ယင်းမာပင် ကပိုင်ကျေးရွာနှင့်သီးကုန်းရွာတွင် နေအိမ် ၁၀၀ ကျော်ပြာကျ၍ အပြစ်မဲ့ပြည်သူ…see more

ယင်းမာပင် ကပိုင်ကျေးရွာနှင့်သီးကုန်းရွာတွင် နေအိမ် ၁၀၀ ကျော်ပြာကျ၍ အပြစ်မဲ့ပြည်သူ၅ဦးသတ်ဖြတ်ခံရ

သြဂုတ် ၂၂ ၊ ၂၀၂၂ ။


စစ်ကောင်စီတပ်များစစ်ကြောင်းထိုးဝင်ရောက် မွှေနှောက်မီးရှို့ဖျက်ဆီးခဲ့သည့် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနှင့်သီးကုန်းရွာတို့တွင် နေအိမ် ၁၀၀ ကျော်အထိမီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။


အဆိုပါကျေးရွာများသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင်လည်း အပြစ်မဲ့ပြည်သူ၅ ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်ထားခဲ့သည်ကိုတွေ့ရှိရသည်ဟု သိရသည်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှ စစ်ကြောင်း စတင်၍မွှေနှောက်နေခဲ့သော စစ်ကောင်စီတပ် အင်အား၂၀၀ခန့်သည် သြဂုတ်လ ၁၈ရက် ၂၀ရက်နေ့အထိ ကပိုင်ရွာနှင့်သီးကုန်းရွာကို မွှေနှောက် မီးရှို့ဖျက်စီးခဲ့သည်။


စစ်ကောင်စီတပ်များ၏ ၂ ရက်ဆက်မီးရှို့ဖျက် ဆီးမှုကြောင့် ထိုကျေးရွာများမှအိမ်ထောင်စု ၁၂၁စုခန့် မီးလောင်ဆုံးရှူံးခဲ့ကြောင်းသိရပြီး အိမ်ထောင်စု၁စုလျှင် လူနေအိမ်၊မီးဖိုဆောင်နှင့် သီးနှံသိုလှောင်ရုံအပါအဝင် အဆောက်အဦး ၃လုံးအနည်းဆုံး မီးလောင်ပျက်စီးခဲ့​သည်ဟု ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။

ထိုမီးလောင်ဆုံးရှုံးမှုတွင် အပြစ်မဲ့ပြည်သူများ ၏ အိုးအိမ်စည်းစိမ်များ အပါအဝင်အသက် မွေးဝမ်းကျောင်း ပြုရာတွင်အသုံးပြုသော လယ်ယာသုံးစက်ပစ္စည်းများ၊ မီးစက်ရေစက် များပါမီးလောင်ပျက်စီးခဲ့ရသည်ဟု သိရ သည်။


ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုလှည့်လည် ဖျက်ဆီးနေသောစစ်တပ်စစ် ကြောင်းသည် လက်ရှိတွင်ယင်းမာပင်မြို့နယ် သလောက်ကျေးရွာနှင့် ဝန်းကုန်းကျေးရွာအနီးသို့ ရောက်ရှိနေကြောင်းသိရသည်ဟုယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြ ထားသည်။

Zawgyi(version)

ယင္းမာပင္ ကပိုင္ေက်း႐ြာႏွင့္သီးကုန္း႐ြာတြင္ ေနအိမ္ ၁၀၀ ေက်ာ္ျပာက်၍ အျပစ္မဲ့ျပည္သူ၅ဦးသတ္ျဖတ္ခံရ

ၾသဂုတ္ ၂၂ ၊ ၂၀၂၂ ။

စစ္ေကာင္စီတပ္မ်ားစစ္ေၾကာင္းထိုးဝင္ေရာက္ ေမႊႏွောက္မီးရွို႔ဖ်က္ဆီးခဲ့သည့္ ယင္းမာပင္ၿမိဳ႕နယ္ ကပိုင္ေက်း႐ြာႏွင့္သီးကုန္း႐ြာတို႔တြင္ ေနအိမ္ ၁၀၀ ေက်ာ္အထိမီးေလာင္ပ်က္စီးခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါေက်း႐ြာမ်ားသို႔ နယ္ေျမရွင္းလင္းေရးျပဳလုပ္ရာတြင္လည္း အျပစ္မဲ့ျပည္သူ၅ ဦးကို စစ္ေကာင္စီတပ္စစ္ေၾကာင္းက သတ္ျဖတ္ထားခဲ့သည္ကိုေတြ႕ရွိရသည္ဟု သိရသည္။

ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာမွ စစ္ေၾကာင္း စတင္၍ေမႊႏွောက္ေနခဲ့ေသာ စစ္ေကာင္စီတပ္ အင္အား၂၀၀ခန့္သည္ ၾသဂုတ္လ ၁၈ရက္ ၂၀ရက္ေန႕အထိ ကပိုင္႐ြာႏွင့္သီးကုန္း႐ြာကို ေမႊႏွောက္ မီးရွို႔ဖ်က္စီးခဲ့သည္။

စစ္ေကာင္စီတပ္မ်ား၏ ၂ ရက္ဆက္မီးရွို႔ဖ်က္ ဆီးမႈေၾကာင့္ ထိုေက်း႐ြာမ်ားမွအိမ္ေထာင္စု ၁၂၁စုခန့္ မီးေလာင္ဆုံးရႉံးခဲ့ေၾကာင္းသိရၿပီး အိမ္ေထာင္စု၁စုလွ်င္ လူေနအိမ္၊မီးဖိုေဆာင္ႏွင့္ သီးႏွံသိုေလွာင္႐ုံအပါအဝင္ အေဆာက္အဦး ၃လုံးအနည္းဆုံး မီးေလာင္ပ်က္စီးခဲ့သည္ဟု ယင္းမာပင္ၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေဖာ္ျပထားသည္။

ထိုမီးေလာင္ဆုံးရႈံးမႈတြင္ အျပစ္မဲ့ျပည္သူမ်ား ၏ အိုးအိမ္စည္းစိမ္မ်ား အပါအဝင္အသက္ ေမြးဝမ္းေက်ာင္း ျပဳရာတြင္အသုံးျပဳေသာ လယ္ယာသုံးစက္ပစၥည္းမ်ား၊ မီးစက္ေရစက္ မ်ားပါမီးေလာင္ပ်က္စီးခဲ့ရသည္ဟု သိရ သည္။

ယင္းမာပင္ၿမိဳ႕နယ္ႏွင့္ ပုလဲၿမိဳ႕နယ္အတြင္းရွိ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ားကိုလွည့္လည္ ဖ်က္ဆီးေနေသာစစ္တပ္စစ္ ေၾကာင္းသည္ လက္ရွိတြင္ယင္းမာပင္ၿမိဳ႕နယ္ သေလာက္ေက်း႐ြာႏွင့္ ဝန္းကုန္းေက်း႐ြာအနီးသို႔ ေရာက္ရွိေနေၾကာင္းသိရသည္ဟုယင္းမာပင္ၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေဖာ္ျပ ထားသည္။