဘာ ၁၀ ၊ ၂၀၂၂

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကို ဥရောပပါလီမန်က တရားဝင်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုလိုက်ပြီဖြစ်တယ်လို့ ဥရောပပါလီမန်က ကြေညာပါတယ်။

“မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဥရောပပါလီမန်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၏ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါသည်။” ဆိုပြီး ဥရောပပါလီမန်က သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဥရောပပါလီမန် ဒုတိယဥက္ကဌ Heidi Hautala နဲ့တွေ့ဆုံခဲ့ပြီး မစ္စ Heidi Hautala ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဥရောပပါလီမန်အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဥရောပပါလီမန်မှာ ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများစွာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအလေးမထားတာကြောင့် ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရသည်သာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာသိရှိထားဖို့၊ ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေပိုပြီးလုပ်ကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေကနေ တဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

SpringRevolution

Zawgyi(version)

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ျမန္မာနိုင္ငံရဲ႕ တရားဝင္အစိုးရျဖစ္တယ္လို႔ ဥေရာပပါလီမန္ ေၾကညာ

ဒီဇင္ဘာ ၁၀ ၊ ၂၀၂၂

ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ အမ်ိဴးသားညီၫြတ္ေရးအစိုးရ(NUG) ရဲ႕ လူ႕အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေအာင္မ်ိဳးမင္းကို ဥေရာပပါလီမန္က တရားဝင္ကိုယ္စားလွယ္အျဖစ္အသိအမွတ္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ဥေရာပပါလီမန္က ေၾကညာပါတယ္။

ျမန္မာနိုင္ငံ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကို ဥေရာပပါလီမန္မွ လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုပါသည္။ ဦးေအာင္မ်ိဳးမင္းသည္ ျမန္မာနိုင္ငံသားမ်ား၏ ဒီမိုကေရစီေတာင္းဆိုမႈမ်ား၏ တရားဝင္ ျပည္သူ႕ကိုယ္စားလွယ္ျဖစ္ပါသည္။ ဆိုၿပီး ဥေရာပပါလီမန္က သူတို႔ရဲ႕ တရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာေရးသားထားပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းဟာ ဥေရာပပါလီမန္ ဒုတိယဥကၠဌ Heidi Hautala နဲ႕ေတြ႕ဆုံခဲ့ၿပီး မစၥ Heidi Hautala ကလည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) သာ ျမန္မာျပည္သူလူထုရဲ႕ ဒီမိုကေရစီနဲ႕ ကိုက္ညီတဲ့ တရားဝင္အစိုးရျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းဟာ ဒီဇင္ဘာ ၈ ရက္နဲ႕ ၉ ရက္ေန႕ေတြမွာ က်င္းပခဲ့တဲ့ ဥေရာပပါလီမန္အစည္းအေဝးမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာ့အေျခအေန ဆိုတဲ့ ေခါင္းစဥ္နဲ႕ ဥေရာပပါလီမန္မွာ ေဆြးႏြေးခဲ့ၿပီး နိုင္ငံတကာအဖြဲ႕အစည္းမ်ားစြာနဲ႕ ေတြ႕ဆုံေဆြးႏြေးမႈေတြျပဳလုပ္ခဲ့ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးက ေဆြးႏြေးမႈေတြအတြင္း အၾကမ္းဖက္စစ္ေကာင္စီဟာ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကိုအေလးမထားတာေၾကာင့္ ပိုၿပီးျပင္းထန္တဲ့အေရးယူမႈေတြျပဳလုပ္ဖို႔၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္သာ တရားဝင္အစိုးရျဖစ္တယ္ဆိုတာသိရွိထားဖို႔၊ ထိေရာက္တဲ့ စီးပြားေရးပိတ္ဆို႔မႈေတြပိုၿပီးလုပ္ၾကဖို႔၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ နဲ႕ ျမန္မာတိုင္းရင္းသားအဖြဲ႕အစည္းေတြကေန တဆင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးအပ္ၾကဖို႔တိုက္တြန္းေဆြးႏြေးခဲ့ပါတယ္။

SpringRevolution