ပုလောတွင် မြို့တော်ခန်းမအပါဝင် နေရာ ၃ ခုကို တပြိုင်တည်း တိုက်ခိုက်

ပုလောတွင် မြို့တော်ခန်းမအပါဝင် နေရာ ၃ ခုကို တပြိုင်တည်း တိုက်ခိုက်

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ မြို့တော်ခန်းမအပါဝင် နေရာသုံးခုကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း PDF ရဲဘော်များနှင့် မြို့ခံများထံမှ သိရသည်။

အဆိုပါနေရာသုံးခုကို တပြိုင်နက်တည်းဝင်ရောက်ပစ်ခတ်မှုသည် မြို့ပေါ်စစ်ရေးအရှိန် မြှင့်တင်ရန် သွား ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PDF ရဲဘော်များထံမှ သိရသည်။

မြိတ်ခရိုင် တပ်ရင်း(၁)၏ ပြန်ကြားရေးတာဝန်ခံက “ဒီနေ့မနက်က ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တပြိုင်တည်းသွားရောက်ပစ်ခတ်ခဲ့တာပါ။ စစ်တပ်ကလုံခြုံရေးယူထားတဲ့ မြို့လယ်ခေါင်က မြို့တော်ခန်းမကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။

ပုလောမြို့တော်ခန်းမအပါဝင် စစ်ကောင်စီတပ်ဖွဲ့၏(၂၈၅)တပ်ရင်းနှင့် လက္ကူးကျေးရွာတို့တွင် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း PDF ရဲဘော်များထံမှ သိရ သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ချိန်တွင် မြို့တော်ခန်းမရှိ စစ်ကောင်စီတပ်သား များပုန်းအောင်းနေကြောင်းသိရပြီး (၂၈၅) တပ်ကို မိုင်းနှစ်လုံးဖြင့်ပစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် လက္ကူးကျေးရွာ မှ အရပ်သားသုံးဦး ထိခိုက်ခဲ့ကြောင်းလည်း သိရသည်။

“အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရပါတယ်။ စစ်တပ်က ပစ်လို့ပါ။ PDF တွေကတော့ စစ်တပ်တွေရှိတဲ့ နေရာကို ၁၀ မိနစ်လောက် ပစ်ခတ်ပြီး ပြန်ဆုတ်သွားတယ်”ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ပုလောမြို့နယ်ရှိ မြို့အဝင်/ထွက် ဂိတ်များကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပုလောမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ထဲတွင် လမ်းသွားလမ်းလာ မရှိဘဲ ငြိမ်သက်နေကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ပုလောမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဆိုင်ကယ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

Zawgyi(version)

ပုေလာတြင္ ၿမိဳ႕ေတာ္ခန္းမအပါဝင္ ေနရာ ၃ ခုကို တၿပိဳင္တည္း တိုက္ခိုက္

မဇၩိမ ။ ။တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္ရွိ ၿမိဳ႕ေတာ္ခန္းမအပါဝင္ ေနရာသုံးခုကို ဒီဇင္ဘာလ ၈ ရက္ေန႔ နံနက္ပိုင္းက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွပစ္ခတ္မႈျပဳလုပ္ခဲ့ေၾကာင္း PDF ရဲေဘာ္မ်ားႏွင့္ ၿမိဳ႕ခံမ်ားထံမွ သိရသည္။

အဆိုပါေနရာသုံးခုကို တၿပိဳင္နက္တည္းဝင္ေရာက္ပစ္ခတ္မႈသည္ ၿမိဳ႕ေပၚစစ္ေရးအရွိန္ ျမႇင့္တင္ရန္ သြား ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု PDF ရဲေဘာ္မ်ားထံမွ သိရသည္။

ၿမိတ္ခရိုင္ တပ္ရင္း(၁)၏ ျပန္ၾကားေရးတာဝန္ခံက “ဒီေန႔မနက္က ကၽြန္ေတာ္တို႔ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြက တၿပိဳင္တည္းသြားေရာက္ပစ္ခတ္ခဲ့တာပါ။ စစ္တပ္ကလုံျခဳံေရးယူထားတဲ့ ၿမိဳ႕လယ္ေခါင္က ၿမိဳ႕ေတာ္ခန္းမကို ဝင္ေရာက္ပစ္ခတ္ခဲ့တာျဖစ္ပါတယ္”ဟု ေျပာသည္။

ပုေလာၿမိဳ႕ေတာ္ခန္းမအပါဝင္ စစ္ေကာင္စီတပ္ဖြဲ႕၏(၂၈၅)တပ္ရင္းႏွင့္ လကၠဴးေက်းရြာတို႔တြင္ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားခ်ိန္တြင္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း PDF ရဲေဘာ္မ်ားထံမွ သိရ သည္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ပစ္ခတ္ခ်ိန္တြင္ ၿမိဳ႕ေတာ္ခန္းမရွိ စစ္ေကာင္စီတပ္သား မ်ားပုန္းေအာင္းေနေၾကာင္းသိရၿပီး (၂၈၅) တပ္ကို မိုင္းႏွစ္လုံးျဖင့္ပစ္ခဲ့ေၾကာင္း သိရသည္။

တိုက္ပြဲျဖစ္ပြားခ်ိန္တြင္ စစ္ေကာင္စီတပ္က လက္နက္ႀကီးျဖင့္ျပန္လည္ပစ္ခတ္မႈေၾကာင့္ လကၠဴးေက်းရြာ မွ အရပ္သားသုံးဦး ထိခိုက္ခဲ့ေၾကာင္းလည္း သိရသည္။

“အရပ္သားသုံးဦး ထိခိုက္ဒဏ္ရာရပါတယ္။ စစ္တပ္က ပစ္လို႔ပါ။ PDF ေတြကေတာ့ စစ္တပ္ေတြရွိတဲ့ ေနရာကို ၁၀ မိနစ္ေလာက္ ပစ္ခတ္ၿပီး ျပန္ဆုတ္သြားတယ္”ဟု ပုေလာေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ ပုေလာၿမိဳ႕နယ္ရွိ ၿမိဳ႕အဝင္/ထြက္ ဂိတ္မ်ားကို စစ္ေကာင္စီလုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုက္လံစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ပုေလာၿမိဳ႕ေပၚတြင္ ယေန႔နံနက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ၿမိဳ႕ထဲတြင္ လမ္းသြားလမ္းလာ မရွိဘဲ ၿငိမ္သက္ေနေၾကာင္း သိရသည္။
ဒီဇင္ဘာလ ၇ ရက္ေန႔ကလည္း ပုေလာၿမိဳ႕ေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္တြင္ လုံျခဳံေရးခ်ထားသည့္ စစ္ေကာင္စီတပ္သားမ်ားကို ျပည္သူ႔ကာကြယ္ေရးတပ္သားမ်ားက ဆိုင္ကယ္ျဖင့္ သြားေရာက္ပစ္ခတ္ခဲ့ ေသးေၾကာင္း သိရသည္။

ရုပ်သံကြည့်ရန်👇👇👇

ခရက်ဒစ်ဗီဒီယို