ရဟတ်ယာဉ်ဖြင့် စစ်ကူဖြည့်ရာတွင် နေရာမှား ချထားပေးမှုကြောင့် စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးခဲ့ဟုဆို

ရဟတ်ယာဉ်ဖြင့် စစ်ကူဖြည့်ရာတွင် နေရာမှား ချထားပေးမှုကြောင့် စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးခဲ့ဟုဆို

CJ Platform

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေး ဒေသသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

နမ့်ဆန် မြို့နယ်အတွင်းရှိ မန်လုံ၊ဟူးမန်း ၊ရဝ်ဘြာန်း(ကုန်းသာ )ကျေးရွာများအနီးကို စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် ၆ စီးဖြင့်လူချ ပစ်ခတ်ကာ TNLAတပ်စခန်းရှိရာကို စစ်ကြောင်းထိုးတိုက်ခိုက်နေတာပဲ ဖြစ်သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲအတွင်း လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြုတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏ မန်တုံ အခြေစိုက် ခလရ ၁၃၀ စခန်းကုန်း မှပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ကုန်းသာကျေးရွာရှိ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရဟတ်ယာဉ်၏ စစ်အင်အားနေရာမှားချထားမှုကြောင့် စစ်သား ၂၀ ကျော်ခန့် သေဆုံးကြောင်း သတင်းရင်းမြစ်ကပြောဆိုထားပေမယ့် CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်အတွက် ကြိုးစားနေဆဲဖြစ်သည် ။

“စကစတပ် ရဟတ်ယာဉ်ထဲပါတဲ့လူအင်အား ၂၅ အကုန်သေတယ် မနေ့က နေရာမှားချလို့ ကျနော်တို့ အကုန်ရလိုက်တယ် ကျနော်တို့လူတွေက လေ့ကျင့်ထားတော့ အကုန်လွတ်တယ် ဘေးကင်းတယ်” ဟု စစ်ရေးရင်းမြစ်ကဆိုသည်။

ထို့အပြင့် ယနေ့ မနက်ပိုင်းမှာလည်း ကုန်းသာရွာနှင့် ဟူးမန်းရွာ အကြားကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေကြောင်းလဲ သိရသည်။

တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် လက် ရှိအချိန်အထိတော့ ဆက်သွယ်၍ မရရှိသေးပါဘူး။

🖋️ခေတ်နီ

ရုပ်သံကြည့်ရန်👇👇👇

ခရက်ဒစ်ဗီဒီယို